ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၄ စာ. ၈
  • ရှေ့ဆောင်စိတ်ဓာတ်တင်ပြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့ဆောင်စိတ်ဓာတ်တင်ပြပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖိလိပ္ပု—စိတ်အားထက်သန်သော ဧဝံဂေလိဟောပြောသူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “ယေရှုအကြောင်း သတင်းကောင်းကို” ဟောပြောခြင်း
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သဘာဝကျကျ စကားဖောင်ဖွဲ့ပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၈/၀၄ စာ. ၈

ရှေ့ဆောင်စိတ်ဓာတ်တင်ပြပါ

၁။ ရှေ့ဆောင်စိတ်ဓာတ်ကို သင်မည်သို့ဖော်ပြမည်နည်း။

၁ လောလောဆယ် ရှေ့ဆောင်လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ နိုင်ငံတော်ကြေညာသူအားလုံးသည် ရှေ့ဆောင်စိတ်ဓာတ်တင်ပြနိုင်သည်။ သူတို့သည် ဟောပြော၍ တပည့်ဖြစ်စေကြလော့ဟူသောအမိန့်တော်ကို အလွန်အလေးထားကြ၏။ (မ. ၂၈:၁၉၊ ၂၀; တ. ၁၈:၅) သူတို့သည် လူတို့ကိုဂရုစိုက်ကာ မိမိတို့၏ဓမ္မအမှုပြီးမြောက်စေရန် ကိုယ်ကျိုးစွန့်ကြသည်။ (မ. ၉:၃၆; တ. ၂၀:၂၄) ယေဟောဝါ၏ကျေးကျွန်များသည် အခြားသူတို့အား သမ္မာတရားရရှိရန်ကူညီပေးဖို့ လိုအပ်သမျှကို လုပ်ဆောင်ရန် တလိုတလားရှိကြသည်။ (၁ ကော. ၉:၁၉-၂၃) ထိုသို့သောစိတ်ဓာတ်တင်ပြခဲ့သည့် ဧဝံဂေလိတရားဟောပြောသူဖိလိပ္ပု၏ ပုံသက်သေကို သုံးသပ်ကြည့်ကြစို့။

၂။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် ဓမ္မအမှုအတွက် ဖိလိပ္ပု၏စိတ်ထက်သန်မှုကို မည်သို့တုပနိုင်သနည်း။

၂ ဟောပြောခြင်းနှင့် သွန်သင်ခြင်း– ဖိလိပ္ပုသည် ပထမရာစုအသင်းတော်တွင် ကြီးလေးသောတာဝန်များကို ထမ်းဆောင်ခဲ့သည်။ (တ. ၆:၁-၆) သို့သော် သူသည် အဓိကအားဖြင့် စိတ်ထက်သန်သော သတင်းကောင်းဟောပြောသူတစ်ဦးဖြစ်သည်။ (တ. ၈:၄၀) ထို့ကြောင့် ယနေ့ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် မိမိတို့ရရှိထားသောတာဝန်များကို ထမ်းဆောင်စဉ် ဓမ္မအမှုတွင် အားတက်သရောဦးဆောင်ခြင်းဖြင့် ရှေ့ဆောင်စိတ်ဓာတ်တင်ပြနိုင်သည်။ ယင်းက အသင်းတော်၏စိတ်ဓာတ်ကို များစွာတက်ကြွစေသည်တကား!—ရော. ၁၂:၁၁။

၃။ စမ်းသပ်မှုများခံရသည့်အခါ ရှေ့ဆောင်စိတ်ဓာတ်ကို ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။

၃ သတေဖန်သေပြီးနောက် နှိပ်စက်ညှဉ်းပန်းမှုလှိုင်းဂယက်ကြောင့် တပည့်တော်များ အကြီးအကျယ် ဖရိုဖရဲဖြစ်ကုန်ကြသည်။ သို့သော် ဖိလိပ္ပုသည် ဆက်၍ဟောပြောကာ ရှမာရိလူမျိုးအလယ်တွင် လုပ်ငန်းစတင်ရာ၌ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သူဖြစ်သည်။ (တ. ၈:၁၊ ၄-၆၊ ၁၂၊ ၁၄-၁၇) စမ်းသပ်မှုများခံရသည့်အခါ သတင်းကောင်းကို ဆက်လက်ကြေညာကာ ကျွန်ုပ်တို့တွေ့ရသူအားလုံးကို မျက်နှာမလိုက်ဘဲ ဟောပြောခြင်းဖြင့် သူ၏ပုံသက်သေကို တုပနိုင်သည်။—ယော. ၄:၉။

၄။ ဖိလိပ္ပုသည် သွန်သင်သူတစ်ဦးအနေနှင့် အဘယ်ပုံသက်သေထားခဲ့သနည်း။

၄ ဘုရားသခင့်နှုတ်ကပါဌ်တော် သွန်သင်သူတစ်ဦးအနေနှင့် ဖိလိပ္ပု၏စွမ်းရည်ကို အဲသယောပိအမတ် ဘာသာပြောင်းသည့်မှတ်တမ်းတွင် တွေ့ရှိနိုင်သည်။ (တ. ၈:၂၆-၃၈) ကျမ်းစာကိုအသုံးပြုသည့်စွမ်းရည်နှင့် ‘ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်’ နိုင်စွမ်းတို့ကို တိုးတက်စေခြင်းသည် ရှေ့ဆောင်စိတ်ဓာတ်တင်ပြသည့် နောက်တစ်နည်းဖြစ်၏။ (တ. ၁၇:၂၊ ၃၊ ကဘ) ဖိလိပ္ပုကဲ့သို့ ကျွန်ုပ်တို့သည် လူတို့အား တွေ့နိုင်သည့်နေရာတိုင်းနှင့် သင့်လျော်သည့်အခါတိုင်းတွင် သတင်းကောင်းဝေငှရန် ကြိုးစားကြသည်။

၅။ မိမိတို့၏သားသမီးများတွင် ရှေ့ဆောင်စိတ်ဓာတ်သွင်းပေးရန် ခရစ်ယာန်မိဘများအား အဘယ်အရာက ကူညီပေးနိုင်သနည်း။

၅ မိသားစုနှင့် အသင်းတော်– ဖိလိပ္ပု၏သဘောထားနှင့် ပုံသက်သေသည် သူ၏သမီးများအတွက် လှုံ့ဆော်မှုဖြစ်စေခဲ့မည်မှာသေချာသည်။ (တ. ၂၁:၉) အလားတူပင်၊ မိမိတို့၏အသက်တာတွင် နိုင်ငံတော်အကျိုးစီးပွားကို အဓိကထားကြသော ခရစ်ယာန်မိဘများသည် မိမိတို့၏သားသမီးများအား ထိုအတိုင်းလုပ်ဆောင်ရန် အားပေးကြသည်။ တစ်ပတ်တာအလုပ်များ၍ ပင်ပန်းကြသော်လည်း အခြားသူများကို ထက်သန်စွာဟောပြောသည့် မိဘတစ်ဦးသည် ကလေးတစ်ဦး၏နှလုံးတွင် ထာဝစဉ်စွဲမှတ်စရာဖြစ်စေနိုင်သည်။—သု. ၂၂:၆။

၆။ ကျွန်ုပ်တို့၏အသင်းတော်ရှိ ရှေ့ဆောင်များအား ကျေးဇူးတင်လေးမြတ်ကြောင်း မည်သို့ပြနိုင်သနည်း။

၆ ဖိလိပ္ပုသည် ယေဟောဝါ၏လုပ်ငန်းတွင် အသုံးတော်ခံခဲ့ကြသည့် ထက်သန်သောခရစ်ယာန်များဖြစ်သော ပေါလုနှင့် လုကာတို့ကို ဧည့်ဝတ်ပြုခဲ့သည်။ (တ. ၂၁:၈၊ ၁၀) ယနေ့ ထက်သန်သူများကို ကျေးဇူးတင်လေးမြတ်ကြောင်းနှင့် ထောက်ခံကြောင်း မည်သို့တင်ပြနိုင်သနည်း။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် ပါဝင်သူနည်းသည့်နေ့တစ်နေ့၌ နံနက်ပိုင်း သို့မဟုတ် မွန်းလွဲပိုင်းတစ်ချိန်တွင် ရှေ့ဆောင်များနှင့်အတူ အမှုဆောင်ရန် ကမ်းလှမ်းနိုင်သည်။ (ဖိ. ၂:၄) ထို့ပြင် တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းမှုပြုရန် သူတို့အား ကျွန်ုပ်တို့၏အိမ်များသို့ ဖိတ်ခေါ်နိုင်သည်။ ကျွန်ုပ်တို့၏အခြေအနေသည် မည်သို့ပင်ဖြစ်ပါစေ၊ ကျွန်ုပ်တို့အားလုံး ရှေ့ဆောင်စိတ်ဓာတ်ကို ကြိုးစားတင်ပြနိုင်ကြပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ