ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၆ စာ. ၁-၇
  • ဟောပြောရန် မည်သူအရည်အချင်းပြည့်မီသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟောပြောရန် မည်သူအရည်အချင်းပြည့်မီသနည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟောပြောရန် ကျွန်ုပ်အရည်အချင်း ပြည့်မီသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ဟောပြောစို့
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
  • ဘုရားသခင့်စကားတော်သွန်သင်သူများ အဖြစ် အပြည့်အဝပြင်ဆင်လေ့ကျင့်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သတင်းကောင်းကို ဘယ်သူတွေ ဟောနေကြသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၈/၉၆ စာ. ၁-၇

ဟောပြောရန် မည်သူအရည်အချင်းပြည့်မီသနည်း

၁ ဓမ္မအမှုနှင့်ပတ်သက်၍ မောရှေကဲ့သို့သင်ခံစားဖူးသလော။ သူဤသို့ပြောခဲ့သည်– “အိုဘုရားရှင်၊ အကျွန်ုပ်သည်နှုတ်သတ္တိမရှိပါ၊ အထက်ကလည်းမရှိပါ၊ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင်မရှိပါ။” (ထွ. ၄:၁၀) ထိုကဲ့သို့သင်ခံစားရမည်ဆိုပါက ဟောပြောရန်သင်တွန့်ဆုတ်နေပေမည်။ သို့တိုင် ယေရှုက “လူများကိုဟောပြောရန်နှင့် နှံ့စပ်စွာသက်သေခံကြရန် ကျွန်ုပ်တို့အားအမိန့်ပေးခဲ့သည်။” (တ. ၁၀:၄၂၊ ကဘ) သို့ဆိုလျှင် ကျွန်ုပ်တို့သည် အရည်အချင်းပြည့်မီသော သတင်းကောင်းဟောပြောသူများ မည်သို့ဖြစ်လာမည်နည်း။

၂ ကျွန်ုပ်တို့ကို ဓမ္မအမှုအတွက်အရည်အချင်းပြည့်မီစေသည်မှာ လောကီပညာရေးအဆင့်အတန်းမဟုတ်ပါ။ ပေါလုက “ခေါ်တော်မူသောသူတို့တွင်လောကီပညာရှိအများမပါ” ဘဲ “လောကီပညာသည် ဘုရားသခင်ရှေ့ ၌မိုက်မဲခြင်းဖြစ်၏” ဟုပြောခဲ့သည်။ (၁ ကော. ၁:၂၆; ၃:၁၉) ယေရှုသည် ကာယအလုပ်သမားလူတန်းစားထဲမှ မိမိတမန်တော်များကိုရွေးချယ်ခဲ့သည်—အနည်းဆုံး တံငါလုပ်ငန်းလုပ်ကိုင်သူ လေးဦးကိုရွေးချယ်ခဲ့သည်။ မာနထောင်လွှားသော ဘာသာရေးခေါင်းဆောင်များက သူတို့ကို “လူတတ်မဟုတ်လူသာမညများ” အဖြစ်အထင်သေးသည့်သဘောထားဖြင့် ရှုမြင်ကြသည်။ တမန်တော်များကိုဟောပြောရန် အရည်အချင်းမရှိသူများအဖြစ် လောကီစံနှုန်းများဖြင့်ဝေဖန်ပြစ်တင်ကြသည်။ သို့ဖြစ်စေကာမူ ပင်တေကုတ္တေပွဲနေ့တွင် ပေတရု၏ကျွမ်းကျင်ပိုင်နိုင်သောဟောပြောချက်က လူပေါင်း ၃,၀၀၀ အားနှစ်ခြင်းခံရန် လှုံ့ဆော်ပေးနိုင်ခဲ့သည်တကား!—တ. ၂:၁၄၊ ၃၇-၄၁; ၄:၁၃။

၃ ဟောပြောရန် ကျွန်ုပ်တို့ကို ယေဟောဝါအရည်အချင်းပြည့်မီစေ– ပေါလုဤသို့ကြေညာခဲ့သည်– “ငါတို့တတ်စွမ်းခြင်းမှာ ဘုရားသခင်မှဖြစ်၏။” (၂ ကော. ၃:၅၊ ကဘ) ပညာ၏ပင်ရင်းအမြစ်ဖြစ်တော်မူသော ယေဟောဝါသည် နိုင်ငံတော်သမ္မာတရားကို အခြားသူများအားဟောပြောရန် သန်းပေါင်းများစွာသောသူတို့ကို သင်ကြားပေးတော်မူသည်။ (ဟေရှာ. ၅၄:၁၃) သက်ရှိ “ထောက်ခံစာများ” အဖြစ်လွန်ခဲ့သည့်နှစ်က ၃၃၈,၄၉၁ ယောက် နှစ်ခြင်းခံခဲ့ခြင်းဖြင့် ဤလုပ်ငန်း၏ထိရောက်မှုနှင့်အကျိုးရလဒ်ကိုတွေ့ မြင်နိုင်ပါသည်။ (၂ ကော. ၃:၁-၃၊ ကဘ) ယေဟောဝါထံတော်မှ ကျွန်ုပ်တို့သင်ယူရမည့်အရာများနှင့်စပ်လျဉ်း၍ ရဲရင့်ခြင်းနှင့်ယုံကြည်စိတ်ချမှုတို့ဖြင့်ဟောပြောရန် ကျွန်ုပ်တို့၌ခိုင်လုံသည့်အကြောင်းရှိပါသည်။

၄ ဘုရားသခင့်အဖွဲ့အစည်းတွင် ဓမ္မအမှုဆောင်များအတွက် အပြည်ပြည်ဆိုင်ရာလေ့ကျင့်ရေးအစီအစဉ်ကိုပြုလုပ်ပေးထားသည်။ ကျမ်းစာနှင့်ကျမ်းစာလေ့လာရန် အကူအညီများစွာတို့အားဖြင့် ဟောပြောရာတွင် “အရည်အချင်းပြည့်ပြည့်ဝဝရှိသော၊ ပြည့်ပြည့်စုံစုံတန်ဆာဆင်ထားသောသူ” များဖြစ်လာရန် သင်ကြားလေ့ကျင့်ပေးပါသည်။ (၂ တိ. ၃:၁၆၊ ၁၇၊ ကဘ) အဖွဲ့အစည်းထုတ်စာပေများတွင် တွေ့ရသည့်အသိပညာကြောင့် များစွာသောသူတို့ကို စွဲမှတ်သွားစေသည်။ ဥပမာ၊ ဆွီဒစ်ပုံမှန်ထုတ်ဂျာနယ်တစ်ခုက ဤသို့ဆိုသည်– “ယေဟောဝါသက်သေများဟောပြောသည့် ယုံကြည်ချက်၏နောက်ကွယ်တွင် အံ့ချီးဖွယ်ကောင်းသည့် အဆင့်မြင့်ပညာရေးနှင့် အပြည်ပြည်ဆိုင်ရာအဆင့်မီ ကျမ်းစာအသိပညာရှိနေသည်။”

၅ ပတ်စဉ်စည်းဝေးငါးခုတွင်ပေးသည့်ညွှန်ကြားချက်၊ ကျမ်းစာဖတ်ရှုလေ့လာခြင်း အစီအစဉ်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင်ပေးသည့်သွန်သင်ချက်၊ အတွေ့အကြုံရှိသည့် ဓမ္မအမှုဆောင်များ၏ကိုယ်တိုင်ကိုယ်ကျကူညီပေးမှု၊ ထို့ထက်ကား ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော် ကူညီထောက်ပံ့မှုများကြောင့် ကျွန်ုပ်တို့အားဟောပြောရန် အရည်အချင်းပြည့်မီသူများအဖြစ် ယေဟောဝါရှုမြင်မည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ “ငါတို့သည် . . . ဘုရားသခင်၏အလိုတော်နှင့်အညီ၊ ဘုရားသခင့်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။”—၂ ကော. ၂:၁၇။

၆ ကျွန်ုပ်တို့သည် အဖွဲ့အစည်းမှတစ်ဆင့် ဘုရားသခင်ပြင်ဆင်ပေးသော သီအိုကရက်တစ်လေ့ကျင့်ပေးမှုကို အပြည့်အဝခံယူပါက တွန့်ဆုတ်နေရန် သို့မဟုတ် ကြောက်ရွံ့နေရန်အကြောင်းမရှိပါ။ ကျွန်ုပ်တို့သည် အခြားသူများအားရွှင်လန်းစွာဟောပြောနိုင်ကာ ကျွန်ုပ်တို့၏ကြိုးစားလုပ်ဆောင်မှုကို ယေဟောဝါကောင်းချီးပေးမည်ဟုစိတ်ချနိုင်ပါသည်။—၁ ကော. ၃:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ