ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၂ စာ. ၈
  • အဘယ်ကြောင့် ဆက်ဟောပြောနေရသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ်ကြောင့် ဆက်ဟောပြောနေရသနည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ‘ဒီစကားကို သူတို့ကို သင်ပြောရမယ်’
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ကျွန်ုပ်တို့ အဘယ်ကြောင့် ထပ်ခါထပ်ခါ ပြန်သွားရ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ယေရမိကဲ့သို့ နိုးကြားလျက်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၂/၀၂ စာ. ၈

အဘယ်ကြောင့် ဆက်ဟောပြောနေရသနည်း

၁ သင့်ရပ်ကွက်တွင် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်နေသည်မှာ ကြာပြီလော။ (မ. ၂၄:၁၄) ကြာပြီဆိုလျှင် အသင်းတော်ရပ်ကွက်ကို စေ့ငစွာလုပ်ဆောင်ခဲ့ပြီဟု သင်ယူမှတ်ပေမည်။ ယခု သင်ဟောပြောသောအခါ သင်နှင့်တွေ့သူအများစုသည် နိုင်ငံတော်သတင်းကို စိတ်မဝင်စားကြပုံပေါက်ပေမည်။ သို့တိုင် ဟေရှာယ ပရောဖက်ပြုချက် ၂ စာအုပ် စာမျက်နှာ ၁၄၁ [လိပ်] တွင်ယေရှု၏တပည့်စစ်များနှင့်ပတ်သက်၍ ဤသို့ဝန်ခံထားသည်ကို သတိပြုပါ– “အချို့ဒေသများတွင် သူတို့ဓမ္မအမှု၏အကျိုးရလဒ်များသည် စိုက်ထုတ်ခဲ့သည့် အလုပ်နှင့် ကြိုးစားမှုပမာဏနှင့် နှိုင်းယှဉ်သည့်အခါ မည်မည်ရရမရှိပုံပေါက်ပေမည်။ သို့တိုင် သူတို့ခံနိုင်ရည်ရှိကြသည်။” သို့သော် အဘယ်ကြောင့် ဆက်ဟောပြောနေရသနည်း။

၂ ယေရမိကိုသတိရပါ– ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့သစ္စာရှိရှိကြံ့ကြံ့ခံရပ်ခြင်းသည် လူတို့နားထောင်ခြင်း၊ မထောင်ခြင်းအပေါ် မူမတည်သင့်ပေ။ ယေရမိသည် မိမိ၏သတင်းတရားကို နားထောင်သူအလွန်နည်းပြီး အများစုက အတိုက်အခံပြုကြသော်လည်း ရပ်ကွက်တစ်ခုတည်းတွင် နှစ်ပေါင်း ၄၀ ဟောပြောခဲ့သည်။ အဘယ်ကြောင့် ယေရမိစွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့သနည်း။ သူသည် မိမိအား ဘုရားသခင် မိန့်မှာထားသည့်အလုပ်ကို လုပ်ဆောင်နေခြင်းနှင့် အနာဂတ်တွင် ဖြစ်ပျက်လာမည့်အရာကို သိရှိခြင်းက ရဲရင့်စွာဆက်ဟောပြောနေရန် သူ့အားလှုံ့ဆော်ပေးခြင်းကြောင့်ဖြစ်သည်။—ယေ. ၁:၁၇; ၂၀:၉။

၃ ကျွန်ုပ်တို့၏အခြေအနေသည် အလားတူပင်ဖြစ်၏။ ယေရှုသည် “အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှာ၊ ဘုရားသခင်ခန့်ထားတော်မူကြောင်းကို လူအပေါင်းတို့အားဟောပြောကြလော့။ သက်သေခံကြလော့ဟု [ကျွန်ုပ်တို့အား] ပညတ်ထားတော်မူ၏။” (တ. ၁၀:၄၂) ကျွန်ုပ်တို့သက်သေခံသည့်သတင်းသည် ကြားနာသူများအတွက် သေရေးရှင်ရေးကိစ္စဖြစ်သည်။ လူတို့သည် သတင်းတရားအား သူတို့၏တုံ့ပြန်မှုအပေါ်အခြေပြု၍ တရားစီရင်ခံရကြမည်။ ထို့ကြောင့် ကျွန်ုပ်တို့၏တာဝန်မှာ မိန့်မှာထားသည့်အတိုင်း အတိအကျလုပ်ဆောင်ရန်ဖြစ်၏။ နားထောင်ရန် လူတို့ငြင်းဆိုသည့်အခါ၌ပင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့်လုပ်ငန်းတွင် စွဲစွဲမြဲမြဲရှိခြင်းအားဖြင့် သူတို့အပေါ် ကျွန်ုပ်တို့၏မေတ္တာနက်ရှိုင်းမှုနှင့် ယေဟောဝါထံ ကျွန်ုပ်တို့၏ဆည်းကပ်ဝတ်ပြုမှုကို တင်ပြရန်အခွင့်အရေးရရှိစေသည်။ သို့သော် ထို့ထက်မကရှိသေးသည်။

၄ ကျွန်ုပ်တို့အကျိုးရရှိနေ– ရပ်ကွက်တွင် တုံ့ပြန်မှုမည်သို့ပင်ရှိပါစေ ဘုရားသခင့်အလိုတော်ဆောင်ခြင်းသည် အခြားမည်သည့်နည်းဖြင့်မျှ မရရှိနိုင်သော အတွင်းငြိမ်သက်မှု၊ ကျေနပ်မှုနှင့် ပျော်ရွှင်မှုကို ရရှိစေသည်။ (ဆာ. ၄၀:၈) ကျွန်ုပ်တို့၏အသက်တာသည် စစ်မှန်သောအဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ရှိ၏။ ဓမ္မအမှုတွင် ပို၍ပါဝင်လေ ကျွန်ုပ်တို့၏စိတ်နှလုံးသည် ဘုရားသခင့်ကမ္ဘာသစ်တွင် အသက်ရှင်ရခြင်း၏မျှော်လင့်ချက်နှင့် ရွှင်လန်းမှုအပေါ် ပို၍အာရုံစိုက်လေဖြစ်သည်။ ဤကျမ်းဆိုင်ရာကတိတော်များကို တွေးတောခြင်းက ကျွန်ုပ်တို့၏ဝိညာဉ်ရေးကိုတိုးတက်စေကာ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်ခံ့စေသည်။

၅ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းတွင် အကျိုးရလဒ်များ ချက်ချင်းမတွေ့ရသည့်တိုင် ယေဟောဝါသတ်မှတ်ချိန်တိုင်သည့်အခါ အညှောက်ထွက်လာမည့်သူတစ်ဦး၏နှလုံးတွင် သမ္မာတရားမျိုးစေ့ကို ကြဲခဲ့ခြင်းဖြစ်နိုင်သည်။ (ယော. ၆:၄၄; ၁ ကော. ၃:၆) ဒေသတွင်း၌ဖြစ်စေ၊ ကမ္ဘာတစ်ဝန်း၌ဖြစ်စေ ယေဟောဝါလူမျိုးတော်၏ကြိုးစားမှုများကြောင့် နောက်ထပ်လူမည်မျှ နိုင်ငံတော်အကြောင်း သင်ယူလာကြဦးမည်ကို ကျွန်ုပ်တို့မသိကြချေ။

၆ ကျွန်ုပ်တို့သည် ယေရှု၏ဤညွှန်ကြားချက်ကို ယခင်ကထက်ပို၍လိုက်လျှောက်သင့်သည်– “ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့မသိသောကြောင့်၊ သတိပြု၍ ဆုတောင်းလျက်စောင့်နေကြလော့။ စောင့်နေကြလော့ဟု သင်တို့အားငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အားငါဆိုသည်။” (မာ. ၁၃:၃၃၊ ၃၇) သို့ဖြစ်၍ ကျွန်ုပ်တို့အားလုံး ယေဟောဝါ၏ကြီးမြတ်သန့်ရှင်းသောနာမတော်ကို သန့်ရှင်းမြင့်မြတ်စေရာတွင်ပါဝင်စဉ် ကိုယ်တော်၏နှလုံးကို ရွှင်ပြုံးစေကာ နိုင်ငံတော်သတင်းကောင်းကို ဆက်၍ကြေညာနေကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ