ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ဟောပြောခြင်းနှင့်သွန်သင်ခြင်းဖြင့်
၁ တမန်တော်ယောဟန်သည် ထာဝရသတင်းကောင်း ကြွေးကြော်နေသည့် ကောင်းကင်တမန်တစ်ပါးကို မြင်တွေ့ခဲ့၏။ (ဗျာ. ၁၄:၆) မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့သည် ကောင်းကင်တမန်၏ဦးဆောင်မှုကို လိုက်လျှောက်နေသည့် အကောင်းဆုံးပုံသက်သေဖြစ်ပြီး တစ်အိမ်တက်ဆင်းဓမ္မအမှုတွင် ထက်သန်စွာပါဝင်ကြသည်။ သို့သော် ယေဟောဝါထံမှရရှိသော တာဝန်တွင် အရေးကြီးသည့်ကဏ္ဍ နောက်တစ်ခုရှိပြီး ယင်းကို ကျွန်ုပ်တို့ လျစ်လျူရှုမိနိုင်သည်။ ထိုအရေးကြီးသောကဏ္ဍမှာ ကျမ်းစာသင်အံမှုများကျင်းပခြင်းဖြင့် တပည့်ဖြစ်စေခြင်းဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀) မြန်မာနိုင်ငံ၏ ဧပြီလကျမ်းစာသင်အံမှုမှတ်တမ်း အရေအတွက်မှာ ၂,၃၄၉ ခုဖြစ်သည်။ ယင်းက ကမ္ဘာတစ်ခွင်ပရဒိသုနှင့်ပတ်သက်သော သတင်းကောင်းကို ကြားနာလိုသူများစွာရှိသေးကြောင်း ဖော်ပြနေသည်ကို သင်သဘောတူပေမည်။ ဟောပြောခြင်းနှင့် သွန်သင်ခြင်း၏ အရေးပါသောထိုကဏ္ဍတွင် ကျွန်ုပ်တို့ သာ၍ကြိုးစားအားထုတ်နိုင်မည်လော။
၂ ကျွန်ုပ်တို့တစ်ဦးစီ၏တာဝန်– ကျမ်းစာသင်အံမှု ၂,၃၄၉ ခုဟူသော အကောင်းဆုံးအရေအတွက်ကို သုံးသပ်ကြည့်သောအခါ အဘယ်အရာတွေ့ရှိရသနည်း။ ရှေ့ဆောင်များသည် သင်အံမှု ၁,၅၉၄ ခုကျင်းပကြပြီး ကြေညာသူများသည် ၇၅၅ ခုကျင်းပကြသည်။ ကြေညာသူများအနေဖြင့် ကျမ်းစာသင်အံမှုနှင့် ပြန်လည်ပတ်မှုလုပ်ငန်းတွင် ပို၍အာရုံစိုက်ခြင်းဖြင့် အလုပ်ကြိုးစားသောရှေ့ဆောင်များကို ကူညီနိုင်မည်လော။ ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။ ဦးဆုံး၊ လယ်ကွင်းလုပ်ငန်းတွင် စာပေများဝေငှခြင်း၏ ပန်းတိုင်ကားအဘယ်နည်းဟု ကျွန်ုပ်တို့ကိုယ်ကို မေးရမည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ စာပေဝေငှရုံသာမဟုတ်ဘဲ ပြန်လည်ပတ်မှုများပြုလုပ်နိုင်ရန် စိတ်ဝင်စားမှုပျိုးထောင်ပေးရမည်ဖြစ်သည်။
၃ ပြန်လည်ပတ်ခြင်း၏ ရည်ရွယ်ချက်မှာ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ဖြင့် သင်အံမှုများစတင်ရန်ဖြစ်သည်။ ယင်းကို မည်သို့ထိရောက်စွာ လုပ်ဆောင်နိုင်သနည်း။ (၁) လှိုက်လှိုက်လှဲလှဲ ရင်းနှီးဖော်ရွေပါ၊ စိတ်ထက်သန်မှုရှိပါ။ (၂) ဆွေးနွေးမှုကို ရိုးရှင်းစေပြီး ကျမ်းစာကိုအခြေပြုပါ။ (၃) လည်ပတ်မှုပြုတိုင်း သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်မှ အိမ်ရှင်အတွက် အကျိုးရှိမည့်အရာတစ်ခုခု ပြောပြပါ။ (၄) နောက်တစ်ကြိမ်လည်ပတ်ရန် စီစဉ်ပါ။ (၅) ဖြစ်နိုင်လျှင် အစည်းအဝေးများကို ချက်ချင်းဖိတ်ခေါ်ပါ။
၄ လူများစွာသည် တစ်ကြိမ်ဖိတ်ခေါ်ရုံဖြင့် အသင်းတော်အစည်းအဝေးများ လာတက်ရောက်သည်ကို တွေ့ရသည်။ အစည်းအဝေးတွင် လူသစ်တစ်ဦးကို တွေ့ရှိပါက ကျွန်ုပ်တို့ ဘာလုပ်နိုင်သနည်း။ သူတို့နှင့် ကျမ်းစာသင်အံမှုပြုလုပ်နေ,မနေ မေးမြန်းကြည့်နိုင်သည်။ မပြုလုပ်သေးပါက သင်အံမှုကမ်းလှမ်းနိုင်ပါသည်။ သူတို့အနေဖြင့် အခွင့်အရေးရှိမည်ဆိုလျှင် ပို၍သိလိုကြပေမည်။
၅ အပြည့်အဝပါဝင်ပါ– ကြိုဟောထားသော ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ယောက်တိုင်းပါဝင်ရန် အရေးကြီးသည်။ (မာ. ၁၃:၁၀) ထိုတာဝန်ကို အကြီးအကဲများ၊ ရှေ့ဆောင်များသာ အဓိကလုပ်ဆောင်ရမည်မဟုတ်ပေ။ ခရစ်ယာန်တိုင်း လုပ်ဆောင်ရမည့်တာဝန်ရှိသည်။ ထို့ကြောင့် ဟောပြောရုံသာမဟုတ်ဘဲ ကျမ်းစာသင်အံမှုများကျင်းပပြီး သွန်သင်ခြင်းဖြင့် ကျွန်ုပ်တို့အားလုံး ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြနိုင်ကြပါစေ။