သွေးကိုရှောင်ကြဉ်ရန် အထောက်အကူပြုသည့် ပြင်ဆင်ပေးမှုများ
ပုံနှိပ်နေ့စွဲမပါသော သို့မဟုတ် ပုံနှိပ်နေ့စွဲ ၃/၉၉ ပါသော ကြိုတင်ဆေးဘက်ဆိုင်ရာညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ် သို့မဟုတ် စိစစ်ရေးကတ်ကို ယခင်ကဖြည့်ပြီးသော နှစ်ခြင်းခံပြီးသည့် ကြေညာသူများသည် ဤနှစ်တွင် အသစ်တစ်ခုဖြည့်ရန် လိုမည်မဟုတ်ပေ။ ဒီဇင်ဘာ ၂၉ ရက်အပတ် လုပ်ငန်းတော်စည်းဝေးအတွက် အတွင်းရေးမှူးသည် နှစ်ခြင်းခံပြီးသောကြေညာသူလူသစ်များ၊ သူတို့၏သားသမီးများနှင့် အသစ်လဲရန်လိုအပ်သူများအတွက် ကတ်ပြားများအလုံအလောက် ရရှိထားသင့်သည်။ ၎င်းတို့ကို အသင်းတော်များသို့ ပို့ပေးမည်မဟုတ်ပါ။ အသင်းတော်တွင် ဆောင်ထားသောကတ်ပြားများ မလုံလောက်လျှင် အတွင်းရေးမှူးသည် အနီးအနားအသင်းတော်များတွင် စုံစမ်းမေးမြန်းနိုင်သည်၊ သို့မဟုတ် အသင်းတော်၏ နောက်လစာအုပ်စာတမ်းတောင်းခံလွှာတွင် ကတ်ပြားများ ထပ်မံတောင်းခံနိုင်သည်။
ကတ်ပြားများကို အိမ်တွင် သေသေချာချာဖြည့်သင့်သော်လည်း လက်မှတ်မထိုးသင့်ပါ။ လိုအပ်သည့်အကူအညီကို စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးထံမှရရှိရန် ကတ်ပြားများပေါ်တွင် လက်မှတ်ထိုးခြင်း၊ အသိသက်သေအဖြစ်လက်မှတ်ထိုးခြင်းနှင့် နေ့စွဲတပ်ခြင်းတို့ကို နောက်ကျင်းပမည့်စာအုပ်ကြီးသင်တန်းတွင် ပြုလုပ်သင့်သည်။ သက်သေအဖြစ်လက်မှတ်ထိုးသူများသည် ကတ်ပြားကိုင်ဆောင်သူ ကတ်ပြားပေါ်လက်မှတ်ထိုးသည်ကို အမှန်တကယ်တွေ့မြင်သင့်သည်။
နှစ်ခြင်းမခံရသေးသောကြေညာသူများသည် ကြိုတင်ဆေးဘက်ဆိုင်ရာညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်နှင့် စိစစ်ရေးကတ်ပါစကားများကို ပြုပြင်ခြင်းအားဖြင့် မိမိတို့အတွက်နှင့် မိမိတို့၏ သားသမီးများအတွက် ညွှန်ကြားချက်များကို ရေးပေးနိုင်သည်။