ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၉ စာ. ၇
  • သင် ပုံမှန်မှာယူထားသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် ပုံမှန်မှာယူထားသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • မဂ္ဂဇင်းများက နိုင်ငံတော်ကိုကြေညာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၄/၉၉ စာ. ၇

သင် ပုံမှန်မှာယူထားသလော

၁ သင်သည် လယ်ကွင်းလုပ်ငန်းအတွက်စည်းဝေးခြင်းတစ်ခုသို့သွားရာ သင့်အိတ်ထဲတွင် မဂ္ဂဇင်းမရှိသည်ကို တွေ့ခဲ့ရဖူးသလော။ “ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ” ဟူ၍ခေါင်းစဉ်တပ်ထားသည့် စက်တင်ဘာ ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ကို ပြန်အမှတ်ရပါ။ ယင်းက “မဂ္ဂဇင်းအရေအတွက် အတိအကျမှာယူထားပါ” ဟုဆိုကာ “လထုတ်တိုင်း မဂ္ဂဇင်းစောင်ရေ မည်မျှယူလိုကြောင်း မဂ္ဂဇင်းတာဝန်ခံညီအစ်ကိုအား မှာထားပါ။ ဤနည်းအားဖြင့် သင်နှင့်သင့်မိသားစုသည် မဂ္ဂဇင်းစောင်ရေအလုံအလောက် မှန်မှန်ရရှိမည်ဖြစ်သည်” ဟုဖော်ပြထားသည်။ ယင်းသို့သင်ပြုလုပ်သလော။

၂ မဂ္ဂဇင်းများအတွက် ရလိုသည့်စောင်ရေကို ပုံမှန်မှာယူထားပါလေ။ သင်သည် တစ်ပတ်ပြီးတစ်ပတ် မဂ္ဂဇင်းဝေငှရခြင်းကို ပိုမိုကြီးမားသောတာဝန်အလား ခံစားရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် ပို၍ပျော်ရွှင်မှုခံစားရမည်ဖြစ်သည်။ သင်သည် မဂ္ဂဇင်းစောင်ရေပုံမှန်မှာယူထားပြီဆိုလျှင် ဓမ္မအမှုတွင် ပျမ်းမျှ သင်လိုအပ်သည့်မဂ္ဂဇင်းစောင်ရေပမာဏကိုရမရ ပြန်သုံးသပ်ပါ။ ကျွန်ုပ်တို့သည် ပတ်စဉ် မိမိတို့မှာယူထားသည့်မဂ္ဂဇင်းများကို မှန်မှန်ယူလိုကာ ယင်းသို့လုပ်ဆောင်ခြင်းကို တာဝန်တစ်ခုအဖြစ် ယူမှတ်သင့်သည်မှာ အမှန်ပင်။ သင်သည် အသင်းတော်မှ အချိန်အတန်ကြာခရီးထွက်မည်ဆိုလျှင် သင်ပြန်မရောက်မချင်း သင့်မဂ္ဂဇင်းများကို အခြားသူတစ်ဦးအား ဝေငှခိုင်းဖို့ သင်အလိုရှိမရှိ မဂ္ဂဇင်းအမှုထမ်းအား အသိပေးပါ။

၃ အထက်တွင်ကိုးကားဖော်ပြခဲ့သည့်ကြားညှပ်က “မဂ္ဂဇင်းနေ့ရက်တစ်ရက် သတ်မှတ်စီစဉ်ထား” သင့်ကြောင်းကိုလည်းပြောသည်။ အပတ်စဉ်မဂ္ဂဇင်းနေ့ကို သင်ထောက်ခံအားပေးနိုင်မည်လော။ ယေဟောဝါသက်သေများ၏ ၁၉၉၉ ခုနှစ်ပြက္ခဒိန်တွင်ဖော်ပြထားသကဲ့သို့ နှစ်တစ်နှစ်၏စနေနေ့တိုင်းသည် မဂ္ဂဇင်းနေ့ဖြစ်သည်! ကင်းမျှော်စင်နှင့် နိုးလော့!ဝေငှခြင်း၏အရေးပါမှုကို လျှော့မတွက်ပါနှင့်။ မဂ္ဂဇင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ရန်ကြိုးစားကြသောအခါ ကျွန်ုပ်တို့သည် အိမ်နီးချင်းများထံ ပို၍ကောင်းမွန်သော “ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူ” များဖြစ်ကြသည်။—ဟေရှာ. ၅၂:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ