ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၈ စာ. ၁
  • တိုက်နယ်စည်းဝေးပွဲ အစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိုက်နယ်စည်းဝေးပွဲ အစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်ဓမ္မအမှုဆောင်များအတွက် ပြင်ဆင်ပေးချက်တစ်ခု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိန်းသိမ်းရန် ကူညီပေးသော တိုက်နယ်စည်းဝေးပွဲ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • တိုက်နယ်စည်းဝေးပွဲအစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၈/၀၈ စာ. ၁

တိုက်နယ်စည်းဝေးပွဲ အစီအစဉ်သစ်

စစ်မှန်သောဝတ်ပြုရေးကို အပြင်းအထန် ဆန့်ကျင်သူတို့အား မည်သို့ ကြံ့ကြံ့ခံ တွန်းလှန်နိုင်သနည်း။ ဘုရားတရားမဲ့သည့်လောကသို့ ပြန်သွားရန် ကျွန်ုပ်တို့အား သွေးဆောင်နေသည့် စာတန်၏ အဆက်မပြတ်အားထုတ်မှုများကို ကျွန်ုပ်တို့ မည်သို့အောင်မြင်ကျော်လွှားနိုင်သနည်း။ ၂၀၀၉ လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးပွဲအစီအစဉ်က ထိုအရေးကြီးသည့်မေးခွန်းများကို ဖြေဆိုပါလိမ့်မည်။ အဓိကအကြောင်းမှာ “အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့” ဖြစ်သည်။ (ရော. ၁၂:၂၁၊ ကဘ) အစီအစဉ်တွင်ပါဝင်သည့်အရာများကို အောက်တွင် ဖော်ပြထားပါသည်။

“အကောင်းအားဖြင့် အဆိုးကို အောင်ပွဲဆင်ရန် ခိုင်ခံ့မြဲမြံပါ၊” “ယုံကြည်စိတ်ချလွန်းခြင်းကို သတိပြုပါ!၊” “ဆိုးသွမ်းမှုအားလုံး မကြာခင်အဆုံးတိုင်တော့မည်!” နှင့် “လောကကိုအောင်ပွဲဆင်ရန် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့နေစေပါ” ဟူသောဟောပြောချက်တို့ကို ခရိုင်ကြီးကြပ်မှူးက ဟောပြောပါလိမ့်မည်။ ရောမ ၁၃:၁၁-၁၃ အပေါ်အခြေခံထားသည့် “ယခုအချိန်သည် နိုးနိုးကြားကြား ရှိနေရမည့်အချိန်ဖြစ်!” နှင့် သုတ္တံ ၂၄:၁၀ အပေါ်အခြေခံထားသည့် “အမှုရောက်သောကာလ၌ စိတ်ပျက်အားလျော့ကြောင်း မဖော်ပြပါနှင့်” ဟူသည့် အဓိကအကြောင်းများကို တိုက်နယ်ကြီးကြပ်မှူးက ဟောပြောပါလိမ့်မည်။ “တိုက်နယ်လိုအပ်ရာများကို ဂရုပြုခြင်း” ဟူသည့် တိုက်နယ်ကြီးကြပ်မှူး၏အပိုင်းကိုလည်း ကျွန်ုပ်တို့စောင့်မျှော်ကြသည်။ နောက်ထပ်အလွန်အားရှိဖွယ်အပိုင်းတစ်ပိုင်းမှာ “ ‘ထိုအမှုကို သင်ဆောင်ရွက်နိုင်’ မည်လော​—ရှေ့ဆောင်လုပ်ခြင်းဖြင့်” ဟူသောအပိုင်း ဖြစ်ပါလိမ့်မည်။ အခန်းဆက်နှစ်ခုထဲမှ တစ်ခုမှာ “စာတန်၏ပရိယာယ်များကို ကြံ့ကြံ့ခံတွန်းလှန်ပါ” ဖြစ်သည်။ ယင်းက နည်းပညာ၊ ဖျော်ဖြေမှုနှင့် ပညာရေးနယ်ပယ်တို့တွင် စာတန်၏ စဉ်းလဲသောပရိယာယ်များကို ခွဲခြားသတ်မှတ်ပြီး ငြင်းပယ်ရန် ကျွန်ုပ်တို့အား ကူညီပေးပါလိမ့်မည်။ “ခဲယဉ်းဆိုးယုတ်သောနေ့ရက်များတွင် ခံရပ်နိုင်ရန် ခွန်အားရယူပါ” ဟူသောအခန်းဆက်က ဧဖက် ၆:၁၀-၁၈ ၌တွေ့ရသော မှုတ်သွင်းခံဆုံးမစကားကို မည်ကဲ့သို့ ပို၍အပြည့်အဝကျင့်သုံးနိုင်ကြောင်း ဖော်ပြပါလိမ့်မည်။

ဆိုးသွမ်းမှု၏ပင်ရင်းကို အောင်ပွဲဆင်ခြင်းနှင့် နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုတစ်ခုရှိသည်။ (ဗျာ. ၁၂:၁၇) စာတန်သည် ယေဟောဝါသက်သေများအား အဆက်မပြတ်တိုက်ခိုက်နေသည်ကို အံ့အားသင့်စရာမလိုပါ။ (ဟေရှာ. ၄၃:၁၀၊ ၁၂) သို့သော် စာတန်သည် မရှုမလှရှုံးနိမ့်မည်ဖြစ်သည်၊ အကြောင်းမှာ ကျွန်ုပ်တို့သည် “အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေ” ရန်စိတ်ပိုင်းဖြတ်ထားကြသောကြောင့် ဖြစ်သည်။ ယင်းတိုက်နယ်စည်းဝေးပွဲ၏ အပိုင်းလေးပိုင်းစလုံးမှ အပြည့်အဝအကျိုးရယူရန် အသေအချာစီစဉ်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ