မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဧပြီ ၁၅
“အခုခေတ်မှာ သတင်းအချက်အလက်တွေ မကုန်မခန်းနိုင်အောင် များနေတယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒါပေမဲ့ ဒီကျမ်းချက်မှာဖော်ပြထားတဲ့အရာထက် ပိုပြီးတန်ဖိုးရှိတဲ့အရာ ဘာမှမရှိဘူး။ [ယောဟန် ၁၇:၃ ဖတ်။] ‘ထာဝရအသက်’ ဆိုတဲ့ ဝေါဟာရဟာ ဘယ်အရာကိုဆိုလိုပြီး အဲဒါကိုရရှိစေနိုင်တဲ့အသိပညာကို ကျွန်တော်တို့ ဘယ်လိုရရှိနိုင်တယ်ဆိုတာကို ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”
နိုးလော့! မေ ၈
“လက်မထပ်ထားတဲ့ ဆယ်ကျော်သက်မိန်းကလေးသန်းပေါင်းများစွာ နှစ်စဉ် ကိုယ်ဝန်ရနေတာ ဝမ်းနည်းဖို့မကောင်းဘူးလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဆယ်ကျော်သက်မိခင်ဘဝရဲ့ စိန်ခေါ်ချက်များစွာကိုဖြေရှင်းနိုင်ဖို့ ပြုလုပ်ရမယ့်အဆင့်တွေကို ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။ အစကတည်းက ဒီပြဿနာမကြုံရအောင် သားသမီးတွေကို မိဘတွေ ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာကိုလည်း သုံးသပ်ထားတယ်။” ၂ တိမောသေ ၃:၁၅ ဖတ်။
ကင်းမျှော်စင် မေ ၁
“ကျွန်တော်တို့ချစ်မြတ်နိုးရသူတစ်ဦးဦး သေဆုံးသွားတဲ့အခါ အဲဒီသူကို ပြန်မြင်ချင်တာဟာ သဘာဝပါပဲ။ မိတ်ဆွေလက်ခံတယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာမှာပါတဲ့ ရှင်ပြန်ထမြောက်ခြင်းကတိတော်ကြောင့် လူများစွာ နှစ်သိမ့်မှုရခဲ့ကြတယ်။ [ယောဟန် ၅:၂၈၊ ၂၉ ဖတ်။] ဘယ်အချိန်မှာ ရှင်ပြန်ထမြောက်လာကြမလဲ၊ အဲဒီကနေ ဘယ်သူတွေ သေချာပေါက်အကျိုးခံစားရမလဲဆိုတာတွေကို ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။”