ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၁ စာ. ၁
  • ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သင့်နားထောင်ပုံကို ဂရုစိုက်လော့”
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ကောင်းစွာနားထောင်သူဖြစ်ပါ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ယေဟောဝါကျွန်ုပ်တို့ကိုဦးဆောင်နေပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အစည်းအဝေးများသည် လူငယ်တို့ကို အကျိုးပြု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၁/၀၁ စာ. ၁

ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ပါ

၁ အာရုံစူးစိုက်နားထောင်ရန် ကြပ်မတ်ပေးဖို့လို၏။ နားထောင်သူ၌ ကြားရသည့်အရာမှ သင်ယူ၍အကျိုးရယူလိုသည့်ဆန္ဒရှိဖို့လည်းလိုသည်။ ထို့ကြောင့် ယေရှုက “အဘယ်သို့ ကြားနာရသည်ကိုသတိပြု” ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။—လု. ၈:၁၈။

၂ ယင်းသည် အသင်းတော်အစည်းအဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများတက်ရောက်သည့်အခါတွင် အထူးသဖြင့်သက်ဆိုင်သည်။ ယင်းတို့သည် ကျွန်ုပ်တို့ဂရုတစိုက်နားထောင်ရမည့် အခါသမယများဖြစ်၏။ (ဟေဗြဲ ၂:၁) ဤခရစ်ယာန်စုဝေးမှုများတွင် ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ရန် သင့်အားထောက်ကူပေးမည့် အချက်အချို့ကို ဤတွင်ဖော်ပြထားသည်။

◼ အစည်းအဝေးများ၏တန်ဖိုးကိုလေးမြတ်ပါ။ ယင်းတို့သည် ကျွန်ုပ်တို့အား “သစ္စာရှိသောဘဏ္ဍာစိုး” မှတစ်ဆင့် “ယေဟောဝါသွန်သင်တော်မူ” သည့်အဓိကနည်းတစ်ခုဖြစ်သည်။—ဟေရှာ. ၅၄:၁၃၊ ကဘ; လု. ၁၂:၄၂၊ ကဘ။

◼ ကြိုတင်ပြင်ဆင်ပါ။ ဆွေးနွေးမည့်အကြောင်းအရာကိုသုံးသပ်ပါ၊ သင့်ကျမ်းစာအုပ်နှင့် လေ့လာနေသောကိုယ်ပိုင်စာပေကို တစ်ပါတည်းယူသွားရန် သေချာစေပါ။

◼ အစည်းအဝေးများအတွင်း အာရုံစိုက်ရန် အထူးကြိုးစားပါ။ သင်နှင့်အတူထိုင်နေသူများနှင့် စကားပြောခြင်းကိုသာမက ပရိသတ်ထဲရှိအခြားသူများ ဘာလုပ်နေသည်ကိုကြည့်ခြင်းကိုပါ ရှောင်သင့်သည်။ အစည်းအဝေးပြီးနောက် သင် လုပ်မည့်အရာအကြောင်း သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာကိစ္စများအကြောင်း စဉ်းစားနေခြင်းဖြင့် အာရုံမပျံ့လွင့်စေရန် ကြိုးစားပါ။

◼ တင်ဆက်သည့်အရာကို ဆန်းစစ်သုံးသပ်ပါ။ သင့်ကိုယ်သင် ‘ဒါဟာ ငါနဲ့ဘယ်လိုသက်ဆိုင်သလဲ။ ဒါကို ငါ ဘယ်အချိန်မှာကျင့်သုံးမလဲ’ ဟူ၍မေးပါ။

◼ အဓိကအချက်များနှင့်ကျမ်းချက်များကို မှတ်စုတိုများယူပါ။ ယင်းက သင့်စဉ်းစားတွေးခေါ်မှုကို ဆွေးနွေးနေသည့်အကြောင်းအရာပေါ်အာရုံစိုက်စေပြီး နောက်နောင်အသုံးပြုရန်အတွက် အဓိကအချက်များကိုမှတ်မိစေရန် ကူညီပေးသည်။

၃ သင့်ရင်သွေးများအား နားထောင်ရန်သင်ပေးပါ– ကလေးတို့သည် ဝိညာဉ်ရေးညွှန်ကြားမှုလိုအပ်သည်။ (တရား. ၃၁:၁၂) ရှေးအချိန်က ဘုရားသခင့်လူမျိုးအလယ်ရှိ “နားထောင်နားလည်နိုင်သမျှသော” သူတို့သည် ပညတ္တိကျမ်းကို သူတို့အားဖတ်ပြနေစဉ် အာရုံစိုက်ကြရသည်။ (နေ. ၈:၁-၃) မိဘတို့သည် အစည်းအဝေးများတွင် အလေးအနက်အာရုံစူးစိုက်ပါဝင်လျှင် ၎င်းတို့၏ရင်သွေးများလည်း ထိုအတိုင်းလုပ်နိုင်ဖွယ်ရှိသည်။ ကလေးများရွှင်မြူးစေရန် ကစားစရာများ သို့မဟုတ် အရောင်ခြယ်နေရန်စာအုပ်များယူလာခြင်းသည် ပညာရှိရာမကျပေ။ အိမ်သာသို့ မလိုအပ်ဘဲသွားလာခြင်းသည်လည်း ၎င်းတို့၏နားထောင်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ” သောကြောင့် မိဘတို့သည် မိမိတို့၏သားသမီးများ အစည်းအဝေးများတွင် ငြိမ်သက်စွာထိုင်ပြီးနားထောင်သည်ကိုတွေ့မြင်ရရန် အပတ်တကုတ်ကြိုးစားအားထုတ်သင့်သည်။—သု. ၂၂:၁၅။

၄ ကောင်းစွာနားထောင်သူဖြစ်ခြင်းဖြင့် ကျွန်ုပ်တို့သည် အမှန်တကယ်ပညာရှိပြီး “ပညာအတတ်တိုးပွား” လိုကြောင်း သက်သေထူကြသည်။—သု. ၁:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ