ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၆ စာ. ၈
  • တလိုတလားရှိသူများကို ရှာဖွေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တလိုတလားရှိသူများကို ရှာဖွေ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အိမ်နီးနားချင်းကို သမ္မာတရားပြောပြပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ကင်းမျှော်စင်နှင့် နိုးလော့!—အခန့်သင့်သမ္မာတရားဂျာနယ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဧပြီလတွင် မဂ္ဂဇင်းလုပ်ငန်းအတွက် ပြင်ဆင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၄/၉၆ စာ. ၈

တလိုတလားရှိသူများကို ရှာဖွေ

၁ ဟောပြောခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်တစ်ခုမှာ “ထာဝရအသက်ကို တလိုတလားရှိသူများ” အား ရှာဖွေရန်ဖြစ်သည်။ (တ. ၁၃:၄၈၊ ကဘ) ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများကို ဝေငှခြင်းသည် ယင်းကိုပြုရန် အလွန်ကောင်းသောနည်းဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ဂျာနယ်များအားဖြင့် လူတို့သည် နိုင်ငံတော်မျှော်လင့်ချက်အကြောင်း သိရှိလာကြသည်။ ဧပြီလအတွင်း မဂ္ဂဇင်းများကို အထူးအသုံးပြုကြမည်။ စိတ်ဝင်စားသူကို တွေ့ရှိသည့်အခါ ထာဝရအသက်ရရှိစေသော အသိပညာစာအုပ်နှင့် ကျမ်းစာသင်အံမှုအသစ်များ စတင်နိုင်မည်ဟု မျှော်လင့်ပါသည်။ သင်အသုံးပြုနိုင်မည့် အကြံပေးချက်အချို့ကို ဤတွင်တင်ပြထား၏–

၂ ဧပြီ ၁ ရက်ထုတ် “ကင်းမျှော်စင်” ကိုအသုံးပြုသောအခါ လွန်ခဲ့သောနှစ် ခရိုင်စည်းဝေးကြီး၏ လူထုဟောပြောချက်ကိုအာရုံစူးစိုက်စေသည့် “ထာဝရဘုရင်ကို ချီးမွမ်းလေ!” အကြောင်းကိုဖော်ပြကာ ဤသို့ပြောနိုင်သည်–

▪ “ကျွန်တော်တို့ တွေ့ဆုံစကားပြောတဲ့ လူအတော်များများ ဘုရားသခင်ကိုယုံကြည်ကြတယ်။ တခြားသူတွေကျတော့ ဘုရားရှိတယ်လို့ ယုံရခက်တယ်။ ခင်ဗျားကော။ [ဖြေပါစေ။] ဘုရားရှိရမယ်လို့ တကယ်သက်သေထူတဲ့အရာတွေ ကျွန်တော်တို့ကို ဝန်းရံနေပါတယ်။ [ဆာလံ ၁၀၄:၂၄ ဖတ်။] ကင်မရာတစ်လုံး၊ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံးကို တွေ့တဲ့အခါ အဲ့ဒါတွေကို အသိဉာဏ်ပညာရှိတဲ့လူတစ်ယောက် တီထွင်ထားရမယ်ဆိုတာကို အလွယ်တကူပဲ ဝန်ခံကြမယ်။ အဲ့ဒါတွေထက် ပိုရှုပ်ထွေးနက်နဲတဲ့ ဒီကမ္ဘာမြေကြီးနဲ့ လူသားတွေကျတော့ မတော်တဆဖြစ်လာတယ်ဆိုတာ အကျိုးသင့်အကြောင်းသင့်ဖြစ်ပါ့လား။” ဘုရားသခင်ရှိသည်ဟု ခိုင်လုံစွာယုံကြည်စေသည့် အချက်တစ်ချက်ကို တင်ပြရန် ဆောင်းပါးပါအပိုဒ်တစ်ပိုဒ်ကို အသုံးပြုပါ။ စိတ်ဝင်စားမှုပြလျှင် မဂ္ဂဇင်းများကိုကမ်းလှမ်းပါ။

၃ ဧပြီ ၁၅ ထုတ် “ကင်းမျှော်စင်” တွင် “စစ်မှန်သောဝတ်ပြုရေး အဘယ်ကြောင့်ဘုရားသခင့်ကောင်းချီးရ” ဆောင်းပါးပါသည်။ ယင်းကိုမပြမီ ဤသို့မေးမြန်းနိုင်သည်–

▪ “ကမ္ဘာပေါ်မှာ ရာနဲ့ချီရှိတဲ့ ဘာသာတရားတွေအားလုံးဟာ ဘုရားသခင်ရဲ့အလိုတော်နဲ့တွေ့တယ်လို့ ထင်သလား။ [ဖြေဆိုပါစေ။] ဘာသာရေးလိုက်စားသူတွေ ဘာပဲပြောပြော ဘုရားသခင်ရဲ့အလိုတော်ကို မလုပ်တဲ့လူတွေဟာ ငြင်းပယ်ခံရမယ်လို့ ယေရှုက ကြိုတင်ဟောထားတယ်။ [မဿဲ ၇:၂၁-၂၃ ဖတ်။] ယေရှုသွန်သင်တဲ့ စစ်မှန်တဲ့ဘာသာကို ကျွန်တော်တို့သိထားဖို့ အရေးကြီးတယ်။” စာမျက်နှာ ၁၆ တွင်စသော “စစ်မှန်သောဘာသာတရားသည် အဘယ်အသီးသီးရမည်နည်း” ခေါင်းစဉ်ကိုပြပြီး ယင်းအချက်ကို ရှင်းစေမည့် ဥပမာတစ်ခုကို ဆွေးနွေးပါ။

၄ ဧပြီ ၂၂ “နိုးလော့!” (လိပ်) ပါအဓိကအကြောင်းကို ဆွေးနွေးတင်ပြသည့်အခါ ဤသို့ပြောဆိုလိုပေမည်–

▪ “ဒီရာစုအတွင်းမှာ ကမ္ဘာ့စစ်ကြီးနှစ်ခုအပါအဝင် စစ်ပွဲ ရာနဲ့ချီ ဖြစ်ခဲ့ပြီ။ ကမ္ဘာ့ခေါင်းဆောင်အားလုံးလိုလို ငြိမ်းချမ်းရေးလိုချင်ပါတယ်လို့ ပြောကြတာတောင် ဒီလိုဖြစ်ခဲ့တာ။ ကျွန်တော့်အသိတွေလည်း အဲ့ဒီလိုပဲပြောကြတာပဲ။ လူတိုင်း ငြိမ်းချမ်းရေးလိုချင်ရက်နဲ့ ဘာကြောင့်မရတာလဲ။ [ဖြေဆိုပါစေ။] ကမ္ဘာကြီးတကယ်ငြိမ်းချမ်းဖို့ ဘာလိုမယ်ထင်သလဲ။” အိမ်ရှင်ဖြေဆိုပြီးနောက် စာမျက်နှာ ၈ နှင့် ၉ သို့ဖွင့်ပြီး ဆာလံ ၄၆:၈၊ ၉ ကဲ့သို့သောကျမ်းချက်များကို ဖတ်ပါ။ ရုပ်ပုံများနှင့် ကိုးကားထားသည့် ကျမ်းချက်များကိုအသုံးပြုပြီး ဘုရားသခင့်နိုင်ငံတော်သည် ထာဝစဉ်တည်မြဲမည့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မည်သို့ပေးနိုင်မည်အကြောင်း ဖော်ပြပါ။ ထို့နောက် အိမ်ရှင်ကို မဂ္ဂဇင်းဖတ်လိုသလောဟုမေးပါ။ ပြန်လည်ပတ်ဖို့ရန် စီစဉ်ပါ။

၅ အလုပ်များနေသည်ဟု ဆိုသူများနှင့် တွေ့ဆုံသည့်အခါ ဤသို့စမ်းပြောနိုင်မည်–

▪ “အလုပ်များလွန်းလို့ လူ့ဘဝရဲ့ဝိညာဉ်ရေးဘက်ကို ထည့်စဉ်းစားဖို့ အချိန်မရသူတွေကို ကျွန်တော်တို့ ကူညီပေးချင်တယ်။ ကင်းမျှော်စင် နဲ့ နိုးလော့! ဆိုတဲ့ကျွန်တော်တို့ရဲ့ဂျာနယ်တွေဟာ ခင်ဗျားနဲ့ခင်ဗျားရဲ့မိသားစုအတွက် အရေးကြီးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သိသင့်သိအပ်တဲ့အကြောင်းတွေကို အတိအကျဖော်ပြထားတယ်။ ဒီစာစောင်တွေကို ခင်ဗျားဖတ်ကြည့်ဖို့ ထားရစ်ခဲ့ချင်တယ်။”

၆ မဂ္ဂဇင်းများလက်ခံသူများကို ကျွန်ုပ်တို့၏ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ခွင့်ရရှိစေပါ။ သူတို့သည် “သာ၍ကောင်းသောအရာ၏သတင်းကောင်း” ကိုပေးသော ကင်းမျှော်စင် နှင့် နိုးလော့!ကိုဖတ်ခြင်းမှ အမှန်အကျိုးခံစားကြရမည်။—ဟေရှာ. ၅၂:၇၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ