ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး ကို ချစ်ရသည့်အကြောင်းရင်း
ယနေ့မေတ္တာခေါင်းပါးသောလောကတွင် ကျွန်ုပ်တို့၏ဝိညာဏညီအစ်ကိုများအပေါ် အားကြီးသောမေတ္တာကို မည်သို့ဆက်၍ပြနိုင်သနည်း။ (၁ ပေ. ၂:၁၇) ကျွန်ုပ်တို့၏ စစ်မှန်သောကမ္ဘာချီညီအစ်ကိုအသင်းအပင်း အမှန်ပင်ရှိကြောင်း အခြားသူတို့အား မည်သို့ပြနိုင်သနည်း။ (မ. ၂၃:၈) ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး ဗီဒီယိုခွေအားဖြင့်ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့ တစ်ဦးကိုတစ်ဦးချစ်ရသည့်အကြောင်းရင်းများကို ဖော်ပြသည်။ ဤမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–
(၁) မည်သည့်လုပ်ရပ်သုံးခုကို ကျွန်ုပ်တို့၏ကမ္ဘာချီညီအစ်ကိုအသင်းအပင်းနှင့်အတူ ကျွန်ုပ်တို့လုပ်ဆောင်ကြသနည်း။ (၂) ကျွန်ုပ်တို့၏ညီအစ်ကိုများသည် (က) အလာစကာတောကန္တာရတွင်၊ (ခ) ဥရောပဆိပ်ကမ်းကြီးများတွင် နှင့် (ဂ) ပီရူးနိုင်ငံ၏ ထူထပ်သောသစ်တောများတွင် ဟောပြောရန်သန္နိဋ္ဌာန်ချမှတ်မှုကို မည်သို့ပြနေကြသနည်း။ (၃) အထူးသဖြင့် ထိရောက်မှုရှိသော သက်သေခံခြင်းကိရိယာတစ်ခုကား အဘယ်နည်း။ (၄) ဟောပြောခြင်းသည် သာမန်လုပ်ငန်းတစ်ခုမျှသာဖြစ်သည်ဟု အဘယ်ကြောင့် မယူမှတ်သင့်သနည်း။ (၅) ယေဟောဝါသက်သေများသည် ဒုက္ခကာလများ—မြေငလျင်၊ ဟာရီကိန်းမုန်တိုင်းနှင့် ပြည်တွင်းစစ်ပွဲများ—တွင် တစ်ဦးကိုတစ်ဦးနှစ်သိမ့်ကာ ထောက်မကူညီခဲ့ပုံနှင့်စပ်လျဉ်း၍ ဥပမာများပေးပါ။ (ဩဂုတ် ၂၂၊ ၁၉၉၅၊ နိုးလော့!၊ စာမျက်နှာ ၂၃ [လိပ်] ပါ တာကာအို နှင့် အောက်တိုဘာ ၂၂၊ ၁၉၉၆၊ နိုးလော့!၊ စာမျက်နှာ ၂၀ [လိပ်] ပါ ကိုတိုယို တို့၏မှတ်ချက်များကိုရှု။) (၆) ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအား ခွဲခြားသိမြင်စေသည့် ကြီးမားသောအမှတ်အသားကို ကျွန်ုပ်တို့အားလုံး အဘယ်လက်တွေ့ကျသောနည်းများဖြင့် ထင်ရှားပြသနိုင်သနည်း။ (ယော. ၁၃:၃၅) (၇) အသင်းတော်အစည်းအဝေးများကို ကျွန်ုပ်တို့မည်မျှတန်ဖိုးထားသင့်သနည်း။ (၈) ယခင်က နိုင်ငံတော်ခန်းမ မရှိကြသူများသည် စည်းဝေးကျင်းပရန် နိုင်ငံတော်ခန်းမတစ်လုံးရှိလာသည့်အခါ မည်သို့ခံစားကြရသနည်း။ (၉) အရှေ့ဥရောပနှင့် ရုရှားနိုင်ငံရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ပိတ်ပင်ခံရချိန်တွင် ဝိညာဉ်ရေးအရ မည်သို့ခံရပ်နိုင်ခဲ့ကြသနည်း။ (၁၀) ယခုအချိန်၌ပင် သက်သေခံများစွာသည် စည်းဝေးကြီးများတက်ရန် မည်သို့အထူးတလည် ကြိုးစားအားထုတ်ကြသနည်း၊ အဘယ်ကြောင့်နည်း။ ယင်းက သင့်နှလုံးကို မည်သို့ထိမိစေခဲ့သနည်း။ (၁၁) စည်းလုံးစွာအတူတကွဝတ်ပြုရန်၊ လိုအပ်သည့်အချိန်တွင် အခြားသူတို့ကိုကူညီရန်၊ မည်သည့်အချိန်တွင်မဆို မည်သည့်နည်းဖြင့်မဆို အတတ်နိုင်ဆုံး သစ္စာရှိရှိဟောပြောရန် သင်အဘယ်ကြောင့် သန္နိဋ္ဌာန်ချထားသနည်း။ (၁၂) အဘယ်ကြောင့် ဤဗီဒီယိုခွေတစ်ခွေ ကိုယ်ပိုင်ရှိထားကာ စိတ်ဝင်စားသူ များနိုင်သရွေ့များများကို ပြသင့်သနည်း။