ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၁ စာ. ၄
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ၂၀၁၀ ပြည့်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၈/၀၁ စာ. ၄

အထူးအစည်းအဝေးနေ့အစီအစဉ်သစ်

လုပ်ငန်းတော်နှစ်သစ်အတွက် အထူးအစည်းအဝေးနေ့အစီအစဉ်၏အဓိကအချက်တွင် ‘ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကိုဝန်ခံကြလော့—မာရ်နတ်ကိုဆီးတားကြလော့’ ဟူသည့် ခိုင်လုံသောကျမ်းစာအခြေခံအချက်ပါရှိသည်။ (ယာ. ၄:၇၊ သမ္မာ) ယင်းသည် ဤခက်ခဲသောအချိန်အတွက် လျောက်ပတ်သည့်လမ်းညွှန်ဖြစ်သည်! ဘုရားသခင့်အမိန့်တော်ကိုနာခံခြင်းက ကျွန်ုပ်တို့ကို စာတန်နှင့်ထိပ်တိုက်ရင်ဆိုင်ရစေသည်။ အစီအစဉ်က ယုံကြည်ခြင်းကိုပျက်စီးစေသော မာရ်နတ်၏ယုတ်မာသည့်အကြံအစည်များတစ်ဖက်၌ မည်သို့အခိုင်အမာရပ်တည်ရမည်ကို သင်ပေးပါလိမ့်မည်။ ဤအစည်းအဝေးတွင် ကျွန်ုပ်တို့ရရှိမည့် ဝိညာဏတန်ဖိုးရှိရာအချို့ကားအဘယ်နည်း။

တိုက်နယ်ကြီးကြပ်မှူးက “မိသားစုဝင်များအနေနှင့် ဘုရားရေးရာလက်အောက်ခံမှုကို တင်ပြခြင်း” သည်လောက၏ဖိစီးမှုများကိုကြံ့ကြံ့ခံရန် မိသားစုများကို မည်သို့ခွန်အားပေးကြောင်း ဖော်ပြပါလိမ့်မည်။ “မာရ်နတ်ကိုဆီးတားခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိ” ဟူသည့် ထိုနေ့ဧည့်ဟောပြောသူ၏ပထမဆုံးဟောပြောချက်က ကျွန်ုပ်တို့၏ဝိညာဉ်ရေးကိုဖျက်ဆီးရန်ဟူသော စာတန့်ရည်ရွယ်ချက်များကိုတွန်းလှန်ရန် အဘယ်ကြောင့်နှင့် အဘယ်သို့ ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့လိုသည်ကို ရှင်းပြမည်ဖြစ်သည်။ အပိုင်းနှစ်ခုသည် မာရ်နတ်၏အကြံအစည်များကို နိုးနိုးကြားကြားရှိရမည့် လူငယ်များနှင့်လည်း အထူးသဖြင့်လိုက်လျောညီထွေသည်။ ယခုလူကြီးဖြစ်နေကြသော ခရစ်ယာန်များစွာသည် သူတို့ငယ်ရွယ်သည့်အချိန်တွင် လောကီတပ်မက်မှုများနှင့်အတူလိုက်ပါသွားရန် ငြင်းဆန်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် သူတို့၏ကိုယ်ပိုင်တွေ့ ကြုံမှုအချို့ကို ကြားရမည်ဖြစ်သည်။

လူ့ဘောင်အဖွဲ့အစည်းတွင် ပါဝင်သူတိုင်း အခွင့်အာဏာကိုလက်အောက်ခံဖို့လိုသည်။ ထို့ကြောင့် ဧည့်ဟောပြောသူ၏နိဂုံးချုပ်ဟောပြောချက်က ကျွန်ုပ်တို့၏ဘုရားရေးရာလက်အောက်ခံမှုကို တင်ပြရမည့် (၁) အစိုးရများကို၊ (၂) အသင်းတော်တွင်၊ (၃) လောကီလုပ်ငန်းများတွင်နှင့် (၄) မိသားစုအသိုင်းအဝိုင်းတွင် ဟူသည့် နယ်ပယ်လေးခုကို ပေါ်လွင်စေပါမည်။ အလွန်လက်တွေ့ကျသည့်အစီအစဉ်ပါတကား!

ဤအထူးအစည်းအဝေးနေ့တွင် နှစ်ခြင်းခံလိုသူများသည် ဦးစီးကြီးကြပ်မှူးအား ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း အသိပေးရန်လိုသည်။ ကျွန်ုပ်တို့အားလုံး မိမိတို့၏ပြက္ခဒိန်တွင် ရက်စွဲကိုမှတ်ထားကာ အစည်းအဝေးအစီအစဉ်တစ်ရပ်လုံးကိုတက်ရောက်ရန် စီစဉ်သင့်သည်။ ယေဟောဝါကို ထာဝစဉ်လက်အောက်ခံနေသရွေ့ ကျွန်ုပ်တို့ရရှိသည့်ကောင်းချီးများသည် ထာဝစဉ်ဖြစ်ပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ