“ထောင်စုနှစ်သစ် —သင့်အတွက် မည်သည့်အနာဂတ်အလားအလာရှိသနည်း”
၁ ထိုမေးခွန်းသည် ကမ္ဘာတစ်ဝန်းရှိ လူတို့၏စိတ်ထဲတွင်ရှိနေသည်။ လူသားတို့သည် ရာစုနှစ်များတစ်လျှောက် အောင်မြင်မှုများရရှိခဲ့သော်လည်း ထောင်စုနှစ်များစွာ တည်ရှိဆဲဖြစ်သော လူသားတို့အား အတိဒုက္ခရောက်စေခဲ့သည့် အရင်းခံပြဿနာများကြောင့် စိတ်ပျက်ခဲ့ကြသည်။ (ယောဘ ၁၄:၁; ဆာ. ၉၀:၁၀) လူသားများ သက်သာရာကို မည်သည့်နေရာတွင်ရှာတွေ့နိုင်မည်နည်း။
၂ အောက်တိုဘာနှင့်နိုဝင်ဘာလများအတွင်း အိမ်နီးချင်းများအား ထိုမေးခွန်း၏အဖြေရရှိစေရန် အခွင့်ထူးတစ်ခု ကျွန်ုပ်တို့ရရှိပါလိမ့်မည်။ မည်သို့အားဖြင့်နည်း။ နိုင်ငံတော်သတင်း နံပါတ် ၃၆ ကိုဖြန့်ဝေခြင်းအားဖြင့်ဖြစ်သည်။ ၎င်းကို “ထောင်စုနှစ်သစ်—သင့်အတွက် မည်သည့်အနာဂတ်အလားအလာရှိသနည်း” ဟူ၍ခေါင်းစဉ်ပေးထားသည်။ အောက်တိုဘာလ၏ ပထမပိုင်းလဝက်အတွင်း ကင်းမျှော်စင်မဂ္ဂဇင်းများကို ကမ်းလှမ်းကြမည်။ ထို့နောက် အောက်တိုဘာ ၁၆၊ တနင်္လာမှ နိုဝင်ဘာ ၁၇၊ သောကြာနေ့အထိ နိုင်ငံတော်သတင်း နံပါတ် ၃၆ ကိုအားသွန်ခွန်စိုက်ဖြန့်ဝေခြင်းတွင် ပါဝင်ကြပါမည်။ ဤကင်ပိန်းအတွင်း ကြားရက်များတွင် နိုင်ငံတော်သတင်း နံပါတ် ၃၆ ကိုဝေငှရန် အာရုံစိုက်ကြမည်။ ရက်သတ္တပတ်အဆုံးနေ့များတွင်မူ ၎င်းကိုနောက်ဆုံးထုတ်မဂ္ဂဇင်းများနှင့်အတူ တင်ဆက်ကြပါမည်။
၃ သင်အပြည့်အဝပါဝင်မည်လော။ အကြီးအကဲများ၊ ဓမ္မအမှုထမ်းများနှင့် ရှေ့ဆောင်များသည် လုပ်ငန်း၏ရှေ့တန်း၌ရှိနေကြသောကြောင့် ဤကင်ပိန်းတွင် ဦးဆောင်လိုကြပါမည်။ ကြေညာသူအများသည် ဖြန့်ဝေမှုတစ်လ သို့မဟုတ် နှစ်လလုံး အရန်ရှေ့ဆောင်ရန် မိမိတို့၏အခြေအနေများကို ပြုပြင်ချိန်ညှိခဲ့ကြသည်။ အခြားသူတို့မူ ဓမ္မအမှုတွင်ခါတိုင်းထက် အချိန်ကိုပို၍အသုံးပြုရန်စီစဉ်ကြသည်။
၄ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများသည် မိမိတို့၏အုပ်စုရှိသူတိုင်းကို နိုင်ငံတော်သတင်း နံပါတ် ၃၆ ဖြန့်ဝေခြင်းတွင် အပြည့်အဝပါဝင်ကြရန် အားပေးကူညီနိုင်ပါသည်။ ဤတွင် ဟောပြောခြင်းလုပ်ငန်း၌ မလှုပ်ရှားသည့်ကြေညာသူအချို့ ရှိနိုင်ပါသည်။ အကြီးအကဲများသည် သူတို့အားမည်သို့ကူညီပေးနိုင်မည်ကို သိရှိရန် သွားရောက်လည်ပတ်သင့်သည်။ ဤလများအတွင်း လယ်ကွင်း၌ မလှုပ်ရှားသည့်ကြေညာသူတစ်ဦးစီနှင့် တွဲဖက်လုပ်ဆောင်ရန် အတွေ့အကြုံရှိကြေညာသူတစ်ဦးအတွက် အစီအစဉ်များ ပြုလုပ်ပေးနိုင်သည်။ အဆိုပါကြေညာသူများ ပြန်လည်လှုပ်ရှားရန် လိုအပ်သည့်အရာသည် နိုင်ငံတော်သတင်း နံပါတ် ၃၆ ၏ ရိုးရှင်းသောတင်ဆက်မှုသာဖြစ်ပေမည်။
၅ ယင်းသည် အသိပညာစာအုပ်လေ့လာပြီးလုနီးပြီဖြစ်သည့် နှစ်ခြင်းမခံသေးသော ကြေညာသူအဖြစ် အရည်အချင်းပြည့်မီသည့် ကျမ်းစာသင်သားများအတွက် ဓမ္မအမှုတွင် စတင်၍ပါဝင်ရန် အခွင့်ကောင်းတစ်ခုလည်းဖြစ်မည်။ ငယ်ရွယ်သူများပင် ဤစိတ်လှုပ်ရှားဖွယ်လုပ်ငန်းတွင် တစ်တပ်တစ်အားပါဝင်နိုင်သည်။
၆ လိုအပ်သောအရာမှာ ရိုးရှင်းသောတင်ဆက်မှုတစ်ခုသာဖြစ်သည်။ သင်ဤသို့ပြောနိုင်သည်_
◼ “ဒီသိပ်အရေးကြီးတဲ့သတင်းကို [မြို့ သို့မဟုတ် နိုင်ငံ၏အမည်] မှာရှိတဲ့ မိသားစုတိုင်းကို ကူညီဖြန့်ဝေဖို့ ကျွန်တော့်ရဲ့အချိန်ကို စေတနာအလျောက် အသုံးပြုပါတယ်။ ဒါက ခင်ဗျားအတွက်ပါ။ ကျေးဇူးပြုပြီး ဖတ်ကြည့်ပါ။” နိုင်ငံတော်သတင်း နံပါတ် ၃၆ ကို ဖြန့်ဝေသည့်အခါ လက်ဆွဲအိတ်မပါက ပိုအကျိုးရှိပါမည်။
၇ လယ်ကွင်းလုပ်ငန်းတော်အတွက် ကောင်းမွန်စွာစီစဉ်ထားသော စည်းဝေးများ_ ထိုသက်သေခံခြင်းအစီအစဉ်များသည် အဆင်ပြေပြီး လက်တွေ့ကျကျဖြစ်ရန် အကြီးအကဲများအနေနှင့် ကြည့်ရှုရပါမည်။ အထူးသဖြင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် လုပ်ငန်းတွင် ယောက်တိုင်းအပြည့်အဝပါဝင်နိုင်ရန် တစ်အိမ်မှတစ်အိမ်နှင့် စီးပွားရေးရပ်ကွက် အလုံအလောက်ရှိစေရန် သေချာစေသင့်သည်။ ဖြစ်နိုင်သည့်အခါတိုင်း လုပ်ငန်းတော်အတွက်အစည်းအဝေးများကို ကြားရက်တိုင်း၊ ရက်သတ္တပတ်အဆုံးရက်များနှင့် ညနေပိုင်းများတွင် စီစဉ်သင့်သည်။ ကျောင်းသူကျောင်းသားများ၊ အဆိုင်းနှင့်လုပ်သောအလုပ်သမားများနှင့် အခြားသူများ၏အကျိုးအတွက် မွန်းလွဲနှောင်းပိုင်းအချိန်များတွင် တွေ့ဆုံစည်းဝေးရန် အစီအစဉ်များပြုလုပ်နိုင်သည်။
၈ လူမရှိသည့်အိမ်များနှင့်ပတ်သက်၍ လုပ်ဆောင်မည့်အရာ_ ကျွန်ုပ်တို့၏ပန်းတိုင်သည် အိမ်ရှင်များနိုင်သလောက်များများနှင့် စကားပြောဆိုရန် ဖြစ်သည်။ သင်သွားသောအခါ အိမ်တွင်မည်သူမျှမရှိပါက၊ လိပ်စာကိုရေးမှတ်ထားပြီး အခြားအချိန်တစ်ချိန်တွင် ပြန်သွားပါ။ ကင်ပိန်း၏နောက်ဆုံးပတ်အထိ ဤအိမ်ရှင်များနှင့်တွေ့ရန် မအောင်မြင်ဘဲရှိနေပါက လမ်းသွားလမ်းလာများမမြင်ရမည့် နေရာတစ်နေရာတွင် နိုင်ငံတော်သတင်း နံပါတ် ၃၆ တစ်စောင်ကို ထားနိုင်သည်။ ဒေသခံအကြီးအကဲများသည် ကျေးလက်ဒေသများတွင် လုပ်ဆောင်သောအခါနှင့် ကင်ပိန်းအတွင်းပြီးနိုင်သည်ထက် ရပ်ကွက်များနေသောအခါ ပထမဆုံးသွားရောက်ချိန်တွင် လူမရှိသည့်အိမ်များ၌ နိုင်ငံတော်သတင်း နံပါတ် ၃၆ တစ်စောင်ကို ထားခဲ့ကြရန် အသင်းတော်ကို ညွှန်ကြားပေမည်။
၉ အလုပ်များကြစို့! အသင်းတော်များသည် နိုဝင်ဘာ ၁၇ ရက်တွင် ကင်ပိန်းမပြီးဆုံးမီ မိမိတို့၏ရပ်ကွက်ကိုပြီးရန် ကြိုးပမ်းအားထုတ်သင့်သည်။ သင့်ရပ်ကွက်သည် အတော်ကြီးမားမည်ဆိုလျှင် အချို့သောကြေညာသူများသည် လက်တွေ့ကျပြီး လုံခြုံသည့်နေရာတွင် တစ်ဦးတည်းလုပ်ဆောင်ကြပေမည်။ ဤအစီအစဉ်သည် ထိုက်တန်သူများနိုင်သလောက်များများထံ ရောက်ရှိရန် ပို၍လွယ်ကူစေမည်။ တွေ့ရှိရသည့်စိတ်ဝင်စားမှုအားလုံးကို မှတ်တမ်းကောင်းကောင်းတစ်ခုဖြင့်ထားရှိရန် သေချာစေပါ။
၁၀ အသင်းတော်သည် မဂ္ဂဇင်းမည်မျှထပ်လိုမည်ကို အကြီးအကဲများ ကြိုတင်တွက်ဆထားသင့်ပြီး လိုအပ်သလောက်မှာယူသင့်သည်။ နိုင်ငံတော်သတင်း နံပါတ် ၃၆ ကိုမူ အသင်းတော်တိုင်းထံ ပို့ထားပြီဖြစ်သောကြောင့် မှာယူရန်မလိုပါ။ အထူး၊ မှန်မှန်နှင့် အရန်ရှေ့ဆောင်များသည် ဖြန့်ဝေရန် တစ်ဦးလျှင် ၂၅၀ စီရရှိမည်ဖြစ်ပြီး အသင်းတော်ကြေညာသူများမူ တစ်ဦးလျှင် ၅၀ စီခွဲတမ်းရရှိမည်ဖြစ်သည်။ ထို့ကြောင့် သင်သည် ဤအထူးလုပ်ဆောင်မှုတွင်အလုပ်များရန် အသင့်ဖြစ်ကာ စိတ်စောနေပါသလော။ ကျွန်ုပ်တို့သည် နီးကပ်လျက်ရှိသောအနာဂတ်အတွက် ဘုရားသခင်ကတိထားတော်မူရာကို အိမ်နီးချင်းအားလုံးတို့အား သိရှိစေခြင်းသည် မည်မျှအခွင့်ထူးပါတကား!