မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဧပြီ ၁၅
“ရက်စက်ကြမ်းကြတ်မှုက ပိုခေတ်စားလာပုံရတယ်။ [ဒေသမှ သို့မဟုတ် မဂ္ဂဇင်းမှ ဥပမာတစ်ခုကိုဖော်ပြပါ။] လူတွေ ဘာကြောင့် ဒီလောက်ရက်စက်လာကြတယ်ဆိုတာ စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ရက်စက်ကြမ်းကြုတ်မှု တိုးများလာမယ်ဆိုပြီး ကျမ်းစာမှာကြိုပြောထားတယ်။ [၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။] ‘ရက်စက်ကြမ်းကြုတ်မှု အဆုံးတိုင်ပါမည်လော’ ဆိုတဲ့မေးခွန်းကို ဒီမဂ္ဂဇင်းက အဖြေပေးထားတယ်။”
နိုးလော့! ဧပြီ
“ကမ္ဘာ့ဒေသ အတော်များများမှာ ကိုယ်ကျင့်တရားပျက်ပြားလာတာကို လူတွေသတိပြုမိကြတယ်။ မိတ်ဆွေကော အဲဒါကို သတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီနေ့ တွေ့နေရတဲ့အခြေအနေတွေက ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံနေတယ်ဆိုတာ ပြတယ်။ [၂ တိမောသေ ၃:၂-၄ ကိုဖတ်ပါ။] ကိုယ်ကျင့်တရား ပျက်ပြားတယ်ဆိုတာ ဘာကိုဆိုလိုတယ်၊ အဲဒါက လူသားတွေကို ဘယ်အခြေအနေရောက်အောင် ပို့ဆောင်ပေးနေတယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”
ကင်းမျှော်စင် မေ ၁
“ကလေးတစ်ဦးသေဆုံးသွားတဲ့အခါ မိဘတွေ ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးရတယ်။ မိဘတွေအတွက် နှစ်သိမ့်မှု ဘယ်ကရနိုင်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ရောမ ၁၅:၆ ကိုဖတ်ပါ။] ဝမ်းနည်းပူဆွေးနေသူတွေကို ဘုရားသခင် နှစ်သိမ့်ပေးတဲ့ နည်းလမ်းအချို့ကို ဒီမဂ္ဂဇင်းမှာဆွေးနွေးထားတယ်။”
နိုးလော့! ဧပြီ
“လူအတော်များများက သူတို့ကိုယ်သူတို့ ခရစ်ယာန်လို့ပြောကြတယ်။ ခရစ်ယာန်တစ်ဦးဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုက ဒီလိုပြောတယ်။ [ယောဟန် ၁၅:၁၄ ကိုဖတ်ပါ။] လူတစ်ယောက်က သူ့ကိုယ်သူ ခရစ်ယာန်ဖြစ်ပါတယ်လို့ ပြောရုံနဲ့မလုံလောက်ဘူးဆိုတာ ဒီဆောင်းပါးက ဖော်ပြတယ်။” စာမျက်နှာ ၁၄ မှဆောင်းပါးကိုပြပါ။