မေးခွန်းသေတ္တာ
▪ အသင်းတော်လုပ်ငန်းတော် ကော်မတီဝင်တစ်ဦးညွှန်ကြားသောကြောင့် မလှုပ်မရှားဖြစ်နေသည့် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးနှင့် အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်ခြင်းသည် သင့်လျော်နေဆဲလော။
အကြီးအကဲများသည် မလှုပ်မရှားဖြစ်လာသော အသင်းသားအားလုံးအပါအဝင် အသင်းတော်ကို ထိန်းကျောင်းရန်တာဝန်ရှိသည်။ သူတို့သည် ထိုသို့သောသူများထံ လည်ပတ်ပြီး မည်သည့်ပုဂ္ဂိုလ်ရေးအကူအညီလိုသည်ကို ဆုံးဖြတ်ကြသည်။ သင့်လျော်သည့်အခါ မလှုပ်မရှားဖြစ်သူများအား ကိုယ်တိုင်ကျမ်းစာသင်ယူခြင်း၏အကျိုးကိုပြောပြခြင်း ပါဝင်နိုင်သည်။ ကျွန်ုပ်တို့၏ဓမ္မအမှုကိုပြီးမြောက်စေရန်ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၁၀၄ က မည်သူသည် ထိုသို့သောအစီအစဉ်မှ အကျိုးခံစားရမည်ကို အသင်းတော်လုပ်ငန်းတော်ကော်မတီက ဆုံးဖြတ်မည်ဟု ရှင်းပြသည်။
မည်သူသည် အကောင်းဆုံးအကူအညီကိုပေးနိုင်သည်၊ မည်သည့်အကြောင်းအရာကို လေ့လာသင့်သည်၊ မည်သည့်စာအုပ်သည် အကူအညီအဖြစ်ဆုံးဖြစ်မည်ကို လုပ်ငန်းတော်ကြီးကြပ်မှူးက ဆုံးဖြတ်သည်။ အစက သူနှင့်လေ့လာခဲ့သူ သို့မဟုတ် သူကောင်းစွာသိပြီး ရိုသေလေးစားသည့်သူတစ်ဦးသည် အကူအညီပေးရန် ကောင်းသောအနေအထားတွင်ရှိနိုင်သည်။ မလှုပ်မရှားဖြစ်သောညီအစ်မတစ်ဦးကို ကူညီရန် အရည်အချင်းရှိပြီး ရင့်ကျက်သောညီအစ်မတစ်ဦးအား တောင်းဆိုနိုင်သည်။ များသောအားဖြင့် သင်ကြားပေးရန် တာဝန်ပေးခံရသူနှင့် နောက်ထပ်ကြေညာသူတစ်ဦးလိုက်သွားရန် လိုအပ်မည်မဟုတ်ပါ။ တာဝန်ပေးခံရသည့်အခါ သင်အံမှုပြုလုပ်သောကြေညာသူသည် အချိန်၊ ပြန်လည်ပတ်မှုနှင့် သင်အံမှုကို ရေတွက်နိုင်ပါသည်။—ဇန်နဝါရီ ၁၉၈၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃-၅ ကိုရှု။
သင်သားသည် နှစ်ခြင်းခံပြီးသူတစ်ဦးဖြစ်သောကြောင့် များသောအားဖြင့် သင်အံမှုကို အချိန်ကြာကြာဆက်လုပ်ရန်မလိုပါ။ ပန်းတိုင်မှာ မလှုပ်မရှားဖြစ်သူသည် အသင်းတော်အစည်းအဝေးအားလုံးကို ပြန်တက်ရန်နှင့် သတင်းကောင်းကို မှန်မှန်ကြေညာသူတစ်ဦး ဖြစ်လာရန်ဖြစ်သည်။ လုပ်ငန်းတော်ကြီးကြပ်မှူးက ထိုသို့သောသင်အံမှုများ၏တိုးတက်မှုကို ကြီးကြပ်ပေးမည်ဖြစ်သည်။ ဤမေတ္တာပါသောအကူအညီ၏ရလဒ်မှာ ဤညီအစ်ကိုညီအစ်မများသည် ယေဟောဝါရှေ့ သူတို့၏တာဝန်ကိုထမ်းဆောင်နိုင်ပြီး သမ္မာတရားတွင် ခိုင်မြဲစွာ “အမြစ်စွဲ” ရန်ဖြစ်သင့်သည်။—ဧ. ၃:၁၇၊ သမ; ဂလ. ၆:၅။