ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၆ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝတ်ပြုစည်းဝေးရတဲ့ အကြောင်းရင်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • အပိုင်း ၇–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • အသင်းတော်ထဲက ဦးစီးမှု အစီအစဉ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၄/၉၆ စာ. ၇

မေးခွန်းသေတ္တာ

◼ “ညီအစ်ကို” နှင့် “ညီအစ်မ” ဟူသောစကားလုံးများ၏ သင့်တော်သော အသုံးပြုနည်းကား အဘယ်နည်း။

“ညီအစ်ကို” နှင့် “ညီအစ်မ” ဟူသောစကားလုံးများကို စာသားအရ မွေးချင်းတို့ကိုဆိုလိုသည်။ ဤသွေးရင်းသားရင်းတော်စပ်မှုကြောင့် များသောအားဖြင့် အလွန်ရင်းနှီးချစ်ခင်ကြပြီး ယင်းသည် လူမှုရေး၊ ပတ်ဝန်းကျင်နှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ အနှောင်အဖွဲ့များကြောင့် ပိုမိုတိုးများလာပါသည်။

ယေရှုက ဆုတောင်းကြရာတွင် ယေဟောဝါအား “ကျွန်ုပ်တို့၏အဘ” ဟု ခေါ်ဆိုဖို့ တပည့်တော်များကို သွန်သင်ပေးတော်မူ၏။ ခရစ်ယာန်များအနေနှင့် ထိုစကားလုံးကိုအသုံးပြုခြင်းက ကျွန်ုပ်တို့အားလုံးသည် ရင်းနှီးသောမိသားစုအသိုင်းအဝိုင်းတွင် ပါဝင်နေကြကြောင်း ဖော်ပြသည်။ ထိုတွင် ဝိညာဏတော်စပ်မှုကို ကြွယ်ဝစွာခံစားကြရသည်။ ယေရှုက “သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏” ဟူ၍ တပည့်တော်များအား ပြောဆိုရာတွင် ယင်းအခြေအနေသည် ထပ်ဆင့်အလေးအနက်ပေါ်လွင်လာလေသည်။—မ. ၆:၉; ၂၃:၈။

ဘုရားသခင့်အိမ်တော်တွင် ရင်းနှီးသောဝိညာဏနှောင်ကြိုးရှိသောကြောင့် တစ်ဦးကိုတစ်ဦး “ညီအစ်ကို” နှင့် “ညီအစ်မ” ဟူ၍ အထူးသဖြင့် အသင်းတော်အစည်းအဝေးများတွင် ကျွန်ုပ်တို့ နှုတ်ဆက်ကြသည်။ ဤဝိညာဉ်ရေးဆိုင်ရာ အချိန်အခါများတွင် စည်းဝေးကို ဦးစီးသောသူသည် နှစ်ခြင်းခံပြီးသူများအား “ညီအစ်ကို” သို့မဟုတ် “ညီအစ်မ” မည်သူမည်ဝါ ဟုခေါ်ခြင်းအားဖြင့် သူတို့ကိုအသိအမှတ်ပြုပါသည်။

နှစ်ခြင်းမခံရသေးသောသူတစ်ဦးက အစည်းအဝေးတွင် ပါဝင်လိုလျှင်ကော၊ မည်သို့ပြုမည်နည်း။ လူတစ်ဦးတစ်ယောက်သည် ယေဟောဝါ၏လူမျိုးနှင့် အတန်ကြာ ပေါင်းသင်းခဲ့ပြီး ဆက်ကပ်အပ်နှံလုနီးပြီ၊ သူ့ကိုယ်သူ ယေဟောဝါသက်သေတစ်ဦးအဖြစ် အသိအမှတ်ပြုမည်ဆိုလျှင် သူ့အား “ညီအစ်ကို” သို့မဟုတ် “ညီအစ်မ” မည်သူမည်ဝါဟူ၍ အမည်ခေါ်ဆိုခြင်းကို ကန့်ကွက်စရာအကြောင်းမရှိပါ။ အထူးသဖြင့် ထိုသူသည် နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးဖြစ်လာပြီဆိုလျှင် ထိုအတိုင်းပြုနိုင်ပါသည်။

တစ်ဖက်ကကြည့်ပြန်လျှင် ကျွန်ုပ်တို့၏စည်းဝေးပွဲများကို စတက်ခါစသာရှိသေးသော စိတ်ဝင်စားသူများသည် ဘုရားသခင့်၏အိမ်တော်တွင် အပါအဝင်ဖြစ်သည်ဟူ၍ သိသာထင်ရှားစွာ မဖော်ပြကြသေးပေ။ ဤသူများကို “ညီအစ်ကို” သို့မဟုတ် “ညီအစ်မ” ဟူ၍ ခေါ်ဝေါ်မည်မဟုတ်ပါ။ အကြောင်းမှာ သူတို့နှင့်ပတ်သက်၍ ဘုရားသခင့်မိသားစုဝင်၏ ဝိညာဏတော်စပ်မှုမရှိပါ။ ထို့ကြောင့် အစည်းအဝေးတွင် သူတို့အား “ဦး” ကဲ့သို့သောသင့်လျော်သည့် အခေါ်အဝေါ်တပ်လျက် နာမည်ဖြင့်သာရိုးရိုးခေါ်ပါမည်။

“ညီအစ်ကို” နှင့် “ညီအစ်မ” ဟူသောအသုံးအနှုန်းကို အသင်းတော်အစည်းအဝေးတွင် အသုံးပြုခြင်းက နာမည်ဖြင့်ခေါ်ရုံထက် ပိုမိုရင်းနှီးပြီး သာ၍တန်ဖိုးထားသည့်နှောင်ကြိုးကို တင်ပြပါသည်။ ခမည်းတော်တစ်ပါးတည်းဖြစ်သော ယေဟောဝါဘုရားသခင်၌ ဝိညာဏမိသားစုအဖြစ် ကောင်းချီးအလွန်ခံစားရခြင်းကို သတိရစေပါသည်။ အချင်းချင်းတစ်ယောက်အပေါ်တစ်ယောက်ထားသည့် အလွန်ချစ်ခင်မြတ်နိုးသောစိတ်ကိုလည်း သတိရစေသည်။—ဧ. ၂:၁၉; ၁ ပေ. ၃:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ