သင်မည်သို့နားထောင်သည်ကို အာရုံစိုက်ပါ
အသင်းတော်အစည်းအဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများကိုတက်ရောက်သည့်အခါ အသေအချာအာရုံစိုက်ခြင်းသည် အရေးကြီးသည်။ (လု. ၈:၁၈) သင်၏နားထောင်ခြင်းစွမ်းရည်ကို မည်သို့တိုးတက်စေနိုင်သနည်း။
◼ အစည်းအဝေးများမစမီ အစာများများစားခြင်းကိုရှောင်ပါ။
◼ သင့်စိတ်ကို မပျံ့လွင့်စေပါနှင့်။
◼ အဓိကအချက်များကို မှတ်စုတိုများယူပါ။
◼ ဖတ်နေသည့်ကျမ်းချက်များကို လိုက်ဖွင့်ကြည့်ပါ။
◼ အခွင့်အရေးရသည့်အခါ ပါဝင်ပါ။
◼ တင်ဆက်သည့်အကြောင်းအရာကို ပြန်ပြောင်းတွေးတောပါ။
◼ သင်ကြားသိရသည့်အရာအား အသုံးပြုမည့်နည်းများကို စဉ်းစားပါ။
◼ ထို့နောက် သင်သိခဲ့ရသည့်အရာကို ဆွေးနွေးပါ။
သီအိုကရက်တစ်ဓမ္မအမှုကျောင်းလမ်းညွှန်စာအုပ်၊ သင်ခန်းစာ ၅ ကိုကြည့်ပါ။