ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၀၆ စာ. ၁
  • သင့်ဦးစားထားရာကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဦးစားထားရာကား အဘယ်နည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဒီဟာတွေထက် ကျွန်တော့်ကို ပိုချစ်သလား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သင့်အပန်းဖြေမှုက အကျိုးပြုသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သင်၏အချိန်ကို ပညာရှိရှိအသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၁၀/၀၆ စာ. ၁

သင့်ဦးစားထားရာကား အဘယ်နည်း

၁ ထိုမေးခွန်းကို သင်မည်သို့ဖြေဆိုမည်နည်း။ အမှန်တွင် ကျွန်ုပ်တို့အားလုံး နိုင်ငံတော်ကို ရှေးဦးထားလိုကြသည်။ (မ. ၆:၃၃) သို့သော် ‘ငါ့ရွေးချယ်မှုတွေက နိုင်ငံတော်ကို ရှေးဦးထားကြောင်းပြနေရဲ့လား’ ဟု ကိုယ့်ကိုယ်ကိုမေးသင့်သည်။ သမ္မာကျမ်းစာက “မိမိတို့ကိုယ်ကို ဆန်းစစ်ကြလော့” ဟုအားပေးထားသည်။ (၂ ကော. ၁၃:၅၊ ခမ) ကျွန်ုပ်တို့သည် နိုင်ငံတော်ကို ရှေးဦးထားနေကြောင်း မိမိတို့ကိုယ်ကို မည်သို့ဆန်းစစ်နိုင်သနည်း။

၂ ကျွန်ုပ်တို့၏အချိန်– ဦးစွာ၊ အချိန်ကို မည်သို့အသုံးပြုနေကြောင်း ဆန်းစစ်ကြည့်နိုင်သည်။ (ဧ. ၅:၁၅၊ ၁၆) လူမှုရေးကိစ္စများ၊ တီဗွီကြည့်ခြင်း၊ အင်တာနက်အသုံးပြုခြင်းနှင့် ဝါသနာပါရာကို လိုက်စားခြင်းတို့တွင် ပတ်စဉ် အချိန်မည်မျှအသုံးပြုနေသနည်း။ ထိုအရာတို့တွင် အသုံးပြုသောအချိန်ကို ရေးချလိုက်ပြီး ဝိညာဏရေးရာများတွင် သုံးသောအချိန်နှင့် နှိုင်းယှဉ်လိုက်ပါက ကျွန်ုပ်တို့ အံ့သြသွားပေမည်။ ဇိမ်ကျကျနေနိုင်ရန် တစ်ခုတည်းအတွက် မြင့်မြတ်သောလုပ်ငန်းတော်ကို လျစ်လျူရှုပြီး အလုပ်တွင် အချိန်များစွာသုံးနေသလော။ သီတင်းပတ်အကုန်ပိုင်းတွင် အပန်းဖြေခရီးထွက်ခြင်းကြောင့် အစည်းအဝေးများနှင့် ဓမ္မအမှုတို့တွင်ပါဝင်ရန် မည်မျှပျက်ကွက်နေသနည်း။

၃ ဦးစားထားရာများချမှတ်ပါ– အများအားဖြင့် ကျွန်ုပ်တို့ လုပ်လိုသည့်အရာအားလုံးကို လုပ်နိုင်ရန် အချိန်မရှိကြပါ။ ထို့ကြောင့် နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားနိုင်ရန် ကျွန်ုပ်တို့ဦးစားထားရာများကို ဆန်းစစ်ဖို့လိုပြီး “သာ၍အရေးကြီးသောအရာများ” အတွက် အချိန်ဇယားဆွဲထားရမည်။ (ဖိ. ၁:၉၊ ၁၀၊ ကဘ) ယင်းတို့တွင် ကျမ်းစာလေ့လာခြင်း၊ ဓမ္မအမှုတွင်ပါဝင်ခြင်း၊ မိသားစုကိုပြုစုစောင့်ရှောက်ခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းတို့ပါဝင်သည်။ (ဆာ. ၁:၁၊ ၂; ရော. ၁၀:၁၃၊ ၁၄; ၁ တိ. ၅:၈; ဟေဗြဲ ၁၀:၂၄၊ ၂၅) တော်ရုံသင့်ရုံ ကာယလေ့ကျင့်ခန်းလုပ်ခြင်း၊ အကျိုးပြုသောအပန်းဖြေခြင်းစသည့် အခြားလုပ်ဆောင်မှုများလည်း ကောင်းကျိုးပြုပါသည်။ (မာ. ၆:၃၁; ၁ တိ. ၄:၈) သို့သော် ယင်းတို့ကြောင့် နိုင်ငံတော်အကျိုးစီးပွားကို မထိခိုက် စေပါနှင့်။

၄ ညီအစ်ကိုငယ်တစ်ဦးသည် အလုပ်ကောင်းကောင်းရရှိနိုင်စေသည့် အဆင့်မြင့်ပညာရေးကို လိုက်စားမည့်အစား အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ခြင်းဖြင့် နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားခဲ့သည်။ သူသည် ဘာသာစကားအသစ်သင်ယူပြီး သာ၍လိုအပ်သောနေရာတွင် ပြောင်းရွှေ့အမှုဆောင်ခဲ့သည်။ သူဤသို့ပြောပြ၏– “ကျွန်တော် ဒီမှာနေပြီး ဓမ္မအမှုမှာပါဝင်ရတာ သိပ်ပျော်တယ်။ လူငယ်အားလုံး ဒီလိုအလုပ်မျိုးမှာပါဝင်ပြီး ကျွန်တော်ခံစားသလိုခံစားစေချင်တယ်။ ကျွန်တော်တို့မှာရှိတဲ့အရာအားလုံးနဲ့ ယေဟောဝါကိုဝတ်ပြုတာထက်ကောင်းတာ ဘာမှမရှိဘူး။” မှန်ပါသည်၊ နိုင်ငံတော်ကိုရှေးဦးထားခြင်းက ကောင်းချီးများခံစားရစေသည်။ သာ၍အရေးကြီးသည်မှာ ယင်းက ကောင်းကင်ခမည်းတော် ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေခြင်းဖြစ်သည်။—ဟေဗြဲ ၆:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ