သင့်ရပ်ကွက်ကို စေ့စပ်စွာ လုပ်ဆောင်ပါ
၁ လူနေရပ်ကွက်များတွင် ကုန်စုံဆိုင်၊ စားသောက်ဆိုင် သို့မဟုတ် လက်လီအရောင်းဆိုင်တို့ကဲ့သို့ အနည်းငယ် အလုပ်များသည့်နေရာတို့နှင့် အခါအားလျော်စွာ ကျွန်ုပ်တို့တွေ့ ကြုံရတတ်သည်။ ဤသို့သောနေရာများသည် ရပ်ကွက်၏ကျန်အပိုင်းနှင့်ယှဉ်တွဲနေပါက လူနေအိမ်များကဲ့သို့ပင် တစ်ပါတည်း သွားသင့်သည်။
၂ ဤသို့ဖြစ်နိုင်သည့် ရိုးရှင်းပြီး တိုတုတ်သောတင်ဆက်ပုံကို သင်အသုံးပြုနိုင်သည်– “ခင်ဗျားကို တင်ပြချင်တဲ့အကြောင်းအရာ ကျွန်တော်.မှာရှိတယ်။” ပိုင်ရှင်သည် လောလောဆယ်အလုပ်သိပ်များနေပုံပေါက်ပါက ဝေစာကိုသာဝေငှပြီး ဤသို့ပြောပါ– “ခင်ဗျား အလုပ်သိပ်မများတဲ့အချိန်မှာ ကျွန်တော်ပြန်လာခဲ့မယ်။ ဒီဝေစာကို ခင်ဗျား ဘယ်လိုသဘောထားတယ်ဆိုတာ ကျွန်တော်သိချင်ပါတယ်။”
၃ ဤလုပ်ငန်းနှင့်ပတ်သက်ပြီး စိုးရိမ်နေဖို့မလိုပါ။ ကြေညာသူတစ်ဦး ဤသို့ပြောပြခဲ့သည်–“အပျက်သဘောနဲ့ တုံ့ ပြန်လိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတော်သတင်းတရားကိုလုံးဝခြားနားစွာတုံ့ ပြန်မှုက ကျွန်တော့်ကို အံ့သြစေခဲ့ပါတယ်။ သူတို့ဟာ အမှန်တကယ်ယဉ်ကျေးဖော်ရွေပြီး အမြဲတမ်းလိုလို မဂ္ဂဇင်းတွေကိုလက်ခံခဲ့တယ်။”
၄ အိမ်ရာမြေကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သောအမျိုးသမီးတစ်ဦးက သက်သေခံများအား သူမ၏ရုံးသို့ဖိတ်ခေါ်ခဲ့သည်။ သူမသည် မဂ္ဂဇင်းများကိုလက်ခံခဲ့ပြီး ကျမ်းစာသင်အံမှုကျင်းပခြင်းကို စိတ်ဝင်စားကြောင်းဖော်ပြသည်။ သူမအား အသိပညာ စာအုပ်ပြပြီး ချက်ချင်းပင် သူမ၏ရုံး၌ သင်အံမှုစလိုက်ရသည်!
၅ သင့်ရပ်ကွက်ကို စေ့စပ်စွာ လုပ်ဆောင်ရသည့်တာဝန်တွင် အိမ်နီးနားချင်း အလုပ်အကိုင်လုပ်ကိုင်နေသူ တစ်ဦးစီထံ သွားရောက်ခြင်းပါဝင်သည်။ (တ. ၁၀:၄၂) သီးသန့်အိမ်များသို့သွားသကဲ့သို့ ဤအိမ်များသို့သွားရန် စီစဉ်ပါ။ သင့်ရပ်ကွက် ပို၍စေ့စပ်စွာ ပြီးမြောက်ရုံသာမကဘဲ အလွန်အားရှိဖွယ်တွေ့ ကြုံမှုများဖြင့် ဆုချခံရမည်တကား!