ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၄ စာ. ၁
  • ကျေးဇူးတင်ကြောင်းပြကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျေးဇူးတင်ကြောင်းပြကြလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ‘အသင်ကိုယ်တိုင် ကျေးဇူးတင်ကြောင်းပြပါ’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ကျွန်ုပ်တို့ရရှိထားရာများအတွက် ကျေးဇူးတင်ခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ကျေးဇူးတင် ချီးမွမ်းတဲ့အနေနဲ့ ဆက်သ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၅/၀၄ စာ. ၁

ကျေးဇူးတင်ကြောင်းပြကြလော့

၁ ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” တွင်အသက်ရှင်ကြရသော်လည်းယေဟောဝါအား ကျေးဇူးတင်ရန် အကြောင်းရင်းများစွာရှိ၏။ (၂ တိ. ၃:၁) ၎င်းတို့ထဲမှ အထင်ရှားဆုံးအရာမှာ ကျွန်ုပ်တို့အကျိုးအတွက် မိမိ၏သားတော်ကို တန်ဖိုးရှိလက်ဆောင်အဖြစ်ပေးခြင်းဖြစ်သည်။ (ယော. ၃:၁၆) ထို့ပြင် မှားယွင်းသောဘာသာဝင် အသင်းသားများသည် ဝိညာဉ်ရေးအရ ငတ်မွတ်နေကြသော်လည်း ကျွန်ုပ်တို့မူ ဝိညာဉ်အစာ အလျှံပယ်ရရှိကြသည်။ (ဟေရှာ. ၆၅:၁၃) ကျွန်ုပ်တို့သည် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအဝင်ဖြစ်ကြကာ စစ်မှန်သောဝတ်ပြုရေးဆိုင်ရာ စိတ်လှုပ်ရှားဖွယ်တိုးချဲ့မှုတွင် ပါဝင်ခွင့်ရရှိထားကြသည်။ (ဟေရှာ. ၂:၃၊ ၄; ၆၀:၄-၁၀၊ ၂၂) ကျွန်ုပ်တို့အပေါ်သွန်းလောင်းသည့် ကောင်းချီးများအတွက် ယေဟောဝါအား ကျေးဇူးတင်ကြောင်း ကျွန်ုပ်တို့မည်သို့ပြနိုင်သနည်း။—ကော. ၃:၁၅၊ ၁၇။

၂ ရွှင်လန်းစွာ စိုးလ်အကြွင်းမဲ့အမှုထမ်းဆောင်ခြင်း– ရုပ်ပစ္စည်းပေးကမ်းခြင်းအကြောင်း ဆွေးနွေးနေချိန်တွင် တမန်တော်ပေါလုက “ဘုရားသခင်သည် ရွှင်လန်းစွာပေးကမ်းသူကို နှစ်သက်တော်မူ၏” ဟုရေးသားခဲ့သည်။ (၂ ကော. ၉:၇၊ သမ) ဤမူသည် ကျွန်ုပ်တို့၏ ဘုရားသခင့်အမှုတော်ထမ်းဆောင်ခြင်းနှင့်လည်း သက်ဆိုင်သည်။ ကျေးဇူးတင်စိတ်သည် သမ္မာတရားအတွက် ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှု၊ ခရစ်ယာန်အစည်းအဝေးများတွင် ကျွန်ုပ်တို့၏ရွှင်လန်းမှု၊ လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့၏ဇွဲ၊ ဘုရားသခင်၏အလိုတော်ဆောင်ရာတွင် ကျွန်ုပ်တို့၏ရွှင်ပျမှုတို့တွင် ထင်ဟပ်လျက်ရှိ၏။—ဆာ. ၁၀၇:၂၁၊ ၂၂; ၁၁၉:၁၄; ၁၂၂:၁; ရော. ၁၂:၈၊ ၁၁။

၃ ရှေးဣသရေလနိုင်ငံတွင် ပညတ်တရားသည် အချို့သောပူဇော်သကာများအတွက် ပမာဏတိတိကျကျ မတောင်းဆိုခဲ့ချေ။ ဝတ်ပြုသူတစ်ဦးစီက မိမိတို့ရရှိထားသည့် “ယေဟောဝါ၏ကောင်းချီးနှင့်အညီ” ပေးကမ်းခြင်းဖြင့် ကျေးဇူးတင်ကြောင်းပြနိုင်သည်။ (တရား. ၁၆:၁၆၊ ၁၇၊ ကဘ) အလားတူ ယနေ့လည်း ကျေးဇူးတင်စိတ်က နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အခြေအနေခွင့်ပြုသရွေ့ အတတ်နိုင်ဆုံးပါဝင်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးပါမည်။ အချို့သူတို့သည် လယ်ကွင်းလုပ်ငန်းတွင် မိမိတို့၏အချိန်အသုံးပြုမှုကို တိုးချဲ့ရုံမက အရန်ရှေ့ဆောင်လုပ်ရန်ပင် အလုပ် သို့မဟုတ် ကျောင်းအားလပ်ရက်များကို အကျိုးရှိရှိသုံးကြသည်။ သင်၏ဓမ္မအမှုကို တိုးချဲ့နိုင်မည်လော။

၄ ကျေးဇူးတော်ချီးမွမ်းခြင်းတွင် တိုးပွားနေခြင်း– ယေဟောဝါအား ကျေးဇူးတင်ကြောင်းဖော်ပြနိုင်သည့် အဓိကနည်းတစ်နည်းမှာ ဆုတောင်းခြင်းဖြစ်၏။ (၁ သက်. ၅:၁၇၊ ၁၈) ဘုရားသခင့်နှုတ်ကပါဌ်တော်က “ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်းတိုးပွားပြည့်စုံ” နေရန် တိုက်တွန်းသည်။ (ကော. ၂:၇) ကျွန်ုပ်တို့သည် အလုပ်အလွန်များသည့်အခါ သို့မဟုတ် ဖိစီးမှုဒဏ်ခံနေရသည့်အခါ၌ပင် နေ့စဉ်ဆုတောင်းရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်း အမြဲပါဝင်သင့်သည်။ (ဖိ. ၄:၆) မှန်ပါသည်၊ ကျွန်ုပ်တို့၏ဓမ္မအမှုအားဖြင့်သာမက ဆုတောင်းချက်များအားဖြင့် “ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်းအများနှင့် ပြည့်စုံလျက်ရှိ” နိုင်ကြပါစေ။—၂ ကော. ၉:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ