ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၉ စာ. ၁
  • ယေဟောဝါ၏မျက်နှာမလိုက်မှုကိုတုပလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏မျက်နှာမလိုက်မှုကိုတုပလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏ မျက်နှာမလိုက်သောဘုရားသခင်ကို သင်တုပနေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါရဲ့ အရည်အသွေးတွေကို တန်ဖိုးထားလေးမြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သတင်းကောင်းဖြင့် သာ၍များသောလူတို့ထံ ရောက်ရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ဟောပြောခြင်းနှင့်သွန်သင်ခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၁၂/၉၉ စာ. ၁

ယေဟောဝါ၏မျက်နှာမလိုက်မှုကိုတုပလော့

၁ ယေဟောဝါသည် လူတို့အတွက်စိုးရိမ်မကင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် မိမိ၏အလိုတော်ကိုဆောင်သောမည်သူကိုမဆို မျက်နှာမလိုက်ဘဲ လက်ခံသည်။ (တ. ၁၀:၃၄၊ ၃၅) အလားတူပင်၊ ယေရှုသည်လည်း လူတို့ကိုဟောပြောသည့်အခါ မျက်နှာမလိုက်ခဲ့ပေ။ (လု. ၂၀:၂၁) “လူအပေါင်းတို့ကိုအစိုးရသောအရှင်တစ်ပါးတည်းရှိ၍၊ ကိုယ်တော်ကိုပတ္ထနာပြုသောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏” ဟုရေးသားခဲ့သောပေါလုနည်းတူ သူတို့၏ပုံသက်သေကို ကျွန်ုပ်တို့တုပဖို့လိုသည်။—ရော. ၁၀:၁၂။

၂ ကျွန်ုပ်တို့နှင့်တွေ့ဆုံသူအားလုံးကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြေညာခြင်းသည် ဘုရားသခင့်ဘုန်းတော်ကိုထင်ရှားစေသည်။ ကျွန်ုပ်တို့သည် အခြားသူတို့အား လူမျိုး၊ လူမှုရေးအဆင့်အတန်း၊ ပညာရေး သို့မဟုတ် စီးပွားရေးအခြေအနေမည်သို့ပင်ဖြစ်စေကာမူ ဤအံ့ချီးဖွယ်သတင်းကို ဆက်၍ဝေမျှရမည်ဖြစ်သည်။ (ရော. ၁၀:၁၁-၁၃) ယင်းက—အမျိုးသား၊ အမျိုးသမီး၊ လူငယ်နှင့်လူကြီးများ—နားထောင်မည့်သူများအား ဟောပြောခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့သည် အိမ်ရှင်တစ်ဦးစီအား သမ္မာတရားကိုကြားရန်အခွင့်အရေးရရှိစေဖို့ အိမ်တိုင်းသို့သွားရောက်လည်ပတ်ဖို့လိုသည်။

၃ ယောက်တိုင်းကိုစိတ်ဝင်စားပါ– ကျွန်ုပ်တို့၏ပန်းတိုင်သည် အတတ်နိုင်ဆုံး ယောက်တိုင်းနှင့်တွေ့ဆုံရန်ဖြစ်သည်။ ယင်းကိုစွဲမှတ်ထားခြင်းဖြင့် ကြေညာသူအချို့သည် ဆရာဝန်ရုံးများ၊ ဆေးရုံများ၊ ပြုစုစောင့်ရှောက်ရေးဂေဟာများ၊ သက်သာချောင်ချိရေးရုံးများနှင့် ပြန်လည်ထူထောင်ရေးဌာနများရှိ လူတို့ကိုသက်သေခံရာတွင် အောင်မြင်မှုရရှိခဲ့ကြသည်။ ထို့အပြင် ကြေညာသူများသည် ဈာပနစီစဉ်သူများ၊ စာသင်ကျောင်းကြီးကြပ်ရေးမှူးများ၊ အကြံပေးပုဂ္ဂိုလ်များနှင့် တရားသူကြီးများကို သက်သေခံခဲ့ကြပြီ။ အရာရှိများကိုချဉ်းကပ်သည့်အခါ ရပ်ကွက်တွင် သူတို့စီမံဆောင်ရွက်ပေးသည့် အထောက်အကူပြုလုပ်ငန်းများအတွက် သူတို့အား ကျေးဇူးတင်လေးမြတ်ကြောင်းဖော်ပြခြင်းသည် သင့်လျော်သည်။ ရိုသေလေးစားမှုပြကာ သူတို့၏အလုပ်နှင့်အထူးသက်ဆိုင်ပြီး ယင်းနှင့်ဆက်နွှယ်နေသည့်အခက်အခဲများအကြောင်းပါသည့် အခန့်သင့်ဆောင်းပါးများကိုရွေးချယ်ပါ။

၄ အဖြစ်အပျက်တစ်ခု၌ ညီအစ်မတစ်ဦးသည် တရားသူကြီးတစ်ဦးအား ၎င်း၏ရုံးခန်းတွင်စကားပြောရန် စီစဉ်ခဲ့သည်။ တက်ကြွစွာစကားပြောဆိုပြီးနောက် သူ ဤသို့မှတ်ချက်ချပြောဆိုခဲ့သည်– “ယေဟောဝါသက်သေတွေကို ကျွန်တော်ဘာသဘောကျသလဲသိလား။ သူတို့မှာ အခြေအမြစ်ရှိတဲ့မူတွေရှိပြီး အဲဒီကနေ သူတို့သွေဖည်မသွားကြဘူး။” ဤသြဇာရှိသူကို ကောင်းစွာသက်သေခံခဲ့ရသည်။

၅ ကျွန်ုပ်တို့သည် လူတို့၏နှလုံးကိုမသိရှိနိုင်ပါ။ သို့သော် ကျွန်ုပ်တို့တွေ့ဆုံသူယောက်တိုင်းနှင့် စကားပြောဆိုခြင်းအားဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းကို ညွှန်ကြားပေးသည့်ဘုရားသခင့်စွမ်းရည်အပေါ် ကျွန်ုပ်တို့ယုံကြည်ကြောင်းတင်ပြကြသည်။ ထို့အပြင် ယင်းက လူတို့အား မျှော်လင့်ချက်ပေးသည့်သတင်းကို ကြားခွင့်ရစေပြီး တုံ့ပြန်ခွင့်ရစေသည်။ (၁ တိ. ၂:၃၊ ၄) ကျွန်ုပ်တို့၏အချိန်ကို ပညာရှိရှိအသုံးပြုကာ အတတ်နိုင်ဆုံး လူအားလုံးထံ သတင်းကောင်းကိုရောက်ရှိစေခြင်းဖြင့် ယေဟောဝါ၏မျက်နှာမလိုက်မှုကိုတုပရန် ကြိုးစားကြစို့။—ရော. ၂:၁၁; ဧ. ၅:၁၊ ၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ