ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၆ စာ. ၁-၆
  • ပြန်လည်လှုပ်ရှားလာရန် သူတို့ကိုကူညီပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြန်လည်လှုပ်ရှားလာရန် သူတို့ကိုကူညီပေးခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • မလှုပ်မရှားဖြစ်နေသူများကို မမေ့လျော့ပါနှင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • မဖင့်နွှဲဘဲ ပြန်လာစေရန် သူတို့ကိုကူညီပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “ငါ့ဆီ ပြန်လာကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၆/၉၆ စာ. ၁-၆

ပြန်လည်လှုပ်ရှားလာရန် သူတို့ကိုကူညီပေးခြင်း

၁ မိမိ၏ခရစ်ယာန်ချင်းတို့ ဝိညာဏအန္တရာယ်ရှိနိုင်သည်ကို အသိအမှတ်ပြုပြီး တမန်တော်ပေါလုက “ငါတို့ကို ကယ်တင်သောကျေးဇူးတော်သည် ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက် ယခုသာ၍နီးသောကြောင့် . . . အိပ်ပျော်ရာမှနိုးရသောအချိန်ရောက်” ပြီဖြစ်ကြောင်းရေးခဲ့သည်။ (ရော. ၁၃:၁၁၊ ၁၂) ဝိညာဏငိုက်မြည်းလာသည့် မိမိညီအစ်ကိုများအတွက် ပေါလုစိုးရိမ်ခဲ့သည်။ ထိုသူများပြန်လည်နိုးကြားတက်ကြွပြီး သက်ဝင်လှုပ်ရှားလာစေရန် သူစိုးရိမ်ပူပန်ခဲ့သည်။

၂ ကမ္ဘာဟောင်း၏ညအချိန်သည်ကုန်လုပြီဖြစ်ပြီး ကမ္ဘာသစ်၏အစသည် လက်တစ်ကမ်းမျှသာလိုတော့သည်ဟု မှန်ကန်စွာပြောနိုင်ပါသည်။ (ရော. ၁၃:၁၂) သတင်းကောင်းဟောပြောသူများအဖြစ် ကျွန်ုပ်တို့နှင့်ပေါင်းသင်းခြင်းမှရပ်ဆိုင်းသွားသည့် ညီအစ်ကို များနှင့်ပတ်သက်ပြီး စိုးရိမ်ရန်အကြောင်းကောင်းများရှိပါသည်။ လွန်ခဲ့သည့် အမှုဆောင်နှစ်တွင် အမေရိကန်ပြည်ထောင်စုတစ်ခုတည်း၌ပင် ကြေညာသူ ၂၇,၀၀၀ ကျော် ပြန်လည်လှုပ်ရှား လာကြသည်။ ယေဟောဝါ၏အမှုတော်၌ မလှုပ်ရှားသောသူအချို့ကို ပြန်လည်လှုပ်ရှားလာရန် ကျွန်ုပ်တို့မည်သို့ကူညီနိုင်မည်နည်း။

၃ အကြီးအကဲများလုပ်နိုင်သည့်နည်း– မလှုပ်ရှားသူများစွာသည် သမ္မာတရားကိုမစွန့်ပစ်ကြပါ။ စိတ်ဓာတ်ကျခြင်း၊ ကိုယ်ရေးကိုယ်တာပြဿနာများ၊ ရုပ်ပစ္စည်းကို အလေးထားခြင်း သို့မဟုတ် ဘဝ၏အခြားသောစိုးရိမ်ပူပန်မှုများကြောင့် ဟောပြောခြင်းကို ရပ်ဆိုင်းထားခြင်းမျှသာဖြစ်သည်။ (လု. ၂၁:၃၄-၃၆) ဖြစ်နိုင်ပါက မလှုပ်ရှားသည့်အဖြစ်သို့မရောက်မီ သူတို့ကိုကူညီပေးခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါသည်။ ကြေညာသူတစ်ဦး အမှုဆောင်မှတ်တမ်းမှန်မှန်မသွင်းတော့ပါက အသင်းတော်အတွင်းရေးမှူးသည် အခြားအကြီးအကဲများအား သတိပေးသင့်သည်။ သိုးထိန်းလည်ပတ်မှုအတွက် အစီအစဉ်ပြုလုပ်နိုင်သည်။ အကြီးအကဲများသည် ပြဿနာ၏အရင်းခံနှင့် မည်သို့ကူညီပေးနိုင်ပုံကို သိရှိရန်ကြိုးစားသင့်သည်။—၁၉၉၃၊ စက်တင်ဘာ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၀-၃ ရှု။

၄ အခြားသူများကူညီနိုင်ပုံ– များသောအားဖြင့် ကျွန်ုပ်တို့သည် မလှုပ်မရှားဖြစ်သွားသူတစ်ဦးကို သိကြပါသည်။ ယခင်က ကျွန်ုပ်တို့နှင့်အလွန်ရင်းနှီးခဲ့သည့် မိတ်ဆွေတစ်ဦးဖြစ်နိုင်သည်။ ကူညီရန်ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်ပါသနည်း။ ခဏတစ်ဖြုတ်လည်ပတ်ခြင်းကို ပြုလုပ်ပေးပါ။ သူနှင့်ပေါင်းဖော်ခဲ့ရသည်ကို သင်သတိရကြောင်း သူ့အားပြောပြပါ။ အားပေး၍ အပြုသဘောရှိစေပါ။ သူ၏ဝိညာဉ်ရေးနာမကျန်းဖြစ်ခြင်းကို သင်စိုးရိမ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုပါ။ တည်ဆောက်မှုဖြစ်စေသည့်အတွေ့အကြုံများ၊ အသင်းတော်လုပ်ဆောင်ပြီးမြောက်ခဲ့သည့်အရာများကို ပြန်ပြောပြပါ။ “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီးအကြောင်း စိတ်အားထက်သန်စွာပြောပြကာ တက်ရောက်ရန်အားပေးပါ။ အသင်းတော်နှင့်ပြန်၍ပေါင်းသင်းခြင်းသည် အခြားမည်သည့်အရာထက်မဆို သူ့အားပို၍ကူညီပေးနိုင်ပါသည်။ စည်းဝေးများတွင် သူနှင့်ပေါင်းသင်းပေးပါ။ သင်ရရှိသည့်တုံ့ပြန်မှုကို အကြီးအကဲများအား သိရှိစေပါ။

၅ မလှုပ်ရှားသူတစ်ဦး စည်းဝေးပြန်တက်လာသည့်အခါ ယခင်ကသူ့အားသိရှိခဲ့သူများနှင့် တွေ့ဆုံစဉ် အနေရခက်နိုင်သည်။ သူ့အား “ဘယ်ရောက်နေတာလဲ” ဟုမမေးပါနှင့်။ ယင်းအစား သူ့အား လှိုက်လှိုက်လှဲလှဲကြိုဆိုပါ။ သူ့အားစကားပြောဆိုစေပါ။ သူမသိသေးသည့်သူများနှင့် မိတ်ဆက်ပေးပါ။ စည်းဝေးကျင်းပနေစဉ်သူနှင့်အတူထိုင်ပါ။ သူ့တွင် သီချင်းစာအုပ်နှင့် လေ့လာရန်လိုအပ်သည့်စာပေမရှိလျှင်ပေးပါ။ ပြန်လာရန်အားပေးပြီး လိုအပ်ပါက သင်၏အကူအညီကို ကမ်းလှမ်းပါ။

၆ ပျောက်လွင့်နေသူများအပေါ် နွေးထွေးသည့်ကြင်နာမှုပြပါ။ ယေဟောဝါနှင့် ယေရှုတို့သည် ထိုသို့သောသူများ ဝိညာဉ်ရေးပြန်ကျန်းမာလာသည့်အခါ အလွန်ပင်အားရရွှင်လန်း ကြသည်။ (မာလ. ၃:၇; မ. ၁၈:၁၂-၁၄) ကျွန်ုပ်တို့လည်း ယေဟောဝါအမှုတော်တွင် တစ်ဖန်ပြန်လှုပ်ရှားလာရန် ကူညီပေးရာ၌အောင်မြင်သည့်အခါ ထပ်တူရွှင်လန်းမှုမျိုးကို ရရှိနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ