သွေးကိုရှောင်ကြဉ်ရန် အထောက်အကူပြုသည့် အစီအစဉ်သစ်
အုပ်ချုပ်ရေးအဖွဲ့သည် ကြာရှည်တည်တံ့သည့် ကိုယ်စားလှယ်လွှဲစာ (ကကစ) စာရွက်စာတမ်းနှင့် ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်း ကတ်တို့၏ အရေးကြီးဆုံးအပိုင်းများကို ယေဘုယျအားဖြင့် ကကစ ကတ်ဟူ၍ ရည်ညွှန်းခေါ်ဆိုမည့် တရားဝင်စာရွက်စာတမ်းတစ်ခုအဖြစ် ပေါင်းစပ်ရန် အတည်ပြုခဲ့သည်။
ကကစ ကတ်သည် မည်သည့်နေရာတွင်မဆို အချိန်အကန့်အသတ်မရှိ တရားဝင်ကာ နိုင်ငံတကာသို့ ခရီးသွားသည့်အခါ ယင်းက သင်၏ဆန္ဒများကို ဖော်ပြသည့်အရာတစ်ခုအဖြစ် လုပ်ဆောင်ပေးပါမည်။ နောင်တွင် (၁) သင်၏ ကကစ ကတ်၌ သင်၏ဆန္ဒ၊ ကျန်းမာရေးစောင့်ရှောက်မှုကိုယ်စားလှယ်၊ လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များ စသည်ဖြင့် တစ်ခုခုကိုပြောင်းဖို့လိုလျှင် သို့မဟုတ် (၂) သင်၏ ကကစကတ်ပျောက်ဆုံးသွားလျှင် သို့မဟုတ် ပျက်စီးသွားလျှင် ကကစ ကတ်အသစ်တစ်ခု ဖြည့်သင့်သည်။
ကကစ ကတ်ကို အိမ်တွင် ဆုတောင်းသုံးသပ်ကာ သေသေချာချာဖြည့်သင့်သည်။ သို့သော် ကတ်ပေါ်တွင်လက်မှတ်မထိုးမီ တရားဝင်လုပ်ထုံးလုပ်နည်းများကို အနီးကပ်လိုက်လျှောက်ရန် အရေးကြီး၏။ ဥပမာ၊ သင်၏ကတ်က သင်လက်မှတ်ထိုးသည်ကို သက်သေနှစ်ဦးမြင်ရမည်ဟုဆိုလျှင် ကတ်ပေါ်တွင် သင်လက်မှတ်ထိုးသည့်အခါ သူတို့ရှိသင့်သည်။ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများက ကတ်အသစ် မဖြည့်ရသေးသူများ အကူအညီလို၊ မလိုကိုသိရန် အခါအားလျော်စွာစစ်ဆေးပေမည်။
ကကစ ကတ်ကို မခေါက်မီ သင်၏ ကိုယ်ပိုင်မှတ်တမ်းမှတ်ရာများအတွက်အပြင် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုကိုယ်စားလှယ်၊ ကျန်းမာရေးစောင့်ရှောက်မှု ကိုယ်စားလှယ်နောက်တစ်ဦးနှင့် သင်၏ ဆရာဝန်တို့အတွက် အရည်အသွေးကောင်းမွန်သောမိတ္တူများကူးထားပါ။ သင်သည် အခြားမိသားစုဝင်များနှင့် အသင်းတော်အတွင်းရေးမှူးအတွက်ပါ မိတ္တူကူးပေးလိုပေမည်။ မိတ္တူများကို သတ်မှတ်အရွယ်အစား (A4 (210 x 297 mm) ရှိသည့်စာရွက်ဖြင့် ကကစ ကတ်အား စာမျက်နှာ၏ဗဟိုတွင်ထားကာ တစ်ဖက်လွတ်ကူးသင့်သည်။ မိတ္တူကိုမဟုတ်ဘဲ မူရင်း ကကစ ကတ်ကို သင်နှင့်အတူဆောင်ထားပါ။
သက်သေခံမိဘများ၏ နှစ်ခြင်းမခံရသေးသောကလေးများအတွက် ပုံနှိပ်နေ့စွဲ ၃/၉၉ ပါသော စိစစ်ရေးကတ် သည် ပြောင်းလဲခြင်းမရှိပေ။ မိဘတို့သည် ကလေးငယ်တစ်ဦးစီအတွက် ကတ်တစ်ခုကို မှန်ကန်စွာဖြည့်ကာ လက်မှတ်ထိုးထားကြောင်း၊ သင့်လျော်သည့်အချိန်များတွင် ယင်းကို သူတို့ယူဆောင်သွားကြောင်း သေချာစေသင့်သည်။
နှစ်ခြင်းမခံရသေးသောကြေညာသူများသည် မိမိတို့နှင့် မိမိတို့၏ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ညွှန်ကြားချက်များကို ရေးချရန် ကကစ ကတ်နှင့် စိစစ်ရေးကတ် ပါစကားကို ပြုပြင်နိုင်သည်။ အတွင်းရေးမှူးသည် ဤနှစ်အတွင်း နှစ်ခြင်းခံပြီးခါစ ကြေညာသူအားလုံးအတွက် ကကစ ကတ် ပေးသင့်သည်။