မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မတ် ၁၅
“ကျွန်တော်တို့အများစုဟာ သေခြင်းတရားကြောင့် ချစ်ရသူတစ်ဦးဆုံးရှုံးရတဲ့ ဝမ်းနည်းစရာအတွေ့အကြုံရှိကြပါတယ်။ စိတ်ချမ်းမြေ့စရာ ဒီကတိတော်နဲ့ မိတ်ဆွေ အကျွမ်းတဝင်ရှိသလား။ [တမန်တော် ၂၄:၁၅ ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ဒါပေမဲ့ လူများစွာဟာ ဘယ်သူတွေ ရှင်ပြန်ထမြောက်လာကြမလဲ၊ ဘယ်အချိန်နဲ့ ဘယ်နေရာမှာ အဲဒီလိုဖြစ်လာမလဲဆိုတာ သိချင်ကြတယ်။ ဒီမေးခွန်းတွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဖြေတွေကို ဒီမဂ္ဂဇင်းက ဖော်ပြပေးတယ်။”
ကင်းမျှော်စင် ဧပြီ ၁
“လူသိများတဲ့ ဒီဆိုရိုးစကားက ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာဆည်းပူးခြင်းရဲ့ အရေးကြီးမှုကို ပေါ်လွင်စေတယ်။ [မဿဲ ၄:၄ ဖတ်။] ဒါပေမဲ့ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နားလည်ဖို့ လူများစွာ အခက်တွေ့နေကြတယ်။ မိတ်ဆွေလည်း နားလည်ဖို့ အခက်တွေ့နေသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာကို နားလည်အောင် ကူညီပေးနိုင်တဲ့ လက်တွေ့ကျအကြံပြုချက်တွေကို ဒီမဂ္ဂဇင်းက ဖော်ပြပေးတယ်။”
နိုးလော့! ဧပြီ
“ပျော်ရွှင်မှုရရှိဖို့ လူများစွာ ကြိုးစားကြပေမဲ့ ရရှိတဲ့သူ မရှိသလောက်ပါပဲ။ ဒီမှာဖော်ပြထားတဲ့အရာတွေထဲက တစ်ခုခုက ပိုပြီးပျော်ရွှင်တဲ့အသက်တာရရှိအောင် လူတွေကို ကူညီပေးနိုင်မယ်လို့ မိတ်ဆွေထင်သလား။ [စာမျက်နှာ ၉ ရှိလေးထောင့်ကွက်ကို ပြပါ။ ထို့နောက် ညွှန်းထားသည့် ကျမ်းချက်တစ်ချက်ကို ဖတ်ပါ။] ဒီလထုတ် နိုးလော့! က စစ်မှန်တဲ့ပျော်ရွှင်မှုအတွက် ကျမ်းစာပေါ်အခြေပြုထားတဲ့ နည်းလမ်းကောင်းကို ဆွေးနွေးထားတယ်။”
နိုးလော့! ဧပြီ
“ဘုရားသခင်နဲ့ ပိုမိုရင်းနှီးစေတယ်လို့ ခံစားရအောင် လက်ဝါးကားတိုင်က ပံ့ပိုးပေးတယ်လို့ လူအများက ပြောကြတယ်။ ဒါပေမဲ့ တချို့သူတွေကတော့ ယေရှုကို သေဒဏ်ပေးဖို့ အသုံးပြုခဲ့တဲ့ကိရိယာကို ကြည်ညိုတာဟာ သင့်လျော်သလား၊ လက်ဝါးကားတိုင်ပေါ်မှာ ယေရှု တကယ်သေဆုံးခဲ့သလားဆိုတာ သိချင်ကြတယ်။ စာမျက်နှာ ၁၀ မှာအစပြုထားတဲ့ဆောင်းပါးက သမ္မာကျမ်းစာရဲ့ရှုထောင့်ကနေ အဲဒီမေးခွန်းတွေကို ဆန်းစစ်ထားတယ်။” တမန်တော် ၅:၃၀ ကိုဖတ်ပါ။