ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၄ စာ. ၄
  • စီးပွားရေးရပ်ကွက်တွင် ဟောပြောပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စီးပွားရေးရပ်ကွက်တွင် ဟောပြောပုံ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း —စီးပွားရေးရပ်ကွက်မှာ သက်သေခံခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • သတင်းကောင်းကို နေရာတိုင်း၌ဟောပြောပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • စီးပွားရေးရပ်ကွက်မှာ သက်သေခံတဲ့အခါ ယုံကြည်စိတ်ချမှုရှိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • သင်၌ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ရှိသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၇/၀၄ စာ. ၄

စီးပွားရေးရပ်ကွက်တွင် ဟောပြောပုံ

၁။ စီးပွားရေးရပ်ကွက်တွင် သက်သေခံခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။

၁ ယေဘုယျအားဖြင့် ဧည့်သည်များကိုကြိုဆိုပြီး လူမတွေ့သည့်အိမ် ရှိခဲသောရပ်ကွက်မျိုးတွင် သင် ဟောပြောလိုပါသလော။ သင့်အသင်းတော်ရပ်ကွက်၌ပင် သင် ထိုသို့လုပ်နိုင်ကောင်းလုပ်နိုင်ပေမည်။ မည်သို့အားဖြင့်နည်း။ ရပ်ကွက်တွင် တွေ့ရသည့် ဆိုင်များသို့ လည်ပတ်ခြင်းအားဖြင့်ဖြစ်သည်။ တစ်ဆိုင်မှတစ်ဆိုင် သက်သေခံကြသောကြေညာသူများသည် ရလဒ်ကောင်းများကို မကြာခဏရရှိကြသည်။

၂။ စီးပွားရေးနေရာတွင် သက်သေခံခြင်းကို မည်သို့စီစဉ်ဆောင်ရွက်နိုင်သနည်း။

၂  အသင်းတော်အချို့တွင် ခန့်အပ်ခံရပ်ကွက်၏အစိတ်အပိုင်းဖြစ်သည့် စီးပွားရေးရပ်ကွက်များရှိသည်။ ရပ်ကွက်ကိုင်သောညီအစ်ကိုသည် ဤလူထူထပ်သောစီးပွားရေးနေရာများအတွက် အထူးရပ်ကွက်မြေပုံကတ်များကို ပြင်ဆင်ထားနိုင်သည်။ ထိုနေရာများပါဝင်သည့် မည်သည့်လူနေရပ်ကွက် မြေပုံကတ်တွင်မဆို ဆိုင်များကို လူနေရပ်ကွက်၏ အစိတ်အပိုင်းအဖြစ် လုပ်ဆောင်ရန်မဟုတ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသင့်သည်။ အခြားရပ်ကွက်များတွင်မူ ဆိုင်များကို လူနေအိမ်များနှင့်တစ်ပါတည်းလုပ်နိုင်သည်။ သင်သည် ဈေးဆိုင်များတွင် တစ်ခါမျှ သက်သေမခံဖူးလျှင် ဆိုင်ငယ်အချို့တွင် စမ်းဟောကြည့်ခြင်းဖြင့် စတင်ပါ။

၃။ တစ်ဆိုင်မှတစ်ဆိုင် သက်သေခံသည့်အခါ ထိရောက်မှုရှိရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။

၃ ရိုးရှင်းသောချဉ်းကပ်နည်းကို သုံးပါ– တစ်ဆိုင်မှတစ်ဆိုင် သက်သေခံသည့်အခါ နိုင်ငံတော်ခန်းမတွင် အစည်းအဝေးတက်သည့် ဝတ်စားဆင်ယင်ပုံအတိုင်း ဝတ်ဆင်ရန်အရေးကြီး၏။ ဆိုင်တွင် အလုပ်မများသောအချိန်ကိုလည်း ရွေးသင့်သည်။ ဖြစ်နိုင်ပါက ဈေးဝယ်ရန်စောင့်နေသူများမရှိချိန်တွင် ဆိုင်ထဲသို့ဝင်ပါ။ မန်နေဂျာ သို့မဟုတ် ဆိုင်တာဝန်ခံကို စကားပြောခွင့်တောင်းပါ။ တိုတုတ်ပြီး လိုရင်းရောက်စေပါ။ သင် မည်သို့ပြောဆိုနိုင်သနည်း။

၄-၆။ ဆိုင်ရှင် သို့မဟုတ် မန်နေဂျာတစ်ဦးကို သက်သေခံသည့်အခါ မည်သည့်အရာပြောနိုင်သနည်း။

၄ သင်သည် ဆိုင်ရှင် သို့မဟုတ် မန်နေဂျာတစ်ဦးနှင့်စကားပြောသည့်အခါ ဤသို့ပြောနိုင်သည်– “စီးပွားရေးသမားတွေဟာ အရမ်းအလုပ်များလို့ အိမ်မှာတွေ့ရခဲတယ်။ ဒါကြောင့် ခင်ဗျားရဲ့အလုပ်ခွင်ကို လာရခြင်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့မဂ္ဂဇင်းတွေက လက်ရှိဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေအပေါ် ကမ္ဘာချီရှုမြင်သုံးသပ်ချက်ကို ဖော်ပြပေးတယ်။” ထို့နောက် မဂ္ဂဇင်းမှ တိုတုတ်သည့်အချက်တစ်ချက်ကို ဖော်ပြပါ။

၅ သို့မဟုတ် ဤရိုးရှင်းသောချဉ်းကပ်နည်းကို သင် စမ်းကြည့်နိုင်သည်– “လူများစွာဟာ ကျမ်းစာအကြောင်း ပိုမိုသိချင်ကြပေမဲ့ အချိန်မပေးနိုင်ကြဘူး။ ဒီဝေစာက မိတ်ဆွေရဲ့ ကျမ်းစာမေးခွန်းအဖြေတွေရရှိအောင် ကူညီဖို့အသင့်ရှိတဲ့ အခမဲ့သင်အံမှုအစီအစဉ်တစ်ခုကို ရှင်းပြပေးပါတယ်။” ထို့နောက် သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော [လိပ်] ဝေစာ၏ စာမျက်နှာ ၄-၅ ကိုညွှန်ပြပါ။

၆ ဆိုင်တာဝန်ခံသည် အလုပ်များနေပုံပေါက်ပါက ဝေစာကိုသာဝေငှပြီး ဤသို့ပြောနိုင်သည်– “မိတ်ဆွေ အလုပ်သိပ်မများတဲ့အချိန်မှာ ကျွန်တော်ပြန်လာခဲ့မယ်။ အဲဒီအခါ ဒီဝေစာကို မိတ်ဆွေဘယ်လိုသဘောထားတယ်ဆိုတာ ကျွန်တော်သိချင်တယ်။”

၇။ စီးပွားရေးရပ်ကွက်တွင် ကျွန်ုပ်တို့တွေ့ရသည့် စိတ်ဝင်စားမှုကို မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။

၇  စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ခြင်း– သင်သည် စီးပွားရေးရပ်ကွက်တွင်ပင် ကျမ်းစာသင်အံမှုကျင်းပနိုင်သည်။ အထူးရှေ့ဆောင်တစ်ဦးသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံ မဂ္ဂဇင်းများ ပုံမှန်သွားပို့ပေး၏။ ထိုသူသည် ဖတ်နေသောအရာကို စိတ်ဝင်စားလာသည့်အခါ ရှေ့ဆောင်က တောင်းဆို ဘရိုရှာကို အသုံးပြု၍ ကျမ်းစာသင်အံမှုအစီအစဉ်ကိုပြသ၏။ ထိုသူ၏အလုပ်ခွင်တွင်ပင် သင်အံမှုကို ချက်ချင်းစလိုက်သည်။ ရှေ့ဆောင်သည် အခြေအနေကိုထည့်တွက် သုံးသပ်ကာ သင်အံမှုကို တစ်ကြိမ်လျှင် ၁၀ မိနစ် သို့မဟုတ် ၁၅ မိနစ် ကန့်သတ်ထားသည်။ အလားတူပင် ကျွန်ုပ်တို့လည်း စီးပွားရေးရပ်ကွက်တွင် သက်သေခံခြင်းအားဖြင့် ထိုက်တန်သူများကို ဆက်လက်ရှာဖွေနိုင်ကြပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ