ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၀ စာ. ၃
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • မလှုပ်မရှားဖြစ်နေသူများကို မမေ့လျော့ပါနှင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • “ငါ့ဆီ ပြန်လာကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • မဖင့်နွှဲဘဲ ပြန်လာစေရန် သူတို့ကိုကူညီပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၁၁/၀၀ စာ. ၃

မေးခွန်းသေတ္တာ

◼ အချိန်ကြာမြင့်စွာမလှုပ်ရှားသူတစ်ဦးအား သတင်းကောင်းကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြန်ပြည့်မီလာစေရန် မည်သို့ကူညီပေးနိုင်သနည်း။

မလှုပ်ရှားသူတစ်ဦးသည် ယေဟောဝါ၏အမှုတော်ဆောင်ရန် လှိုက်လှဲသောဆန္ဒရှိကြောင်း သက်သေထူသောအခါ ယင်းသည် ဝမ်းသာစရာဖြစ်သည်။ (လု. ၁၅:၄-၆) ထိုသူသည် အတိုက်အခံပြုမှု သို့မဟုတ် ဘဝ၏ဖိစီးမှုများကြောင့် ကိုယ်ပိုင်လေ့လာမှု၊ အစည်းအဝေးတက်ခြင်းနှင့် လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ခြင်းတို့ကို ပျက်ကွက်စေရန် ခွင့်ပြုခဲ့ပေမည်။ ထိုသူအား ဝိညာဉ်ရေးတိုးတက်လာစေရန် အကောင်းဆုံးပုဂ္ဂိုလ်ရေးအကူအညီကို မည်သို့ပေးနိုင်သနည်း။

ကျွန်ုပ်တို့အားလုံးသည် သူ့အပေါ်တွင်ထားရှိသည့် ကျွန်ုပ်တို့၏စစ်မှန်သောခရစ်ယာန်မေတ္တာကို ထိုသူစိတ်ချလာစေရန် အစပြုလုပ်ဆောင်သင့်၏။ အကြီးအကဲများသည် သူ၏

ဝိညာဏအထူးလိုအပ်ရာများကို အကဲဖြတ်ရန် အကင်းပါးပါလိမ့်မည်။ (ယာ. ၅:၁၄၊ ၁၅) မလှုပ်မရှားဖြစ်ခြင်းသည် အခိုက်အတန့်သာဖြစ်လျှင် လယ်ကွင်းလုပ်ငန်းတွင် ထိုသူပြန်လှုပ်ရှားလာရန် အတွေ့အကြုံရှိသည့်ကြေညာသူတစ်ဦးထံမှ အကူအညီသည်သာလိုပေမည်။ သို့သော် မလှုပ်ရှားသူသည် အသင်းတော်နှင့်မပေါင်းသင်းတော့သည်မှာ ကြာပြီဆိုလျှင် အကူအညီများများပေးဖို့ လိုကောင်းလိုပေမည်။ ယုံကြည်ခြင်းနှင့် လေးမြတ်မှုကိုတည်ဆောက်ပေးရန် သင့်လျော်သည့်စာအုပ်တစ်အုပ်ဖြင့် ကိုယ်တိုင်ကျမ်းစာလေ့လာခြင်းသည် သင့်လျော်ပေမည်။ ထိုကိစ္စတွင် လုပ်ငန်းတော်ကြီးကြပ်မှူးက သင်အံမှုကျင်းပရန် အရည်အချင်းပြည့်မီသည့် ကြေညာသူတစ်ဦးကို စီစဉ်ပေးပါမည်။ (ဟေဗြဲ ၅:၁၂-၁၄; နိုဝင်ဘာ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာရှု။) ထိုသို့သောအကူအညီလိုသူတစ်စုံတစ်ဦးကို သင်သိလျှင် သင့်အသင်းတော်ရှိ လုပ်ငန်းတော်ကြီးကြပ်မှူးအား ပြောပြပါ။

အချိန်ကြာမြင့်စွာမလှုပ်ရှားသူတစ်ဦးကို ဓမ္မအမှုတွင် ပြန်ပါဝင်ရန်မဖိတ်ခေါ်မီ နိုင်ငံတော်ကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီ၊ မပြည့်မီသိရှိရန် အကြီးအကဲနှစ်ဦး သူနှင့်တွေ့ဆုံသင့်သည်။ သူတို့သည် သတင်းကောင်းကြေညာသူများအဖြစ် အရည်အချင်းပြည့်မီရန်ကြိုးစားနေသည့် လူသစ်များနှင့်တွေ့ဆုံသောအခါ အသုံးပြုခဲ့သည့်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်မည်ဖြစ်သည်။ (နိုဝင်ဘာ ၁၅၊ ၁၉၈၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၇ ရှု။) မလှုပ်ရှားသူ၌ အခြားသူများအား သတင်းကောင်းဝေမျှလိုသည့် ထက်သန်သောဆန္ဒရှိသင့်သည်။ သူသည် ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်စာမျက်နှာ ၉၉-၁၀၀ တွင်ဖော်ပြထားသည့် အခြေခံတောင်းဆိုချက်များကို ပြည့်မီရန်နှင့် အသင်းတော်အစည်းအဝေးများပုံမှန်တက်ရန်လည်းလိုသည်။

ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုရှိခြင်းက ပြန်လှည့်လာသူအား ယေဟောဝါနှင့် သူ၏တန်ဖိုးရှိဆက်ဆံရေး ခိုင်မြဲတည်တံ့စေရန်နှင့် ထာဝရအသက်လမ်းပေါ် ဆက်လျှောက်လှမ်းနေစေရန် အကူအညီများစွာဖြစ်စေပါလိမ့်မည်။ (မ. ၇:၁၄; ဟေဗြဲ ၁၀:၂၃-၂၅) သူ၏ “အစွမ်းကုန်ကြိုးစား” ခြင်းနှင့် တည်မြဲသည့်ခရစ်ယာန်အရည်အသွေးများကို တိုးပွားစေခြင်းတို့သည် သူ့အား “မလှုပ်မရှား၊ အသီးမသီးခြင်း” အဖြစ်မျိုးထပ်မဖြစ်စေရန် တားဆီးပေးပါလိမ့်မည်။—၂ ပေ. ၁:၅-၈၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ