ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၃ စာ. ၅
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သင်တို့ကြောင့် ယေဟောဝါသက်သေတို့အပေါ်ကျွန်တော့်ထင်မြင်ချက်ပြောင်းသွားပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ‘ခပ်သိမ်းသောသူတို့အား ကောင်းမှုပြုကြကုန်အံ့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • မကြာမီ ရာဇဝတ်မှု ‘ရှိတော့မည်မဟုတ်’
    နိုးလော့!—၂၀၀၈
  • ရီကာဒိုနဲ့ အန်ဒရေတို့အကြောင်း
    နိုးလော့!—၂၀၁၉
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၄/၀၃ စာ. ၅

မေးခွန်းသေတ္တာ

◼ အကျဉ်းသားများအား သက်သေခံသည့်အခါ အဘယ်သတိပေးချက်များကို ကျွန်ုပ်တို့လိုက်နာသင့်သနည်း။

ကမ္ဘာတစ်ဝန်းတွင် အကျဉ်းသားအနည်းဆုံးရှစ်သန်းရှိကာ ၎င်းတို့ထဲမှအချို့သည် သတင်းကောင်းကို စိတ်ဝင်စားကြသည်။ (၁ တိ. ၂:၄) ဌာနခွဲရုံးတစ်ခုသည် အကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုဝင်များထံမှ စာပေ သို့မဟုတ် လူကိုယ်တိုင်လည်ပတ်ရန် တောင်းဆိုသည့်စာပေါင်း ၁,၄၀၀ ခန့် လစဉ်ရရှိသည်။ အကျဉ်းသားများစွာ၏စိတ်ဝင်စားမှုသည် စိတ်ရင်းမှန်ဖြစ်သော်လည်း အချို့သည် ဘုရားသခင့်လူမျိုးတော်ကို ကိုယ်ကျိုးအတွက်အသုံးချရန် စိတ်ဝင်စားသယောင် ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း တွေ့ကြုံမှုကဖော်ပြသည်။ ယင်းကြောင့် အကျဉ်းသားများအား သက်သေခံရာတွင် အောက်ပါသတိပေးချက်များကို အားလုံး လိုက်နာသင့်သည်။

များသောအားဖြင့် အကျဉ်းသားများကို စာဖြင့်သက်သေခံကြသည်။ ဝိညာဉ်ရေးအကူအညီပေးရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေကာမူ အမျိုးသားအကျဉ်းသားများအား ညီအစ်မများ စာမရေးကြရန် လေးလေးနက်နက်အကြံပြုပါသည်။ အရည်အချင်းရှိညီအစ်ကိုများကသာ ထိုတာဝန်ကိုထမ်းဆောင်သင့်သည်။ အရည်အချင်းရှိညီအစ်မများကိုမူ ကျမ်းစာသမ္မာတရားကို အမှန်တကယ်စိတ်ဝင်စားမှုပြသော အမျိုးသမီးအကျဉ်းသားများအား စာဖြင့်အဆက်အသွယ်ပြုလုပ်ရန် တာဝန်ပေးနိုင်သည်။ တောင်းခံလျှင်ပင် ပိုက်ဆံ သို့မဟုတ် ပုဂ္ဂိုလ်ရေးလက်ဆောင်များကို အကျဉ်းသားများထံ မပို့သင့်ချေ။

ထောင်ကျနေသူတစ်ဦးက စိတ်ဝင်စားမှုပြသောအခါ သူ၏နာမည်နှင့် လိပ်စာကို အကျဉ်းထောင်နယ်မြေအတွင်းရှိ အသင်းတော်သို့ လွှဲပြောင်းပေးသင့်သည်။ များသောအားဖြင့် ထိုတွင်ရှိသော အရည်အချင်းရှိညီအစ်ကိုများသည် ပေါ်ပေါက်နိုင်သည့် အခြေအနေအမျိုးမျိုးအား မည်သို့ကိုင်တွယ်ရမည်ကို သိကြသည်။ အသင်းတော်ကိုမသိလျှင် အကြောင်းအချက်ကို ဌာနခွဲရုံးသို့ ပေးပို့သင့်သည်။

တာဝန်ပေးခံရသောညီအစ်ကိုများအနေနှင့် တစ်ကြိမ်လျှင် အကျဉ်းသားအတော်များများလေ့လာမှုပြုနိုင်ရန် စုဝေးမှုများပြုလုပ်ခြင်းကို ကန့်ကွက်စရာမရှိပါ။ သို့သော် အကျဉ်းသားများနှင့် လွတ်လပ်စွာပေါင်းသင်းမှုပြုသည့် အထူးအခါသမယများကို ထောင်များထဲတွင် မပြုလုပ်သင့်ချေ။ ထို့အပြင် အကျဉ်းထောင်တစ်ခုသို့ ကြိုတင်ဂရုတစိုက်မပြင်ဆင်ဘဲလည်ပတ်ကာ အကျဉ်းသားများနှင့် ရင်းနှီးစွာပေါင်းသင်းခြင်းသည် ကြေညာသူများ မလုပ်သင့်သောအရာဖြစ်သည်။

ကျွန်ုပ်တို့သည် အကျဉ်းသားများအား သတင်းကောင်းဝေမျှစဉ် “မြွေကဲ့သို့ လိမ္မာလျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်း” နိုင်ကြပါစေ။—မ. ၁၀:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ