အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း —စီးပွားရေးရပ်ကွက်မှာ သက်သေခံခြင်း
ဘာကြောင့်အရေးကြီး– လူများစွာက အိမ်မှာရှိချိန်နည်းသွားပြီး အလုပ်ခွင်မှာပဲ ရှိတတ်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ အလုပ်ခွင်ကိုသွားပြီး ဟောပြောတာက အကောင်းဆုံးဖြစ်တယ်။ စီးပွားရေးရပ်ကွက်မှာ သက်သေခံတာက အကျိုးဖြစ်ထွန်းတယ်။ အကြောင်းက ဆိုင်တိုင်းမှာလူတွေရှိပြီး သူတို့က ဆိုင်ထဲဝင်လာသူတွေကို ဝယ်သူတွေလို့ထင်ပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်ကြတယ်။ ထိရောက်စွာဟောပြောနိုင်ဖို့ ညီအစ်ကို/မတွေက လိမ္မာပါးနပ်မှုရှိပြီး သပ်သပ်ရပ်ရပ် ဝတ်စားဖြီးလိမ်းရမယ်။ (၂ ကော. ၆:၃) ဒါကြောင့် လုပ်ငန်းတော်ကြီးကြပ်မှူးက စီးပွားရေးရပ်ကွက်မှာ ဘယ်သူတွေ၊ ဘယ်လိုဟောပြောရမလဲဆိုတာ စီစဉ်ပေးသင့်တယ်။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
စီးပွားရေးရပ်ကွက်မှာ ဟောပြောဖို့ သင်တာဝန်ရတယ် ဆိုရင် အတိုချုပ်သက်သေခံနည်းကို မိသားစုဝတ်ပြုမှုမှာ လေ့ကျင့်ပါ။