ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၆ စာ. ၁-၇
  • ကျွန်ုပ်တို့ကိုယ်ကို လိုလိုလားလား ပေးဆက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့ကိုယ်ကို လိုလိုလားလား ပေးဆက်ခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းသောအလုပ်တိုင်းကို စိတ်လိုကိုယ်လျောက်ဆောင်ရွက်ရန် မိမိကိုယ်ကိုဆက်သခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်တဲ့ နည်းလမ်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • သင်၏တိုးတက်မှု ထင်ရှားပါလေစေ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းရန် ပိုမိုပြုလုပ်နိုင်ဦးမည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၁၂/၉၆ စာ. ၁-၇

ကျွန်ုပ်တို့ကိုယ်ကို လိုလိုလားလား ပေးဆက်ခြင်း

၁ ယေဟောဝါ၏လူမျိုးတော်သည် “လိုလိုလားလားပေးဆက်မည်” ဟုဆာလံဆရာဒါဝိဒ်ပရောဖက်ပြုခဲ့သည်; ဆိုလိုသည်မှာ “အသင့်ရှိသောစေတနာ့ဝန်ထမ်းများ” ဟူ၍ဖြစ်သည်။ (ဆာ. ၁၁၀:၃၊ ကဘ။ အောက်ခြေမှတ်ချက်) ယင်းသည် ကျွန်ုပ်တို့၏ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအလယ်တွင် အမှန်ပင်ပြည့်စုံနေသည်။ လွန်ခဲ့သည့်လုပ်ငန်းတော်လေးနှစ်၏နှစ်စဉ်အတွင်း ယေဟောဝါ၏လူမျိုးတော်သည် နိုင်ငံတော်သတင်းကောင်းပျံ့နှံ့စေရန် နာရီပေါင်းသန်းတစ်ထောင်ကျော်ပေးဆက်ခဲ့ကြသည်။ ဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းလုပ်ငန်းအပြင် အခြားသူများကိုကူညီရန် ကျွန်ုပ်တို့ကိုယ်ကို လိုလိုလားလားပေးဆက်နိုင်သောနည်းများစွာရှိပါသည်။

၂ ကျွန်ုပ်တို့၏လိုလိုလားလားရှိခြင်းကို တင်ပြနိုင်သည့်နည်းများ– အသင်းတော်ရှိအချို့သူများသည် စည်းဝေးများတက်ဖို့ အကူအညီလိုပေမည်။ သင်နှင့်အတူ သူတို့ကိုခေါ်ဆောင်ဖို့ စေတနာ့ဝန်ထမ်းလုပ်ဆောင်ပါလေ။ အခြားသူများသည် ဖျားနာ၊ အိုမင်းမစွမ်း သို့မဟုတ် ဆေးရုံတက်နေရပေမည်။ သင်ဦးဆောင်ဦးရွက်ပြုပြီး သူတို့ထံလည်ပတ်နိုင်သလော သို့မဟုတ် အချို့သောနည်းဖြင့် ကူညီပေးနိုင်သလော။ တစ်ဦးစီကို သို့မဟုတ် မိသားစုတစ်ခုလုံးကို အားပေးဖို့လိုကောင်းလိုမည်။ အခါအားလျော်စွာ ထိုသို့သောသူများကို သင့်မိသားစုသင်အံမှုတွင်ပါဝင်ရန် ဖိတ်ခေါ်ဖို့ သင်စဉ်းစားမိသလော။ ရှေ့ဆောင်တစ်ဦး သို့မဟုတ် ကြေညာသူတစ်ဦးသည် ဓမ္မအမှုတွင် အဖော်တစ်ဦးလိုပေမည်။ လုပ်ငန်းတော်တွင်အတူလုပ်ဆောင်ရန် ကမ်းလှမ်းလျှင်မကောင်းပေလော။ ယင်းတို့သည် ယုံကြည်ခြင်းတွင် ကျွန်ုပ်တို့နှင့်ဆက်စပ်နေသူများ၏ကောင်းကျိုးအတွက် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ပေးနိုင်သောနည်းအချို့ဖြစ်သည်။—ဂလ. ၆:၁၀။

၃ ညီအစ်ကိုများသည် အကြီးအကဲနှင့်ဓမ္မအမှုထမ်းများ၏ အရည်အချင်းများကိုပြည့်မီရန် ကြိုးစားခြင်းဖြင့် ယေဟောဝါ၏အဖွဲ့အစည်းတွင် အသုံးတော်ခံဖို့တလိုတလားရှိကြောင်း တင်ပြနိုင်သည်။ (၁ တိ. ၃:၂-၁၀၊ ၁၂၊ ၁၃; တိ. ၁:၅-၉) အရေအတွက်ဆက်တိုးပွားလာစဉ် ဟောပြောသွန်သင်ခြင်းနှင့် အသင်းတော်သိုးထိန်းခြင်းလုပ်ငန်းကို ဦးဆောင်ဖို့တလိုတလားရှိပြီး အရည်အချင်းရှိသည့်ညီအစ်ကိုများ လိုအပ်လာသည်။—၁ တိ. ၃:၁။

၄ ကျွန်ုပ်တို့ထဲမှအချို့သည် အခါအားလျော်စွာ အရန်ရှေ့ဆောင်များအဖြစ်စာရင်းသွင်းခြင်းဖြင့် ယေဟောဝါ၏လုပ်ငန်းတော်အတွက် ကြီးမားသောအတိုင်းအတာဖြင့် အသုံးတော်ခံနိုင်ကောင်းခံနိုင်ပေမည်။ ကျွန်ုပ်တို့၏ဇယားကို အနည်းအကျဉ်းပြုပြင်ပြောင်းလဲခြင်းဖြင့်လည်း ထိုသို့ဆက်တိုက်လုပ်ဆောင်နိုင်သည် သို့မဟုတ် မှန်မှန်ရှေ့ဆောင်လုပ်ငန်းကိုပင် စလုပ်နိုင်သည်။ ကျွန်ုပ်တို့၏အခြေအနေများက အကူအညီအထူးလိုအပ်သည့်ဒေသသို့ပြောင်းရွှေ့ရန် ဖြစ်နိုင်သလော။ ဗေသလတွင်အမှုထမ်းရန် ကျွန်ုပ်တို့ကိုယ်ကိုအသုံးတော်ခံပြီး ဤနည်းဖြင့် ကမ္ဘာချီလုပ်ငန်းတိုးတက်ရန် တိုက်ရိုက်ပါဝင်နိုင်သလော။ စေတနာ့ဝန်ထမ်းများ အမှန်တကယ်လိုအပ်သည့် နိုင်ငံတော်ခန်းမ၊ အစည်းအဝေးခန်းမနှင့် ဌာနခွဲအဆောက်အဦဆောက်လုပ်ခြင်းတို့တွင် များစွာလုပ်ဆောင်ပြီးမြောက်လျက်ရှိသည်။ ဤမွန်မြတ်သောလုပ်ငန်းများအတွက် မိမိတို့ကိုယ်ကိုပေးဆက်သူများသည် အလွန်တန်ဖိုးထားလေးစားခံရပြီး ကြွယ်ဝသောကောင်းချီးခံစားနေကြရသည်!—လု. ၆:၃၈။

၅ ဤအချိန်သည် အလွန်အားရဖွယ်အချိန်ဖြစ်သည်။ ယေဟောဝါသည် ဝိညာဉ်တော်အားဖြင့် လိုလိုလားလားရှိသူများနှင့်အတူ မြေကြီးပေါ်တွင် အံ့ဖွယ်လုပ်ငန်းတစ်ခုကို ပြီးမြောက်အောင်လုပ်ဆောင်နေသည်! ယေဟောဝါသည် မိမိအဖွဲ့အစည်းမှတစ်ဆင့် တိုးတက်နေသောနိုင်ငံတော်လုပ်ငန်းတွင်ပါဝင်ရန် ဖိတ်ခေါ်ကမ်းလှမ်းလာတိုင်း ‘ကျွန်ုပ်ကိုယ်ကိုကျွန်ုပ် လိုလိုလားလားပေးဆက်နေဆဲလော’ ဟူ၍ကိုယ့်ကိုယ်ကိုပြန်မေးလျှင်ကောင်းပေမည်။ ထို့နောက် ကျွန်ုပ်တို့၏နှလုံးနှင့်အခြေအနေများကို ဆုတောင်းစစ်ဆေးသင့်သည်။ ကျွန်ုပ်တို့၏ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းသည် ကျွန်ုပ်တို့အား မြင့်မြတ်သောလုပ်ငန်းတွင် လုပ်နိုင်ရာအားလုံးကိုလုပ်ဆောင်ရန် အသင့်ဖြစ်စေပြီး ဤနည်းဖြင့်ယေဟောဝါ၏နှလုံးကို အလွန်ပင်ရွှင်လန်းစေပေမည်!—ဇေ. ၃:၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ