မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဧပြီ ၁၅
“ကြေကွဲစရာဖြစ်ရပ်တွေအပါအဝင် ဘဝမှာဖြစ်ပျက်တာမှန်သမျှဘုရားသခင့်အလိုတော်ပဲလို့ လူအချို့ယူမှတ်ကြတယ်။အဲဒီအကြောင်းကိုမိတ်ဆွေစဉ်းစားဖူးသလား။[တုံ့ပြန်မှုကိုစောင့်ပါ။] ဒီဆုပတ္ထနာကို လူအများသိကြပါတယ်။ [မဿဲ ၆:၁၀ခ ဖတ်။] ကမ္ဘာမြေကြီးအတွက် ဘုရားသခင်ရဲ့အလိုတော်က ဘာလဲ၊ ဘယ်အချိန်မှာ အဲဒါတွေ တစ်ခုမကျန်ပြည့်စုံလာမလဲ။ဒီမဂ္ဂဇင်းက ကျမ်းစာအဖြေကို ဖော်ပြပေးတယ်။”
နိုးလော့! မေ ၈
“ဆေးကုသမှုကို တန်ပြန်ခုခံနိုင်စွမ်းရှိတဲ့ ရောဂါပိုးတွေအကြောင်း တစ်နေ့တခြား ပိုကြားလာရတာ မိတ်ဆွေသတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက အဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကို ဆန်းစစ်ဖော်ပြပြီး ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာတွေကို အကြံပြုထားတယ်။ ဘယ်သူမှ ဖျားနာခြင်းမရှိတော့မယ့် ကမ္ဘာတစ်ခုနဲ့ဆိုင်တဲ့ ကျမ်းစာကတိတော်ကိုလည်း ဆွေးနွေးထားတယ်။” ဟေရှာယ ၃၃:၂၄ ကိုဖတ်ပါ။
ကင်းမျှော်စင် မေ ၁
“လူ့ဘောင်အဖွဲ့အစည်းတိုးတက်အောင် ကြိုးစားတဲ့အနေနဲ့ ဘာသာရေးခေါင်းဆောင်တချို့ဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်လာကြတယ်။ ဒါပေမဲ့ လူတွေက ယေရှုကို ဘုရင်ခန့်ချင်တဲ့အခါ ကိုယ်တော်ဘာလုပ်ခဲ့သလဲဆိုတာ ဂရုပြုကြည့်ပါ။ [ယောဟန် ၆:၁၅ ဖတ်။] တခြားသူတွေအတွက် တည်မြဲတဲ့ကောင်းကျိုးဖြစ်စေမယ့် အရာတစ်စုံတစ်ခုကို ယေရှု အာရုံစိုက်ခဲ့တယ်။ အဲဒါ ဘယ်အရာလဲဆိုတာ ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။”