မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇူလိုင် ၁၅
“ခုချိန်မှာ ဒီလိုအဖြစ်အပျက် [မျက်နှာဖုံးတွင် ပုံဖော်ထားသည့်အရာ] တစ်ခုကို သတင်းမှာကြေညာရင် လူအများက ယုံချင်မှယုံကြမယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မာကု ၄:၃၉ ကိုဖတ်ပါ။] ယေရှုပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေဟာ အစစ်အမှန်ဖြစ်တယ်ဆိုတာ ဘာအထောက်အထားရှိသလဲ။ ဒီ ကင်းမျှော်စင် စာစောင်က ဒီမေးခွန်းကို ဆန်းစစ်ထားတယ်။”
နိုးလော့! ဩဂုတ် ၈
“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသန်းပေါင်းများစွာဟာ စိတ်ကျရောဂါနဲ့ စိတ်ကြွစိတ်ကျရောဂါတို့လို စိတ်ဝေဒနာတွေခံစားနေရတယ်။ ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်ဟာ အဲဒီလိုလူတွေကို သိပ်ဂရုစိုက်တယ်။ [ဆာလံ ၃၄:၁၈ ဖတ်။] ဝေဒနာသည်တွေကို ဘယ်လိုကူညီနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။ မကြာခင်မှာ ဖျားနာမှုအားလုံးကို ဖယ်ရှားပေးမယ်ဆိုတဲ့ ကျမ်းစာရဲ့ကတိတော်ကိုလည်း ညွှန်ပြပေးတယ်။”
ကင်းမျှော်စင် ဩဂုတ် ၁
“လူတွေ ဒီလောက်စိတ်ဝမ်းကွဲပြားနေတဲ့အတွက် တချို့က ကမ္ဘာ့အစိုးရတစ်ခုအားဖြင့်သာ ကမ္ဘာ့ငြိမ်းချမ်းရေးရနိုင်တယ်လို့ ယူဆကြတယ်။ အဲဒီလို ဖြစ်နိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။] ဘုရားသခင်ရဲ့နိုင်ငံတော်က အခု ဘာတွေပြီးမြောက်နေစေသလဲ၊ မကြာခင်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးရအောင် ဘယ်လိုဆောင်ကြဉ်းပေးမလဲဆိုတာတွေကို ဒီမဂ္ဂဇင်းက သုံးသပ်ထားတယ်။”