ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၃ စာ. ၅
  • အခန့်သင့်အကူအညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခန့်သင့်အကူအညီ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မလှုပ်မရှားဖြစ်နေသူများကို မမေ့လျော့ပါနှင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • “ငါ့ဆီ ပြန်လာကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • မဖင့်နွှဲဘဲ ပြန်လာစေရန် သူတို့ကိုကူညီပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၂/၀၃ စာ. ၅

အခန့်သင့်အကူအညီ

၁ တမန်တော်ပေတရုသည် ယုံကြည်သူချင်းများကို ခွန်အားပေးဖို့လိုကြောင်း သတိပြုမိသောအခါ စိုးရိမ်ကြောင့်ကြစိတ်က ၎င်းတို့အား မေတ္တာပါစွာ သတိပေးကာ အားပေးရန် သူ့ကိုလှုံ့ဆော်ပေးသည်။ (၂ ပေ. ၁:၁၂၊ ၁၃; ၃:၁) သူသည် “ယုံကြည်ခြင်းကိုရသောသူတို့” အား “ငါတို့အရှင်သခင်ယေရှုခရစ်၏တိကျမှန်ကန်သည့် အသိပညာနှင့်စပ်လျဉ်း၍ မလှုပ်မရှား၊ အသီးမသီး” သူများမဖြစ်လာဖို့ ဝိညာဏအရည်အသွေးများ ဆက်တိုးတက်နေစေရန် တိုက်တွန်းခဲ့သည်။ (၂ ပေ. ၁:၁၊ ၅-၈၊ ကဘ) ပေတရု၏ရည်ရွယ်ချက်သည် ယေဟောဝါထံမှ သူတို့ရရှိသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို သေချာစေရန် ကူညီပေးဖို့ဖြစ်သည်၊ သို့မှသာ သူတို့သည် “အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာရောက်” နိုင်မည်ဖြစ်သည်။ (၂ ပေ. ၁:၁၀၊ ၁၁; ၃:၁၄) လူများစွာအတွက် သူ၏အားပေးမှုသည် အခန့်သင့်အကူအညီဖြစ်သည်မှာ ထင်ရှားသည်။

၂ ယနေ့ ခရစ်ယာန်ကြီးကြပ်မှူးများသည် ဘုရားသခင့်လူမျိုးတော်အတွက် အလားတူ စိုးရိမ်ကြောင့်ကြစိတ်ရှိကြသည်။ ဤ “ခဲယဉ်းသောကာလ” တွင် ယေဟောဝါ၏ ကျေးကျွန်များစွာသည် ခက်ခဲသောအခြေအနေများကို ကြုံတွေ့ကြရမည်ဖြစ်သည်။ (၂ တိ. ၃:၁) ဆက်လက်ဖြစ်ပေါ်နေသော ငွေရေးကြေးရေး၊ မိသားစု သို့မဟုတ် ပုဂ္ဂိုလ်ရေးပြဿနာများကြောင့် အချို့သည် ဒါဝိဒ်ကဲ့သို့ခံစားရပေမည်– “အတိုင်းမသိများစွာသော ဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ။ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင်ခံရသောအပြစ်တို့သည် အကျွန်ုပ်ကိုမီကြပါပြီ။ အကျွန်ုပ်ဆံပင်ထက် များပြားသည်ဖြစ်၍ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ။” (ဆာ. ၄၀:၁၂) ဤဖိစီးမှုများသည် အလွန်လေးလံလှသဖြင့် ထိုသို့ခံရသောသူများသည် အရေးကြီးသည့် ဝိညာဉ်ရေးရာများကို လျစ်လျူရှုကာ ခရစ်ယာန်ဓမ္မအမှုတွင် တက်ကြွစွာမပါဝင်နိုင်တော့ချေ။ သို့တိုင် သူတို့သည် အခက်အခဲများကြားမှ ‘ယေဟောဝါ၏ပညတ်တော်တို့ကို မမေ့လျော့’ ကြချေ။ (ဆာ. ၁၁၉:၁၇၆) ထိုသို့သောသူများအား လိုအပ်သည့်အကူအညီပေးရန် အကြီးအကဲများအတွက် အခန့်သင့်အချိန်မှာ ယခုပင်ဖြစ်၏။—ဟေရှာ. ၃၂:၁၊ ၂။

၃ ဤလိုအပ်ချက်ကိုဖြည့်ဆည်းရန် အကြီးအကဲများသည် ဟောပြောခြင်းလုပ်ငန်းတွင် လက်ရှိ ပါဝင်မှုမရှိသူများကို ကူညီပေးရန် အထူးကြိုးစားကြဖို့ အားပေးခံခဲ့ကြရသည်။ ယင်းကို အထမြောက်စေရန် ယခု အစွမ်းကုန်ကြိုးစားလျက်ရှိကာ မတ်လကုန်အထိ တိုးချဲ့လုပ်ဆောင်သွားပါမည်။ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများသည် အသင်းတော်တွင် ပြန်လှုပ်ရှားလာရန် ကူညီပေးဖို့ရည်ရွယ်ချက်ဖြင့် ဝိညာဏအကူအညီပေးရန် မလှုပ်ရှားသူများထံ လည်ပတ်ကြဖို့ တောင်းဆိုခံခဲ့ကြရသည်။ လိုအပ်လျှင် ကိုယ်ပိုင်ကျမ်းစာလေ့လာမှုတစ်ခု စီစဉ်နိုင်သည်။ အကူအညီပေးရန် အခြားသူများကို တောင်းဆိုနိုင်သည်။ သင်သည် ထိုသို့လုပ်ဆောင်ရန် ဖိတ်ခေါ်ခံရလျှင် သင်၏လုံ့လစိုက်ထုတ်မှုများသည် အလွန်အကျိုးရှိနိုင်သည်၊ အထူးသဖြင့် ကြင်နာမှုနှင့် နားလည်မှုရှိစွာ အားပေးလျှင်ဖြစ်သည်။

၄ တစ်စုံတစ်ဦးသည် အသင်းတော်တွင် ပြန်လှုပ်ရှားလာသောအခါ အားလုံးဝမ်းသာကြသည်။ (လု. ၁၅:၆) မလှုပ်ရှားသူများကို အားပေးရန် ကျွန်ုပ်တို့၏လုံ့လစိုက်ထုတ်မှုများသည် အမှန်ပင် “အခန့်သင့်ပြောဆိုသောစကားတစ်ခွန်း” ဖြစ်စေနိုင်၏။—သု. ၂၅:၁၁၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ