တာဝန်မခန့်အပ်ထားသောရပ်ကွက်တွင် သင်အမှုဆောင်မည်လော
တာဝန်မခန့်အပ်ထားသောရပ်ကွက်တွင် ဤနှစ်အတွင်း တစ်ဖန်ပြန် အမှုဆောင်ကြရန် ကြေညာသူအုပ်စုအသီးသီးကို ဖိတ်ကြားထားပါသည်။ ဤသို့သောရပ်ကွက်တွင် အမှုဆောင်ကြရန် အသင်းမတာဝန်ပေးထားသည့် အုပ်စုဝင်တစ်ဦးဖြစ်ပါက အစီအစဉ်များပြုလုပ်ရာတွင် အောက်ပါအကြောင်းအရာသည် အကူအညီဖြစ်ပေမည်– စာအုပ်ငယ်များနှင့် ဘရိုရှာများကို အဓိကထား ဝေငှကြမည့်အစား သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်၊ အသက်— ဤတွင်မည်သို့ ရောက်ရှိခဲ့သနည်း၊ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော (လိပ်)၊ အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား သို့မဟုတ် စစ်မှန်သောဘုရားသခင့်ဝတ်ပြုရေးတွင် တစည်းတလုံးတည်း (ရှိသည့်ဘာသာစကားဖြင့်ပင်) တို့ကိုအသုံးပြုပါ။ ဤစာအုပ်များ လက်ဝယ်မရှိပါက တာဝန်မခန့်အပ်ထားသောရပ်ကွက်တွင် သင်အမှုဆောင်သည့်အခါ လိုအပ်ရာများရရှိထားနိုင်ရန် ချက်ချင်းမှာယူလိုက်ပါ။