မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မတ် ၁၅
“ယေရှုကြွလာမယ်ဆိုတဲ့အကြောင်း လူတွေပြောလေ့ရှိတယ်။ ယေရှုကြွလာတာကို စောင့်မျှော်သင့်သလား၊ ကြောက်ရွံ့သင့်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းရေးသူယောဟန်ရဲ့ သဘောထားကို ဒီကျမ်းချက်မှာတွေ့ရတယ်။ [ဗျာဒိတ် ၂၂:၂၀၊ ၂၁ ကိုဖတ်ပါ။] ခရစ်တော်ကြွလာတဲ့အခါ ဘာတွေလုပ်မယ်ဆိုတာကို ဒီမဂ္ဂဇင်းကရှင်းပြထားတယ်။”
နိုးလော့! မတ်
“ဒီနေ့လူငယ်တွေ ဘာအခက်အခဲတွေကြုံနေရတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိတ်ဆွေကောင်းရှိဖို့ဆိုတာ အခက်အခဲတစ်ခုပဲလို့ ဒီကျမ်းချက်ကပြောတယ်။ [သုတ္တံ ၁၃:၂၀ ကိုဖတ်ပါ။] အင်တာနက်မှာ မိတ်ဆွေရှာခြင်းရဲ့အန္တရာယ်နဲ့ လူငယ်တွေ ဘယ်လိုအကာအကွယ်ရနိုင်တယ်ဆိုတဲ့အကြောင်း ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။”
ကင်းမျှော်စင် ဧပြီ ၁
“ကျန်းမာရေး၊ မိသားစု၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို နေ့တိုင်းလိုလိုရင်ဆိုင်နေရတယ်။ ယုံကြည်အားထားနိုင်ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းနည်းကို ဘယ်မှာရနိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ၂ တိမောသေ ၃:၁၆ မှာ ဘာပြောထားတယ်ဆိုတာ နားထောင်ကြည့်ပါ။ [ဖတ်။] သမ္မာကျမ်းစာက ဘယ်လိုလက်တွေ့ကျကျ ကူညီနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းကဖော်ပြတယ်။”
နိုးလော့! မတ်
“ကမ္ဘာ့ခေါင်းဆောင်အတော်များများက မာနထောင်လွှားကြတယ်။ အဲဒီသဘောထားက ကမ္ဘာကြီးကို ငြိမ်းချမ်းစည်းလုံးစေမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မာနထောင်လွှားခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာဒီလိုပြောတယ်။ [သုတ္တံ ၁၆:၁၈ ကိုဖတ်ပါ။] နှိမ့်ချခြင်းရဲ့အကျိုးကျေးဇူးကို ဒီဆောင်းပါးမှာရှင်းပြထားတယ်။” စာမျက်နှာ ၁၆ မှ ဆောင်းပါကိုဖော်ပြပါ။