ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၅ စာ. ၃
  • သင့်အချိန်ကို ကောင်းစွာအသုံးပြု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အချိန်ကို ကောင်းစွာအသုံးပြု
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အချိန်ကို တန်ဖိုးရှိစေလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အခွင့်သာသောအချိန်ကို ဝယ်ယူနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • သင့်ဓမ္မအမှုတွင် ထိရောက်မှုရှိလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၆/၉၅ စာ. ၃

သင့်အချိန်ကို ကောင်းစွာအသုံးပြု

၁ ယေဟောဝါသည် အချိန်ကိုလေးစားသည်။ ကျွန်ုပ်တို့အားလည်း အချိန်ကို ဂရုစိုက်စေလိုတော်မူ၏။ ကိုယ်တော်သည် အဖွဲ့အစည်းအားဖြင့် အချိန်ကို ကျွန်ုပ်တို့ဂရုစိုက်ဖို့ကူညီပေးသည်။ “သခင်ဘုရား၏အမှုတော်၌ လုပ်ကိုင်စရာများစွာ” အမြဲရှိနေရန် ကျွန်ုပ်တို့ကိုတိုက်တွန်းထားသည်။ (၁ ကော. ၁၅:၅၈၊ ကဘ) ဤနည်းဖြင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့ပိုမိုထိရောက်နိုင်မည်။

၂ ကျွန်ုပ်တို့တစ်ဦးစီ၌ ပတ်စဉ်အချိန်—၁၆၈ နာရီစီ—ရှိကြသည်။ ထိုအချိန်ကို မည်မျှကောင်းစွာအသုံးပြုသနည်း။ ယေဟောဝါ၏ရှုမြင်ချက်တွင် အဘယ်အချိန်ဖြစ်နေတော်မူကြောင်းကို ကျွန်ုပ်တို့အမှန်သိရှိသည်ဟု တင်ပြနေပါသလော။ အရေးမကြီးသောလုပ်ငန်းဆောင်တာများနှင့် ကျွန်ုပ်တို့အလုပ်များနေပြီး အာရုံလွင့်ပါးနေသလော။

၃ ကျွန်ုပ်တို့သည် စည်းစနစ်ကျနဖို့အရေးကြီးသည်။ များစွာသောသူတို့သည် ဦးစားထားရာစာရင်းတစ်ခုကို ကြိုးစားရေးဆွဲထားကြသည်။ တစ်ခုစီ အရေးကြီးသည့်အလျောက် အစဉ်လိုက် စာရင်းရေးချထားကြ၏။ ယင်းကို မည်သို့သတ်မှတ်နိုင်မည်နည်း။ လူတစ်ဦးသည် “မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့” သင့်သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (ဒေ. ၃:၁၃) လုပ်ငန်းအချို့သည် အခြားလုပ်ငန်းများထက် ပိုအကျိုးဖြစ်ထွန်းသည်။ တစ်ခုစီမှ ဖြစ်ထွန်းသောအကျိုးကျေးဇူးများကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ လုပ်ငန်းတစ်ခုကို ပြီးစီးသည့်အခါ ထူးခြားသောအကျိုးများ ဖြစ်ပေါ်လာပါသလော။ သင့်ကြိုးစားအားထုတ်မှုသည် သင့်အား “ပျော်မွေ့” စရာဖြစ်စေမည်လော။ ထိုသို့မဟုတ်လျှင် ယင်းသည် အရေးပါသောလုပ်ငန်းဖြစ်ချင်မှဖြစ်မည်။

၄ ကျွန်ုပ်တို့၏ဓမ္မအမှုတွင်– လုပ်ငန်းတော်အတွက်အစည်းအဝေးများသို့ အခြားသူတို့သည် အချိန်မီရောက်ရှိလာခြင်းကို ကျွန်ုပ်တို့တန်ဖိုးထားပါသည်။ ညွှန်ကြားချက်များကို ဂရုစိုက်နားထောင်ပါ။ ရပ်ကွက်သို့ ချက်ချင်းထွက်ခွာပါ။ စောင့်လင့်နေမည့်အစား ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့အလုပ်များနေလိုကြသည်။ ပေါလုက “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့” ဟုရေးသားရာတွင် အစီအစဉ်ကောင်းမွန်မှုကို သူအလေးပေးကြောင်း ထင်ရှားသည်။—၁ ကော. ၁၄:၄၀။

၅ လယ်ကွင်းလုပ်ငန်း၌ ကျွန်ုပ်တို့ပါဝင်ရာတွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအားဖြင့် တန်ဖိုးရှိအချိန်များစွာကုန်နိုင်သည်။ သို့ရာတွင် ရာသီဥတုအခြေအနေ ဆိုးရွားသည့်အခါ ခေတ္တရပ်နားလိုက်ခြင်းက အားသစ်အင်သစ်ဖြည့်ပေးပြီး ဆက်အမှုဆောင်နိုင်သည်။ သို့သော် များစွာသောသူတို့က ဓမ္မအမှုဆောင်ရွက်ချိန်တွင် လက်ဖက်ရည်ဆိုင်ထိုင်၍ ညီအစ်ကိုများနှင့် ပေါင်းသင်းနေမည့်အစား ဆက်လက်သက်သေခံနေလိုကြသည်။ မျှတသောအမြင်ရှိရန် လိုအပ်သည်။

၆ “တောငန်းသော်လည်း” ရွှေ့ပြောင်းရန် “မိမိအချိန်ကို သိတတ်၏။” ပုရွက်ဆိတ်သည် ဆောင်းတွင်းအတွက် အသင့်ရှိရန် “နွေကာလ . . . ၌မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏” ဟုကျမ်းစာကဆိုသည်။ (ယေ. ၈:၇; သု. ၆:၆-၈) ယင်းကား အချိန်ကိုကောင်းစွာအသုံးပြုခြင်း၏ လျှို့ဝှက်ချက်ဖြစ်သည်။ ကျွန်ုပ်တို့လည်း ‘မိမိတို့အချိန်ကိုသိ’ ရမည်။ ကျွန်ုပ်တို့သည် စည်းမျဉ်းကြပ်မတ်လွန်းသူမဖြစ်ဘဲ အချိန်ကိုဂရုစိုက်နေသင့်သည်။ အဘယ်အမှုကိုပြုလုပ်ရန်လိုကြောင်း သိထားရုံမက ယင်းကို အဘယ်အချိန်တွင် ပြုလုပ်သင့်ကြောင်းလည်း သိထားဖို့လိုသည်။ နောက်ကျစေနိုင်သည့် အခြေအနေများကို ထည့်တွက်ပြီး အသင့်ရှိရန် ကြိုတင်စဉ်းစားစီစဉ်ထားသည့် အကျင့်ရှိထားသင့်သည်။ စည်းဝေးများအတွက်၊ လယ်ကွင်းဓမ္မအမှုအတွက်၊ အခြားသီအိုကရက်တစ်လုပ်ငန်းများအတွက် ပြင်ဆင်ခြင်း အစရှိသည့် သာ၍အရေးကြီးသောအရာများအတွက် အချိန်ပေးနိုင်ရန် အခြားလုပ်ငန်းအချို့၌ပါဝင်ချိန်ကိုလျှော့လိုက်ဖို့ စိတ်ဆန္ဒအမြဲရှိသင့်သည်။

၇ ကျွန်ုပ်တို့သည် “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏” ဟု ကျွန်ုပ်တို့အား သွန်သင်ပေးတော်မူသော ကောင်းကင်ခမည်းတော်၊ ယေဟောဝါဘုရားသခင်နှင့် တူလိုကြသည်။ (ဒေ. ၃:၁) ကျွန်ုပ်တို့၏အချိန်ကို ကောင်းစွာအသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည် ‘ကျွန်ုပ်တို့၏ဓမ္မအမှုကို အပြည့်အဝကျေပွန်’ နိုင်မည်ဖြစ်သည်။—၂ တိ. ၄:၅၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ