ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၀ စာ. ၁
  • ဆက်ဟောပြောနေလော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆက်ဟောပြောနေလော့!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အဘယ်ကြောင့် ဆက်ဟောပြောနေရသနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ကျွန်ုပ်တို့ အဘယ်ကြောင့်ပြန်သွားနေရသနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၁၁/၀၀ စာ. ၁

ဆက်ဟောပြောနေလော့!

၁ ဘုရားသခင်၏အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေ” ရန်ဖြစ်၏။ (၁ တိ. ၂:၄) ထိုအကြောင်းကြောင့် ကိုယ်တော်သည် သတင်းကောင်းဟောပြောရန်တာဝန်ကို ကျွန်ုပ်တို့အား ပေးအပ်ခဲ့ခြင်းဖြစ်၏။ (မ. ၂၄:၁၄) ကျွန်ုပ်တို့ အဘယ်ကြောင့် ဆက်ဟောပြောသင့်ကြောင်းကို သဘောပေါက်လျှင် ကြုံတွေ့လာမည့် စိတ်ပျက်အားလျော့မှု သို့မဟုတ် ဖြစ်ပေါ်လာနိုင်သော အာရုံပျံ့လွင့်မှုတစ်ခုခုက ကျွန်ုပ်တို့ကိုအဟန့်အတားဖြစ်စေမည်မဟုတ်ပါ။

၂ အဘယ်ကြောင့်စွဲစွဲမြဲမြဲရှိရ။ ကျွန်ုပ်တို့ပြောသည့်အရာကို လူတို့မေ့လျော့ သို့မဟုတ် ပေါ့ပေါ့တန်တန်သဘောထားစေသည့် အာရုံပျံ့လွင့်စရာများစွာ ကမ္ဘာပေါ်တွင်ရှိ၏။ ထို့ကြောင့် ဘုရားသခင်၏ကယ်တင်ခြင်းသတင်းကို သူတို့အား ဆက်သတိပေးနေကြရမည်။ (မ. ၂၄:၃၈၊ ၃၉) ထို့အပြင် လူတို့၏ဘဝအခြေအနေများသည် အမြဲပြောင်းလဲနေသည်။ ကမ္ဘာ့အခြေအနေများပင် နေ့ချင်းညချင်း အကြီးအကျယ်ပြောင်းလဲနိုင်သည်။ (၁ ကော. ၇:၃၁) မနက်ဖြန်၊ နောက်အပတ် သို့မဟုတ် နောက်လတွင် ကျွန်ုပ်တို့ဟောသည့်လူတို့သည် ၎င်းတို့ထံယူဆောင်သွားသည့်သတင်းကောင်းကို အလေးအနက်သုံးသပ်ဖို့ဖြစ်စေသည့် အသစ်သောပြဿနာများ သို့မဟုတ် အရေးကိစ္စများကို ရင်ဆိုင်ကြရပေမည်။ သင့်ထံ သမ္မာတရားယူဆောင်ခဲ့သည့်သက်သေခံသည် စွဲစွဲမြဲမြဲရှိခဲ့သည့်အတွက် သင်ကျေးဇူးမတင်ပေလော။

၃ ဘုရားသခင့်ကရုဏာတော်ကိုတုပရန်– ယေဟောဝါသည် ဆိုးသွမ်းသူများကို တရားမစီရင်မီ အချိန်ကုန်လွန်စေရန် စိတ်ရှည်စွာခွင့်ပြုတော်မူသည်။ ကိုယ်တော်သည် နှလုံးရိုးဖြောင့်သူများအား မိမိထံပြန်လှည့်လာကာ ကယ်တင်ခြင်းခံရဖို့ ကျွန်ုပ်တို့အားဖြင့် ဆက်၍ဆွဲဆောင်တော်မူသည်။ (၂ ပေ. ၃:၉) ကျွန်ုပ်တို့သည် ဘုရားသခင့်ကရုဏာပါသည့်သတင်းကို လူတို့အားမကြေညာ၊ မိမိတို့၏လမ်းစဉ်ဆိုးများကိုမစွန့်သူအားလုံးအပေါ် လာမည့်ဘုရားသခင့်တရားစီရင်ခြင်းအကြောင်း သတိမပေးလျှင် သွေးပြစ်သင့်မည်ဖြစ်သည်။ (ယေဇ. ၃၃:၁-၁၁) ကျွန်ုပ်တို့၏ဟောပြောခြင်းသည် အမြဲလက်ခံမှုကောင်းမရစေကာမူ စိတ်ရင်းမှန်သူများအား ဘုရားသခင်၏မဟာကရုဏာတော်ကို လေးမြတ်ရန်ကူညီပေးဖို့ကြိုးစားမှုများမှ မည်သည့်အခါမျှအရှိန်လျော့မသွားရပါ။—တ. ၂၀:၂၆၊ ၂၇; ရော. ၁၂:၁၁။

၄ ကျွန်ုပ်တို့၏မေတ္တာကိုတင်ပြရန်– မြေတစ်ပြင်လုံးတွင် သတင်းကောင်းကိုဟောပြောရန် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါဘုရားသခင်မိန့်မှာခဲ့သည်။ (မ. ၂၈:၁၉၊ ၂၀) နားထောင်ရန် လူတို့ငြင်းဆိုသည့်အခါ၌ပင် မှန်ရာကို စွဲစွဲမြဲမြဲလုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကိုချစ်သည့် ကျွန်ုပ်တို့၏မေတ္တာနှင့် ဆည်းကပ်ဝတ်ပြုမှုကို တင်ပြရန်အခွင့်အရေးရရှိကြသည်။—၁ ယော. ၅:၃။

၅ ဆက်ဟောပြောရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချနိုင်ကြပါစေ! ယေဟောဝါ၏ “ကယ်တင်ရာနေ့” ရှိနေသေးစဉ် ယင်းကို ဇွဲနပဲဖြင့်လုပ်ဆောင်ကြစို့။—၂ ကော. ၆:၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ