မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မတ် ၁၅
“ယေရှုရဲ့သွန်သင်ချက်တွေဟာ ကျွန်တော်တို့ခေတ်အတွက် လက်တွေ့ကျတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိမိရဲ့မြေကြီးအသက်တာနောက်ဆုံးနေ့မှာ ယေရှုပေးခဲ့တဲ့ ဒီအမိန့်တော်ကို မိတ်ဆွေသဘောတူမှာ သေချာပါတယ်။ [ယောဟန် ၁၅:၁၂ ဖတ်။] ယေရှု အဲဒီနေ့မှာ တခြားအဖိုးတန်သင်ခန်းစာတွေကိုလည်း သင်ပေးခဲ့တယ်။ ဒီလထုတ် ကင်းမျှော်စင် က အဲဒါတွေကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးရရှိနိုင်တယ်ဆိုတာ ဖော်ပြတယ်။”
နိုးလော့! မတ် ၂၂ [လိပ်]
“ခုချိန်ခါမှာ လူများစွာဟာ အိပ်ရေးဝဝအိပ်ဖို့ အခက်တွေ့နေတယ်ဆိုတာ မိတ်ဆွေသတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] စိုးရိမ်မှု ဒါမှမဟုတ် စိတ်ပူပန်မှုက အဲဒီလိုဖြစ်စေနိုင်တယ်။ [ဒေသနာ ၅:၁၂ ဖတ်။] ဒီမဂ္ဂဇင်းက အိပ်မရတဲ့အကြောင်းရင်းအချို့ကို ဆန်းစစ်ပြီး ကျွန်တော်တို့အအိပ်အနေ တိုးတက်နိုင်ပုံနဲ့ပတ်သက်တဲ့ လက်တွေ့ကျအကြံပြုချက်တွေကို ဖော်ပြထားတယ်။”
ကင်းမျှော်စင် ဧပြီ ၁
“ထုံးတမ်းစဉ်လာအရ နောက်ဆုံးညစာစားပွဲလို့ခေါ်တဲ့ ပွဲတော်အကြောင်းကို ဒီမှာဖော်ပြထားတယ်။ [မဂ္ဂဇင်း၏မျက်နှာဖုံးနှင့် ကျောဘက်ကိုပြပါ။] ဒီပွဲတော်ဟာ အထိမ်းအမှတ်ကျင်းပဖို့ ခရစ်ယာန်များကို မိန့်မှာခဲ့တဲ့ တစ်ခုတည်းသောပွဲတော်ဖြစ်တယ်ဆိုတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် လုကာ ၂၂:၁၉ ကိုဖတ်ပါ။] ဒီအထိမ်းအမှတ်ပွဲဟာ ဘာကြောင့် အလွန်အရေးကြီးပြီး မိတ်ဆွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”
နိုးလော့! ဧပြီ ၈ [လိပ်]
“မူးယစ်ဆေးကြောင့် လူငယ်များစွာပျက်စီးနေတာ ဝမ်းနည်းဖို့မကောင်းဘူးလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အများအားဖြင့် လူငယ်တွေဟာ မကောင်းတဲ့သူတွေနဲ့ပေါင်းသင်းရာကနေ ပြဿနာတွေပေါ်ပေါက်လေ့ရှိတယ်။ [၁ ကောရိန္သု ၁၅:၃၃ ဖတ်။] ဒီလထုတ် နိုးလော့! က မူးယစ်ဆေးစတင်သုံးစွဲဖို့ လူငယ်တွေကို ဩဇာလွှမ်းမိုးတဲ့အရာနဲ့ သူတို့ကို မိဘတွေကာကွယ်ပေးနိုင်တဲ့အရာကို ဆန်းစစ်ပေးပါတယ်။”