စစ်မှန်သောပျော်ရွှင်မှုအတွက် သော့ချက်
၁ ယနေ့ ယေဟောဝါ၏လူမျိုးတွင် ကျေနပ်မှုရှိပြီး တည်မြဲသောအိမ်ထောင်ရေးများကို တွေ့ရှိရ၏။ ယင်းသို့ ဖြစ်ရခြင်းမှာ လင်နှင့်မယား နှစ်ဦးစလုံးတို့သည် (၁) အိမ်ထောင်ရေးအစီအစဉ်အပေါ် ဘုရားသခင်၏အမြင်ကို တန်ဖိုးထားခြင်းနှင့် (၂) ကိုယ်တော်၏နှုတ်ကပါဌ်တော်ရှိ ကျင့်ဝတ်မူများနှင့်အညီ ကြိုးစားအသက်ရှင်ကြခြင်းကြောင့်ဖြစ်သည်။ ကျမ်းစာကျင့်ဝတ်မူများကို မလိုက်နာခြင်းက အိမ်ထောင်ရေးတွင် စိတ်ဆင်းရဲမှုဖြစ်ပွားစေသည်။ ဤလောကရှိသူများသည် ယေဟောဝါဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်၏နှုတ်ကပါဌ်တော်ကိုလည်းကောင်း မသိကြချေ။ ယင်းက အိမ်ထောင်ရေးမပြေလည်သူများကို ကျွန်ုပ်တို့ကူညီပေးရန် အခွင့်အရေးဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာအပြင် မိသားစု စာအုပ်ကို ကျွန်ုပ်အသုံးပြုနိုင်သည်။ စိတ်ရင်းမှန်သူများကို ကူညီပေးရန် ဤထက်ကောင်းမွန်သော လက်နက်များ ရှိနိုင်ပါဦးမည်လော။
၂ ဤမေးခွန်းဖြင့် အပြန်အလှန် စတင်စကားပြောဆိုနိုင်ပေမည်–
▪ “လူအတော်များများ အိမ်ထောင်ရေးအဆင်မပြေကြတာ ဘာကြောင့်လို့ထင်သလဲ။ [ဖြေဆိုပါစေ။] အိမ်ထောင်အစီအစဉ်ကို ဘုရားကိုယ်တိုင် စတင်ခဲ့တဲ့အတွက် အောင်မြင်တဲ့အိမ်ထောင်တစ်ခုဖြစ်ဖို့ ဘာလိုတယ်ဆိုတာကို ဘုရားပဲသိမယ်။ ကျမ်းစာကျင့်ဝတ်မူတွေကို မလိုက်နာရင် အိမ်ထောင်မှာ စိတ်ဆင်းရဲရတယ်။ ဒီကိုအဓိက လာရတာကလည်း ဒီစာအုပ်ကိုပြဖို့ပါ။” မိသားစုဘဝ စာအုပ်ကိုပြပါ။ “ဒီစာအုပ်ဟာ ထောင်နဲ့ချီတဲ့လူတွေကို သူတို့အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုပေးခဲ့ပြီလေ။” မာတိကာကိုပြပါ။ “ဒီစာအုပ်ကို ကိုယ့်အတွက် ဒါမှမဟုတ် မိတ်ဆွေတွေအတွက် ယူထားချင်မှာပဲ။ ၄၀ ကျပ် ပါပဲ။”
၃ များစွာသောသူတို့သည် မိမိအတွက်လိုအပ်ရာများကို စုဆောင်းလိုကြသဖြင့် ဤသို့ပြောလျှင် စိတ်ဝင်စားပေမည်–
▪ “ကျွန်ုပ်တို့အလိုအပ်ဆုံးအရာဟာ ဘာဖြစ်မယ်လို့ထင်သလဲ။ [ဖြေဆိုပါစေ။] ပစ္စည်းဥစ္စာ များများရှိဖို့လိုတယ်လို့ ထင်ကြတဲ့လူတွေ များပါတယ်။ အဲ့ဒါက ရုပ်ပစ္စည်းကို အရေးပေးလွန်းတယ်ဆိုတာ ထင်ရှားတယ်။ လူတစ်ယောက်ဟာ အသက် ၇၀၊ ၈၀၊ တချို့ဆိုရင် ဒီထက်ပို အသက်ရှင်လိမ့်မယ်။ အဲ့ဒီနောက် ရုပ်ပစ္စည်းတွေဟာ သူ့ကို ဘာအကျိုးပေးနိုင်သလဲ။ ပစ္စည်းဥစ္စာရှိဖို့လိုတာမှန်ပါတယ်။ ဒါပေမဲ့ ဝိညာဉ်ရေးရာ၊ စစ်မှန်တဲ့အသိပညာကို လျစ်လျူရှုမထားနိုင်ပါဘူး။ ဘာနဲ့ပတ်သက်တဲ့ အသိပညာအစစ်အမှန်လဲ။” ယောဟန် ၁၇:၃ ကိုဖတ်ပြီး ဘုရားသခင်ကိုသိကျွမ်းခြင်းသည် ထာဝရအသက်ရရှိစေကြောင်း ရှင်းပြပါ။ မိသားစုဘဝ စာအုပ်၊ စာမျက်နှာ ၁၈၂ သို့ဖွင့်ပြီး အပိုဒ် ၄ ၏နောက်ဆုံးဝါကျနှင့် အပိုဒ် ၅ ၏ဦးဆုံးဝါကျတို့ကို ဖတ်ပြပါ။ “ဒီစာအုပ်ကို ခင်ဗျားနဲ့ ခင်ဗျားအိမ်ထောင်ကို အဲ့ဒီအတိုင်းလုပ်ဖို့ အကူအညီပေးပါလိမ့်မယ်။ ဒါကို ၄၀ ကျပ် နဲ့ယူထားနိုင်ပါတယ်။”
၄ များစွာသောသူတို့သည် လောကရှိ ပူပင်သောကများအတွက် စိုးရိမ်နေကြသောကြောင့် ဤသို့စမ်းကြည့်နိုင်ပါသည်–
▪ “ကျွန်တော်စကားပြောဆိုခဲ့တဲ့သူတိုင်းက အနာဂတ်အတွက် စိုးရိမ်ကြတယ်။ ကမ္ဘာ့ခေါင်းဆောင်တချို့က ငြိမ်းချမ်းမယ့်ခေတ် နီးပြီလို့ထင်နေကြတယ်။ ခင်ဗျား ဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ။] လူတွေ ဘယ်လိုပဲကြိုးစားကြိုးစား အဓမ္မမှုနဲ့ ပူပင်သောက တိုးပွားနေတာပဲ။ ဒီပြဿနာတွေအတွက် တည်မြဲတဲ့တစ်ခုတည်းသော ဖြေရှင်းနည်းကို ကျမ်းစာကဖော်ပြတယ်။ [၂ ပေတရု ၃:၁၃ ဖတ်။ “ကြည့်ရှုလော့” ဘရိုရှာ၏ မျက်နှာဖုံးကိုပြပြီး ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်သည် ဤကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံမှု မည်သို့ အမြဲတည်ရှိစေမည့်အကြောင်း ရှင်းပြပါ။] ဘုရားသခင်ရဲ့နိုင်ငံတော်အစိုးရအောက်မှာ ထာဝရအသက်နဲ့ပျော်ရွှင်ရမယ့် ဒီလူ့အဖွဲ့အစည်းသစ်ထဲမှာ ခင်ဗျားလည်း ဘယ်လိုပါဝင်နိုင်တဲ့အကြောင်း ဒီဘရိုရှာက ဖော်ပြပါလိမ့်မယ်။ ဒီဘရိုရှာကို ၁၂ ကျပ် နဲ့ယူထားနိုင်ပါတယ်။”
၅ အလုပ်များနေသူတစ်ဦးနှင့်တွေ့ဆုံပြီး တိုတိုတုတ်တုတ်ပြောစရာလိုမည်ဆိုလျှင် ဤသို့ပြောလိုပေမည်–
▪ “အချိန်နည်းနည်းပဲရှိတယ်ဆိုတော့ ဒီဝေစာလေးကို ထားခဲ့ချင်တယ်။ [သင့်တော်သောဝေစာကို ရွေးပါ။] ဖတ်ကြည့်ဖို့ အားပေးလိုပါတယ်။ နောက်တစ်ခါ ဒီဘက်ကိုလာတဲ့အခါ ဒီအကြောင်းကို ဘယ်လိုယူမှတ်သလဲဆိုတာကို သိပါရစေ။”
၆ စာအုပ်စာတမ်းတစ်ခုခု ဝေငှတိုင်း၊ သို့မဟုတ် စာပေမယူသော်လည်း စကားတစ်ခွန်းနှစ်ခွန်းပြောခွင့်ရတိုင်း ပြန်လည်ပတ်မှုအတွက် လမ်းခင်းထားပါ။ စောနိုင်သ၍ စောစောပြန်သွားဖို့လည်း ကြိုးစားပါ။