ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၆ စာ. ၁
  • အခွင့်သာသောအချိန်ကို ဝယ်ယူနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခွင့်သာသောအချိန်ကို ဝယ်ယူနည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖတ်ရှုလေ့လာမှုအတွက် အချိန်ဝယ်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • သင်၏အချိန်အသုံးပြုပုံကို စေ့စေ့သတိပြုလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • သင်၏အချိန်ကို ပညာရှိရှိအသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ယေဟောဝါ၏လုပ်ငန်းတော်ကိုဗဟိုပြု၍ သင့်အသက်တာကို တည်ဆောက်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၁၀/၉၆ စာ. ၁

အခွင့်သာသောအချိန်ကို ဝယ်ယူနည်း

၁ ယေဟောဝါ၏လုပ်ငန်းတော်တွင် လုပ်စရာများစွာရှိနေခြင်းက ကျွန်ုပ်တို့အားအလုပ်များစေပါသည်တကား! (၁ ကော. ၁၅:၅၈) ကိုယ်ပိုင်နှင့် မိသားစုလိုက်လေ့လာရန်၊ နေ့တိုင်းကျမ်းစာဖတ်ရှုရန်၊ စည်းဝေးများအတွက် ပြင်ဆင်ပြီး တက်ရောက်ရန်၊ လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ရန်လိုကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုကြသည်။ ကြီးကြပ်မှူးများတွင် သိုးထိန်းခြင်းတာဝန်ရရှိထားပြီး အခြားအသင်းတော်တာဝန်များကိုလည်း ကြည့်ရှုကြရသည်။ အချို့တို့တွင် လေးလံသောမိသားစုတာဝန်များ သို့မဟုတ် အခြားသူများအတွက် တာဝန်အမျိုးမျိုးရှိနေသည်။ အရာရာကို ကောင်းမွန်စွာလုပ်ဆောင်ရန် တစ်ဦးစီတွင် မျှတမှုနှင့် ဖွဲ့စည်းစီစဉ်မှုကောင်း ရှိရန်လိုသည်။

၂ ဦးစားထားရာများကိုသတ်မှတ်ပါ– ‘ကျွန်ုပ်တို့အတွက် အခွင့်သာသောအချိန်ကို ဝယ်ယူ’ ရာတွင် အောင်မြင်ခြင်းသည် ကျွန်ုပ်တို့၏ပိုင်းခြားနိုင်စွမ်းနှင့် ကောင်းစွာချင့်ချိန်နိုင်စွမ်းအပေါ် မူတည်သည်။ (ဧ. ၅:၁၅၊ ၁၆၊ ကဘ) မည်သည်တို့သည် “သာ၌အရေးကြီးသောအရာများ” ဖြစ်သည်နှင့် ယင်းတို့ကို ဦးစားပေးရမည့်စာရင်းတွင် ထိပ်ဆုံးမှထားရန် ဆုံးဖြတ်ရမည်။ (ဖိ. ၁:၁၀) ဇနီးမောင်နှံတစ်စုံက သူတို့၏အိမ်ထောင်နှင့်ပတ်သက်ပြီး ဤသို့ဆိုသည်– “ကျွန်တော်တို့ သမ္မာတရားနဲ့ပဲ အလုပ်များနေကြတယ် . . . သမ္မာတရားက ကျွန်တော်တို့ဘဝရဲ့ ကဏ္ဍတစ်ရပ်မဟုတ်ဘဲ ကျွန်တော်တို့ဘဝအသက်တာဖြစ်ပါတယ်။ အခြားကိစ္စအားလုံး အဲ့ဒါနဲ့ပဲပတ်သက်တယ်။” လူတစ်ဦး၏ဘဝတွင် ယေဟောဝါ၏ဝတ်ပြုရေးနှင့် လုပ်ငန်းတော်ကို ဦးထိပ်ထားခြင်းသည် အဓိကဖြစ်သည်။

၃ အချိန်ဖြုန်းတီးရာများကိုခွဲခြားသိမြင်ပါ– တစ်ပတ်လျှင် ၁၆၈ နာရီရှိပြီး ရသည့်အချိန်ကို ပညာရှိရှိ အသုံးပြုရန်လိုသည်။ သီအိုကရက်တစ် လုပ်ဆောင်မှုများအတွက် အချိန်အလုံအလောက်ရရှိရန် အချိန်ဖြုန်းတီးရာများကို ခွဲခြားသိမြင်ပြီး လျှော့ပစ်ရန်လိုသည်။ လေ့လာမှုတစ်ခုက အမေရိကန်ရှိ သာမန်လူကြီးများသည် တစ်ပတ်လျှင်နာရီ ၃၀ ထက်မက တီဗွီကြည့်ခြင်းဖြင့် အချိန်ကုန်ကြသည်ဟု ဖော်ပြထားပါသည်တကား! အခြားသူများသည် အချိန်များစွာကို လောကစာပေများဖတ်ခြင်းဖြင့် အချိန်ဖြုန်းကြသည်။ အချို့တို့သည် လူမှုရေးလုပ်ငန်းများ၊ ဝါသနာပါရာများ၊ အပန်းဖြေမှု သို့မဟုတ် ကွန်ပျူတာလုပ်ဆောင်မှုအချို့တို့တွင် အချိန်မြောက်မြားစွာမြှုပ်နှံထားသည်ကို သတိပြုမိပေမည်။ ကျွန်ုပ်တို့၏အချိန်ကို သာ၍ကောင်းသောနည်းဖြင့် အသုံးပြုနိုင်ပုံကို သိမြင်ရန် နေ့စဉ်လုပ်ငန်းဆောင်တာကို ဆန်းစစ်ရန်လိုပေမည်။ အရေးမကြီးသည့်လုပ်ရပ်များအတွက် အသုံးပြုသောအချိန်များ​ကိုကန့်​သတ်ပေးရန် ဉာဏ်ပညာကတောင်းဆိုပါသည်။

၄ လုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုကို တိုးတက်စေပါ– ကျွန်ုပ်တို့တစ်ဦးစီ၏အခြေအနေ မည်သို့ပင်ရှိစေကာမူ တစ်ဦးစီ ဝိညာဉ်ရေးရာများအတွက် အချိန်ဝယ်ယူနိုင်သည်။ အချို့တို့သည် နေ့စဉ်အနည်းငယ်စော၍ အစပြုလုပ်ဆောင်ခြင်းက ပို၍ပြီးမြောက်ရန် အကူအညီဖြစ်စေကြောင်းတွေ့ရှိခဲ့သည်။ ကျွန်ုပ်တို့သည် အလုပ်အသွားအပြန် သို့မဟုတ် အခြားသူများကို စောင့်နေရခြင်းအတွက် အချိန်များစွာသုံးရပါက ထိုအချိန်အချို့ကို ကျမ်းစာဖတ်ရှုခြင်း၊ စည်းဝေးအတွက်ပြင်ဆင်ခြင်း သို့မဟုတ် အသင်းမကက်ဆက်ခွေ နားထောင်ခြင်းတို့အတွက် သုံးနိုင်သည်။ အတူတကွလေ့လာရန် တိကျသောအချိန်ကို ပုံမှန်သတ်မှတ်ထားခြင်းဖြင့် မိသားစုများ အကျိုးများစွာခံစားရသည်။ မိသားစုမှတစ်ဦးစီသည် မိသားစုသင်အံမှုကို အချိန်မီရောက်ရှိပါက အချိန်ဖြုန်းတီးရာမရောက်ဘဲယောက်တိုင်းကိုအကျိုးရှိစေသည်။

၅ နေ့ရက်များကုန်ဆုံးလာသည်နှင့်အမျှ “ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်သည်” ကိုကျွန်ုပ်တို့ ပို၍သိလာသင့်သည်။ (၁ ကော. ၇:၂၉) ကျွန်ုပ်တို့၏အသက်တာသည် ကျန်ကြွင်းသည့်တန်ဖိုးရှိအချိန်ကို မည်သို့အသုံးပြုပုံပေါ်မူတည်နေသည်။ နိုင်ငံတော်ရေးရာများကို ဆက်ရှေးဦးထားနိုင်ရန် အခွင့်သာသောအချိန်ကိုဝယ်ယူပါက ကျွန်ုပ်တို့ကောင်းချီးခံစားရမည်ဖြစ်သည်။—မ. ၆:၃၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ