ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၆ စာ. ၈
  • အထူးကင်ပိန်းဇန်နဝါရီ ၁–၂၈!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးကင်ပိန်းဇန်နဝါရီ ၁–၂၈!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံတော်သတင်း နံပါတ် ၃၅ ကိုနှံ့နှံ့စပ်စပ်ဖြန့်ချိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • “ထောင်စုနှစ်သစ် —သင့်အတွက် မည်သည့်အနာဂတ်အလားအလာရှိသနည်း”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • “သခင်ဘုရား၏လုပ်ငန်းတော်၌ လုပ်ကိုင်စရာများစွာရှိ”
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • အထူးဝေစာကင်ပိန်း အောက်တိုဘာ ၂၀–နိုဝင်ဘာ ၁၆!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၁၁/၀၆ စာ. ၈

အထူးကင်ပိန်းဇန်နဝါရီ ၁–၂၈!

၁ “ဘာသာရေးအမည်ခံပြီး ကျူးလွန်သော မကောင်းမှုများ အဆုံးတိုင်မည်လော။” ယင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် နောက်လမှစတင်ဝေငှမည့် နိုင်ငံတော်သတင်းနံပါတ် ၃၇ ၏ခေါင်းစဉ်ဖြစ်သည်။ ဇန်နဝါရီ ၁၊ တနင်္လာနေ့မှ ဇန်နဝါရီ ၂၈၊ တနင်္ဂနွေနေ့အထိ နိုင်ငံတော်သတင်းနံပါတ် ၃၇ ကို အားသွန်ခွန်စိုက်ဖြန့်ဝေခြင်းတွင် ကျွန်ုပ်တို့ပါဝင်ကြပါမည်။ ကင်ပိန်းအတွင်း စနေ၊ တနင်္ဂနွေနေ့များတွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများနှင့်အတူ ယင်းကိုဝေငှကြပါမည်။

၂ မည်သူများပါဝင်နိုင်သနည်း– သတင်းကောင်းကို တက်ကြွစွာကြေညာနေသူအားလုံး အပြည့်အဝပါဝင်လိုကြပေမည်။ အချို့သူတို့ အရန်ရှေ့ဆောင်လုပ်နိုင်ကြပေမည်။ သင်၌ ဝိညာဉ်ရေးတိုးတက်နေသော သားသမီး သို့မဟုတ် ကျမ်းစာသင်သားများ ရှိသလော။ နှစ်ခြင်းမခံသေးသောကြေညာသူအဖြစ် အရည်အချင်းပြည့်မီ,မမီသိနိုင်ရန် အကြီးအကဲများနှင့် တွေ့ဆုံဖို့ သူတို့ကိုကူညီပေးပါ။ မလှုပ်မရှားဖြစ်နေသောကြေညာသူများသည် အတွေ့အကြုံရှိကြေညာသူများနှင့်တွဲကာ ကင်ပိန်းတွင်ပါဝင်ရန် အကြီးအကဲများ အားပေးသင့်သည်။

၃ နိုင်ငံတော်သတင်းနံပါတ် ၃၇ ကို ကြေညာသူတစ်ဦးလျှင် အနည်းဆုံး စောင်ရေ ၅၀ နှင့် ရှေ့ဆောင်များ စောင်ရေ ၂၅၀ စီရရှိကြမည်။ ကြေညာသူမဖြစ်သေးသော စိတ်ဝင်စားသူများသည် မိသားစုဝင်များနှင့် မိတ်ဆွေများကိုဝေငှရန် ငါးစောင်ရရှိပေမည်။ အားလုံးသည် မိမိတို့ဝေငှသောအရေအတွက်ကို မှတ်ထားပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအကုန်တွင် လယ်ကွင်းလုပ်ငန်းမှတ်တမ်းစာရွက်နောက်ကျော၌ ရေးပေးသင့်သည်။ အတွင်းရေးမှူးသည် အသင်းတော်ဝေငှခဲ့သော စုစုပေါင်းအရေအတွက်ကို လကုန်တွင် ဌာနခွဲရုံးသို့ ပေးပို့သင့်သည်။ ကင်ပိန်းပြီးနောက် လက်ကျန်ဝေစာများကို မကုန်မချင်းဆက်ဝေငှနိုင်သည်။

၄ ပြောဆိုရမည့်အရာ– များများဝေငှနိုင်ရန် တင်ဆက်မှုကို တိုတုတ်စေပါ။ သင်ဤသို့ပြောနိုင်သည်– “လူတွေကိုအကျိုးပြုပြီး အရေးကြီးတဲ့သတင်းကို ကျွန်တော်လာဝေမျှတာပါ။ ဒါကတော့ မိတ်ဆွေအတွက်ဖြစ်တယ်။ ကျေးဇူးပြုပြီး ဖတ်ကြည့်ပါ။” အိမ်များသို့ အမှုဆောင်အိတ်များ ယူဆောင်မသွားလျှင် အကျိုးရှိနိုင်သည်။ စိတ်ဝင်စားသူများကို သေချာရေးမှတ်ထားပါ။

၅ ရပ်ကွက်ပြီးစီးစေနိုင်ပုံ– နိုင်ငံတော်သတင်းကို လမ်းပေါ်တွင် ဝေငှမည့်အစား တစ်အိမ်မှတစ်အိမ်နှင့်စီးပွားရေးရပ်ကွက်များ ပြီးစီးနိုင်ရန် အာရုံစိုက်ပါ။ လူမရှိသည့်အိမ်များကို ရေးမှတ်ထားပြီး အခြားအချိန်တစ်ချိန် သို့မဟုတ် အပတ်အတွင်း တစ်ရက်ရက်တွင် ပြန်သွားနိုင်ရန် ကြိုးစားပါ။ ဇန်နဝါရီ ၂၂ တနင်္လာနေ့မှစ၍ လူမရှိသည့်အိမ်များတွင် တစ်စောင်စီထားခဲ့နိုင်သည်။ သို့သော် သတ်မှတ်ထားချိန်အတွင်း မပြီးနိုင်သည်အထိ ရပ်ကွက်များနေပါက အကြီးအကဲများသည် လူမရှိသောအိမ်များတွင် ကင်ပိန်းတစ်ခုလုံးအတွင်း နိုင်ငံတော်သတင်းကို ထားခဲ့ရန် ဆုံးဖြတ်ပေမည်။

၆ ‘မဟာဗာဗုလုန်’ ပျက်စီးမည့်အချိန် အလျင်အမြန်ချဉ်းကပ်လာနေသည်။ လူများသည် သူလက်စတုံးဖျက်ဆီးမခံရမီ သူ့ထဲမှထွက်ရန် လိုအပ်သည်။ (ဗျာ. ၁၄:၈; ၁၈:၈) ဘာသာရေးအမည်ခံပြီး ကျူးလွန်သောမကောင်းမှုများ အဆုံးတိုင်မည့်အချိန် နီးပြီဖြစ်ကြောင်း လူအားလုံးကို အသိပေးနိုင်ရန် ဤကမ္ဘာချီကင်ပိန်းတွင် အပြည့်အဝပါဝင်ဖို့ ယခုပင် အစီအစဉ်များပြုလုပ်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ