သင်၏အချိန်ကို ပညာရှိရှိအသုံးပြုပါ
၁ ဘုရားသခင်၏စိတ်တော်နှင့်တွေ့လိုသော ကျွန်ုပ်တို့၏ဆန္ဒက ကျွန်ုပ်တို့၏အသက်တာတွင် ဝိညာဉ်ရေးလုပ်ဆောင်မှုများကို အဓိကထားရန် လှုံ့ဆော်ပေး၏။ ကိုယ်တော့်နှုတ်ကပါဌ်တော်က ‘နိုင်ငံတော်ကို ဆက်၍ရှေးဦးရှာ’ ရန်နှင့် “သာ၍အရေးကြီးသောအရာများကို သေချာစေ” ရန် ကျွန်ုပ်တို့ကို သွန်သင်ပေး၏။ (မ. ၆:၃၃; ဖိ. ၁:၁၀၊ ကဘ) နိုင်ငံတော်အကျိုးစီးပွားအတွက် အချိန်ကို မည်သို့ဝယ်ယူနိုင်ပြီး အရေးမကြီးသောလုပ်ဆောင်မှုများကို သူ့နေရာနှင့်သူ မည်သို့ထားနိုင်သနည်း။—ဧ. ၅:၁၅-၁၇။
၂ နိုင်ငံတော်လုပ်ငန်းများကို ရှေးဦးထားပါ– အရေးမကြီးသောအရာများဖြင့် အချိန်မကုန်စေရန် အချိန်ဇယားဆွဲပါ။ အချို့သူတို့သည် မိမိတို့၏ပြက္ခဒိန်ပေါ်တွင် လယ်ကွင်းဓမ္မအမှုအတွက် သတ်သတ်မှတ်မှတ်အချိန်များကို စီစဉ်ရေးဆွဲခြင်းဖြင့် တစ်လစီကို အစပြုကြသည်။ ထို့နောက် သူတို့သည် ၎င်းအစီအစဉ်များကို အခြားကိစ္စများကြောင့် အပျက်မခံရန် ဂရုပြုကြသည်။ အစည်းအဝေးများ၊ ကိုယ်ပိုင်လေ့လာမှုနှင့် စည်းဝေးကြီးများအတွက် အချိန်ကိုဝယ်ယူရန် အလားတူပြုလုပ်နိုင်သည်။ များစွာသောသူတို့တွင် ကျမ်းစာဖတ်ရှုခြင်းဖြင့် စတင်သည့် သို့မဟုတ် အဆုံးသတ်သည့် နေ့စဉ်ဇယားတစ်ခုရှိကြသည်။ အရေးကြီးသည့်လုပ်ဆောင်မှုတစ်ခုစီအတွက် သတ်သတ်မှတ်မှတ်အချိန်ကို စီစဉ်ရေးဆွဲပါ၊ အခြားအရာများကြောင့် မလိုအပ်ဘဲ အပျက်မခံပါနှင့်။—ဒေ. ၃:၁; ၁ ကော. ၁၄:၄၀။
၃ လောကကို အကန့်အသတ်ဖြင့်သုံးပါ– တိုင်းပြည်အချို့တွင် အားကစား၊ ဖျော်ဖြေမှု၊ အပန်းဖြေမှု၊ ဝါသနာပါရာများနှင့် အခြားလိုက်စားရာများကို အလွယ်တကူရရှိနိုင်သည်။ လူများစွာသည် ရုပ်မြင်သံကြားကြည့်ခြင်း သို့မဟုတ် ကွန်ပျူတာအသုံးပြုခြင်းတွင် အချိန်ကို အလွန်အကျွံသုံးကြသည်။ သို့သော် ဤလောက ကမ်းလှမ်းထားသည့် အပန်းဖြေလှုပ်ရှားမှုများနှင့် ကိရိယာအသစ်အဆန်းများတွင် အာရုံနစ်မြုပ်နေခြင်းက ဧကန်စိတ်ပျက်စရာဖြစ်စေမည်။ (၁ ယော. ၂:၁၅-၁၇) ထို့ကြောင့် ကျမ်းစာက ကျွန်ုပ်တို့အား လောကကို အပြည့်အဝမသုံးရန် တိုက်တွန်းသည်။ (၁ ကော. ၇:၃၁၊ ကဘ) ဤပညာရှိသြဝါဒကို ဂရုပြုခြင်းဖြင့် သင့်အသက်တာတွင် ကိုယ်တော့်ဝတ်ပြုရေးကို ရှေးဦးထားကြောင်း ယေဟောဝါအား ပြသနိုင်သည်။—မ. ၆:၁၉-၂၁။
၄ ဤလက်ရှိစနစ်၏ ကျန်ကြွင်းချိန်သည် ကုန်ဆုံးလုပြီဖြစ်၏။ နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားသူများသည် ပျော်ရွှင်ပြီး ဘုရားသခင်၏မျက်နှာသာတော်ကို ရရှိကြမည်ဖြစ်သည်။ (သု. ၈:၃၂-၃၅; ယာ. ၁:၂၅) ထို့ကြောင့် ကျွန်ုပ်တို့သည် တန်ဖိုးရှိသည့် မိမိတို့၏အချိန်ကို ပညာရှိရှိအသုံးပြုနိုင်ကြပါစေ။