ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၆ စာ. ၈-၉
  • “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ထာဝရအသက်ဟူမူကား”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ထာဝရအသက်ရစေသော အသိပညာကို ပျံ့နှံ့စေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဘုရားသခင့်ထံတော်မှအသိပညာက မေးခွန်းများစွာကိုဖြေကြားပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • အသက်ရစေသောအသိပညာကိုရရှိရန် အခြားသူများကိုကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၄/၉၆ စာ. ၈-၉

“ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်”

၁ “ထာဝရအသက်ကို တလိုတလားရှိသူ” တစ်ဦးကို ကျွန်ုပ်တို့တွေ့ရှိသောအခါ ထိုသူကြားနာခဲ့သောအရာကို ပိုမိုယုံကြည်ရန် ကူညီပေးဖို့လိုသည်။ (တ. ၁၃:၄၈; ရော. ၁၀:၁၇) သို့ပြုရန် မဂ္ဂဇင်းယူထားသူများထံ နောက်ဆုံးထုတ်စာစောင်များကို ယူသွားပေးရန်နှင့် သူတို့နှင့် ဆွေးနွေးပြောဆိုရန် ပြန်လည်ပတ်သွားသင့်သည်။ တကယ်စိတ်ဝင်စားသူတို့အား နှစ်စဉ်ကြေးများ ကမ်းလှမ်းနိုင်ပါသည်။ သို့ရာတွင် ထာဝရအသက်ရရှိစေသော အသိပညာစာအုပ်နှင့် ကျမ်းစာသင်အံမှုစရန်ပန်းတိုင်ကို စိတ်ထဲထားပါ။ ဤအကြံပြုချက်များသည် အထောက်အကူပြုပေမည်–

၂ “ထာဝရဘုရင်ကို ချီးမွမ်းလေ!” အကြောင်းကိုဆွေးနွေးခဲ့သူထံ ပြန်လည်ပတ်သွားသည့်အခါ ဤသို့စတင်နိုင်မည်–

▪ “နောက်ဆုံးအကြိမ် စကားပြောခွင့်ရခဲ့တုန်းက အနန္တတန်ခိုးကြီးရှင် ဘုရားသခင်ရှိပါတယ်ဆိုတာကို ထောက်ခံတဲ့ သာဓကတွေအချို့ကို သုံးသပ်ကြည့်ခဲ့ကြတယ်။ ဒါပေမဲ့ ဘုရားရှိပါတယ်လို့ သိရုံသိတာနဲ့ မပြီးသေးဘူး။ ကိုယ်တော်ရဲ့နာမည်ကို သိဖို့လိုတယ်။ ဘုရားနာမည် ဘယ်လိုခေါ်သလဲ။ [ဖြေဆိုပါစေ။] လူသန်းပေါင်းများစွာက ကိုယ်တော်ကို ‘သခင်’ ဒါမှမဟုတ် ‘ဘုရား’ ဆိုတဲ့ အများပိုင်ဘွဲ့တွေနဲ့ပဲ ဘုရားကိုခေါ်ကြတယ်။ အဲ့ဒီအပြင် ကိုယ်တော် ကိုယ်တိုင်က နာမတော်ကိုသိစေချင်တယ်။ [ဆာလံ ၈၃:၁၈ ဖတ်။] သမ္မာကျမ်းစာဟာ ယေဟောဝါဘုရားသခင်အကြောင်း အဲ့ဒီထက်မက ဖော်ပြထားတယ်လို့ ဒီစာအုပ်က ရှင်းပြထားတယ်။” အသိပညာစာအုပ်၏ စာမျက်နှာ ၂၉ ရှိရုပ်ပုံကိုပြကာပုံစာကို ဖတ်ပြပါ။ အခန်း ၃ ၏ပထမအပိုဒ်သုံးပိုဒ်ကို ဆွေးနွေးပြီးနောက် သင်သည် သင်အံမှုစခဲ့ပြီဖြစ်မည်!

၃ “စစ်မှန်သောဝတ်ပြုရေး အဘယ်ကြောင့်ဘုရားသခင့်ကောင်းချီးရ” ဆောင်းပါးကို သင်တင်ပြဆွေးနွေးခဲ့သူထံ ပြန်လည်ပတ်သည့်အခါ စိတ်ဝင်စားမှုကို ဤသို့နှိုးဆွပေးလိုမည်–

▪ “ဆောင်းပါးကို ဖတ်ပြီးတဲ့နောက် ဘာသာတရားအားလုံးကို တစ်ပုံစံတည်း မသတ်မှတ်နိုင်ဘူးဆိုတာကို သဘောပေါက်ခဲ့မယ်။ စစ်မှန်တဲ့ဘာသာနဲ့ မှောက်မှားတဲ့ဘာသာတွေ ရှိနေတာ အမှန်ပါ။ ဒါကြောင့် ဘယ်သူရဲ့ဝတ်ပြုမှုကို ဘုရားသခင်လက်ခံသလဲလို့ မေးစရာအကြောင်း ပေါ်လာတယ်။ အဲ့ဒါကို ယေရှုဖြေဆိုပေးခဲ့ပြီး ဒီစာအုပ်ထဲမှာ ဖော်ပြထားတယ်။” အသိပညာစာအုပ်၏ အခန်း ၅ ကိုဖွင့်ပြီး ယောဟန် ၄:၂၃၊ ၂၄ အပါအဝင် အပိုဒ် ၄ ကိုဖတ်ပါ။ ထို့နောက် “အခမဲ့ အိမ်တွင်းကျမ်းစာသင်တန်း လက်ခံချင်သလား” ဟူ၍မေးမြန်းပါ။ ရလိုသည်ဟု အဖြေရပါက အခန်း ၁ သို့ဖွင့်ပြီး သင်တန်းကိုစတင်လိုက်ပါ။

၄ ဧပြီ ၂၂ “နိုးလော့!” (လိပ်) ကိုစိတ်ဝင်စားကြောင်း တင်ပြခဲ့မည်ဆိုလျှင် “အသိပညာ” စာအုပ်တွင် သင်အံမှုစရန် ဤနည်းကို အသုံးပြုလိုပေမည်–

▪ “စစ်မဲ့ကမ္ဘာဖြစ်လာမယ့်အလားအလာအကြောင်း ဆွေးနွေးခဲ့တာ မှတ်မိမယ်။ အဲ့ဒီအချိန်ရောက်ရင် ဘယ်လိုနေမလဲဆိုတာကို မတွေးတတ်ဘူး။ ပန်းချီဆရာတစ်ယောက်ကတော့ ဒီလိုထင်တယ်။ [အသိပညာစာအုပ်၏ စာမျက်နှာ ၁၈၈-၉ ရှိရုပ်ပုံကို ပြပါ။] ဒီလိုဝန်းကျင်မျိုးမှာနေရရင် ဘယ်လောက်ပျော်စရာကောင်းမလဲ။ [စာမျက်နှာ ၄-၅ သို့ဖွင့်ပြီး ရုပ်ပုံပြ၍ အကွက်ရှိစာကိုဖတ်ပါ။] ဒီစာအုပ်နာမည်ဟာ ယောဟန် ၁၇:၃ မှာပါတဲ့ ယေရှုရဲ့စကားနဲ့ အတူတူပဲ။ [ဖတ်။] ခွင့်ပြုမယ်ဆိုရင် အသက်ရှင်စေတတ်တဲ့ အသိပညာကိုရဖို့ သင့်ကျမ်းစာအုပ်နဲ့တွဲပြီး ဒီစာအုပ်ကို ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာကို တင်ပြပါရစေ။” အိမ်ရှင်အလိုရှိမည်ဆိုလျှင် ပထမအခန်းမှ သင်အံမှုကို စတင်ပါ။

၅ ပထမအကြိမ်လည်ပတ်ချိန်က အလုပ်များနေသူနှင့် တွေ့ဆုံခဲ့မည်ဆိုလျှင် ပြန်လည်ပတ်သည့်အခါ ဤသို့ပြောဆိုလိုပေမည်–

▪ “မကြာခင်က ကျွန်တော်ရောက်လာသေးတယ်။ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို ထားပေးခဲ့တယ်။ ဒီဂျာနယ်တွေဟာ ကျမ်းစာနဲ့ ကျမ်းစာထဲမှာရှိတဲ့ စာရိတ္တနဲ့ပတ်သက်တဲ့လမ်းပြမှုကို တန်ဖိုးထား စေတယ်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လူတိုင်းနားလည်ဖို့အရေးကြီးတယ်လို့ ကျွန်တော်ထင်လို့ ခင်ဗျားကိုအကူအညီပေးမယ့်အရာတစ်ခုကို ပြန်လာပြတာပါ။” အသိပညာစာအုပ်ကိုပြပြီး စာမျက်နှာ ၃ ရှိမာတိကာကိုညွှန်ပြပါ။ အဘယ်အခန်းကို စိတ်အဝင်စားဆုံးဖြစ်သနည်းဟုမေးကာ ယင်းသို့ဖွင့်ပြီး သင်အံမှုစတင်လိုက်ပါ။

၆ ထာဝရအသက်ရစေသည့် ‘ယုံကြည်ခြင်းတံခါးကို ဖွင့်ပေး’ နိုင်မည်ဆိုလျှင် အလွန်ဝမ်းသာနိုင်ကြပါမည်။—တ. ၁၄:၂၇; ယောဟန် ၁၇:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ