ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၈ စာ. ၁
  • အထူးစည်းဝေးပွဲနေ့ အစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးစည်းဝေးပွဲနေ့ အစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အချိန်တန်အစာ”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ၂၀၁၀ ပြည့်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၈/၀၈ စာ. ၁

အထူးစည်းဝေးပွဲနေ့ အစီအစဉ်သစ်

၂၀၀၉ လုပ်ငန်းတော်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်၏ အဓိကအကြောင်းမှာ ကောလောသဲ ၄:၁၇ (ကဘ) အပေါ်အခြေခံသော “အမှုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် သတိပြုလျက်နေပါ” ဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် အဆိုပါတိုက်တွန်းချက်ကို အလေးအနက်ထားကြပါသည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ယေရှုပြုလုပ်ခဲ့သည့်နည်းတူ ကျွန်ုပ်တို့၏ဓမ္မအမှုကို သစ္စာရှိရှိ ပြီးမြောက်အောင် ဆောင်ရွက်ရန်ဖြစ်သည်။ (ယော. ၁၇:၄) ယင်းကိစ္စနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုသည်လည်း ကျွန်ုပ်တို့အတွက် အကောင်းဆုံးစံနမူနာရှင်တစ်ဦးဖြစ်သည်။ ပေါလုသည် မိမိ၏ဓမ္မအမှုလမ်းစဉ်ကို ပြီးစီးစေရန် ဆုံးဖြတ်ချက်ချခဲ့သည်။​—တ. ၂၀:၂၄။

ကြေညာသူအတော်များများသည် မိမိတို့၏ဓမ္မအမှုတွင် စိန်ခေါ်ချက်များကို မည်သို့ရင်ဆိုင်ကျော်လွှားနေကြောင်း တိုက်နယ်ကြီးကြပ်မှူး၏အပိုင်း၌ တင်ဆက်ပါလိမ့်မည်။ ထို့နောက် “သင်စိုက်ပျိုးထားရာများကို ပြုစုပျိုးထောင်ပါ” ဟူသည့်ဟောပြောချက်က ထာဝရအသက်ကို တလိုတလားရှိသူများအား မည်သို့ အမှန်တကယ်ကူညီပေးနိုင်ကြောင်း ပေါ်လွင်စေပါလိမ့်မည်။ (တ. ၁၃:၄၈) ဧည့်ဟောပြောသူသည် “အမှုဆောင်များဖြစ်ကြောင်း ကိုယ့်ကိုယ်ကို မည်သို့ဖော်ပြမည်နည်း” ဟူသည့်ဟောပြောချက်တွင် ၂ ကောရိန္သု ၆:​၁-၁၀ ၏အခန်းငယ်တစ်ခုချင်းစီကို ဦးစွာသုံးသပ်ပါလိမ့်မည်။ မွန်းလွဲပိုင်းတွင် ၎င်းက “သင်၏ဓမ္မအမှုကို အလွန်တန်ဖိုးထားပါ” ဟူသည့်အဓိကအကြောင်းကို တင်ဆက်သွားမည်။ သင်သည် “လူငယ်နှင့်လူကြီးများ ဓမ္မအမှုတွင် ပျော်ရွှင်နေကြ” နှင့် “ဓမ္မအမှုကို ပြီးမြောက်အောင်ဆောင်ရွက်နေသော လူငယ်များ” ဟူသောအပိုင်းများမှ အားပေးမှုများ ရရှိပါလိမ့်မည်။ တိုက်နယ်စည်းဝေးပွဲတွင်ဖြစ်စေ၊ အထူးစည်းဝေးပွဲနေ့တွင်ဖြစ်စေ မိမိတို့၏ဆက်ကပ်အပ်နှံမှုကို ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ဖော်ပြလိုသူများသည် ဦးစီးကြီးကြပ်မှူးထံ အမြန်ဆုံးအကြောင်းကြားသင့်သည်။ ကျွန်ုပ်တို့၏စည်းဝေးပွဲများနှင့် စည်းဝေးကြီးများအားလုံး၏ အရေးကြီးသောအပိုင်းတစ်ပိုင်းမှာ ကင်းမျှော်စင် သုံးသပ်ခြင်းဖြစ်သည်။ အထူးစည်းဝေးပွဲနေ့ကျင်းပသည့်အပတ်တွင် လေ့လာမည့်မဂ္ဂဇင်းကို ယူလာပါ။

ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရန် ဂရုစိုက်နေစဉ်တွင် အခြားသောစိတ်ဝင်စားရာများနှင့် လုပ်ဆောင်မှုများက ကျွန်ုပ်တို့အား ယေဟောဝါ အပ်နှင်းထားရာများအပေါ် မလွှမ်းမိုးသွားစေရန် ကြိုးစားကြသည်။ ဤအထူးစည်းဝေးပွဲနေ့အစီအစဉ်အားဖြင့် ပြင်ဆင်ပေးထားသော ကျမ်းဆိုင်ရာအားပေးမှုက ကျွန်ုပ်တို့လုပ်ဆောင်ဖို့ လိုအပ်သောအရာများကို နားလည်သဘောပေါက်ရန်၊ တော်မှန်သောအာရုံစိုက်မှုကို ထိန်းသိမ်းရန်နှင့် ကျွန်ုပ်တို့၏ဓမ္မအမှုကို အပြည့်အဝပြီးမြောက်စေဖို့ ကျွန်ုပ်တို့လုပ်ဆောင်နေသည့်အရာကို ပြန်ပြောင်းသုံးသပ်ရန် အထောက်အကူဖြစ်စေသင့်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ