မေးခွန်းသေတ္တာ
▪ အိမ်၌မတွေ့နိုင်သောအိမ်ရှင်များထံ စာရေးသောအခါ ကျွန်ုပ်တို့သိထားသင့်ရာကား အဘယ်နည်း။
အကြောင်းအမျိုးမျိုးကြောင့် ကျွန်ုပ်တို့သည် အိမ်များသို့သွားရောက်လည်ပတ်သောအခါ လူတို့နှင့်တွေ့ရန် ပို၍အခက်အခဲတွေ့လာကြရသည်။ သူတို့ထံရောက်ရန် လက်တွေ့ကျသောနည်းမှာစာရေးခြင်းဖြစ်ကြောင်း ကြေညာသူအချို့တွေ့ရှိကြသည်။ အကျိုးရလဒ်ကောင်းများရရှိသော်လည်း အခက်အခဲအချို့ကိုရှောင်ကြဉ်ရန် ကျွန်ုပ်တို့အားအကူအညီဖြစ်စေနိုင်သည့်သတိပေးချက်များကို သုံးသပ်ဖို့လိုသည်–
အသင်းမ၏လိပ်စာကို မသုံးပါနှင့်။ ယင်းသည် ကျွန်ုပ်တို့၏ရုံးများမှ ပေးပို့သည့်သဘောသက်ရောက်သောကြောင့် မသင့်လျော်ဘဲ မလိုလားအပ်သောပြဿနာများပေါ်ပေါက်နိုင်ကာ တစ်ခါတစ်ရံ အကုန်အကျပိုများသည်။
အိမ်ရှင်များ၏လိပ်စာမှန်ကန်စေရန်နှင့် လုံလောက်သောစာပို့ခပါစေရန် သေချာစေပါ။
“နေထိုင်သူ” ဟူ၍လိပ်စာမတပ်ပါနှင့်; တိကျသောနာမည်ကိုသုံးပါ။
အိမ်တွင်တစ်ယောက်မျှမရှိသောအခါ စာကို တံခါးတွင်မထားခဲ့ပါနှင့်။
တိုတုတ်သောစာများသည် အကောင်းဆုံးဖြစ်သည်။ ရှည်လျားသောသတင်းတရားကို ရေးဖို့ကြိုးစားမည့်အစား ဝေစာတစ်စောင် သို့မဟုတ် မဂ္ဂဇင်းတစ်စောင်ကို ပူးတွဲပေးပို့ပါ။
လက်နှိပ်စက်ဖြင့်ရေးထားသောစာသည် ဖတ်ရန်ပို၍လွယ်ကူစေပြီး ပို၍သဘောကျစွဲမှတ်ဖွယ်ဖြစ်စေသည်။
လူတစ်ဦးကို ယခင်က သင်ကိုယ်တိုင်သက်သေမခံခဲ့ဖူးလျှင် စာများကို ပြန်လည်ပတ်မှုအဖြစ်မရေတွက်ပါနှင့်။
ယခင်ကစိတ်ဝင်စားမှုပြသူထံ သင်စာရေးသောအခါ သင့်ကိုဆက်သွယ်နိုင်ရန် လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်ပေးသင့်သည်။ ကျွန်ုပ်တို့၏သင်အံမှုအစီအဉ်ကို ရှင်းပြပါ။
ဒေသခံအသင်းတော်စည်းဝေးများသို့ ဖိတ်ခေါ်ချက်တစ်ခုကမ်းလှမ်းပါ။ လိပ်စာနှင့်စည်းဝေးအချိန်များကို ပေးထားပါ။
ရပ်ကွက်ပြန်အပ်ပြီးနောက် လူမရှိသည့်အိမ်များထံ ဆက်၍စာမပို့ပါနှင့်; ရပ်ကွက်ကိုလောလောဆယ်ကိုင်တွယ်နေသောကြေညာသူသည် ယင်းကိုလုပ်ဆောင်ရန်တာဝန်ရှိသည်။