ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၉ စာ. ၁
  • ရိုးရိုးရှင်းရှင်း သွန်သင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရိုးရိုးရှင်းရှင်း သွန်သင်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့် သွန်သင်ခြင်းစွမ်းရည်ကို တိုးတက်စေမယ့် အကြံပြုချက်သုံးရပ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ကြီးမြတ်သောဆရာကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အခြားသူများအား နားလည်သဘောပေါက်စေခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • “သူ ဟောသလို ဘယ်သူမှ မဟောဖူးဘူး”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၅/၀၉ စာ. ၁

ရိုးရိုးရှင်းရှင်း သွန်သင်ပါ

၁။ ရှင်းလင်းထိရောက်သောသွန်သင်မှုတွင် အရေးကြီးသည့်ကဏ္ဍတစ်ရပ်မှာ အဘယ်နည်း။

၁ ထိရောက်စွာသွန်သင်ရာတွင် ရိုးရှင်းခြင်းသည် အရေးကြီးသောသော့ချက်ဖြစ်၏။ ကြီးမြတ်သောဆရာယေရှု၏ သွန်သင်နည်းကို သုံးသပ်ခြင်းက ကျွန်ုပ်တို့၏ “သွန်သင်ခြင်းနည်းပညာ” ကို တိုးတက်စေရန် ကူညီပေးနိုင်သည်။​—၂ တိ. ၄:၂; ယော. ၁၃:၁၃။

၂။ ရိုးရှင်းစွာသွန်သင်ရာတွင် အဘယ်အရာပါဝင်သနည်း၊ ထိုသို့သွန်သင်လျှင် အဘယ်အကျိုးကျေးဇူးများရှိသနည်း။

၂ ရိုးရိုးရှင်းရှင်းပြောပါ– လူတို့ပြောဆိုခဲ့သမျှတွင် အလေးနက်ဆုံးဖြစ်သော အမှန်တရားအချို့သည် တောင်ပေါ်ဒေသနာ၌ ပါဝင်ပြီး ယင်းတို့အားလုံးကို ရိုးရှင်းစွာဖော်ပြထားသည်။ (မဿဲအခန်းကြီး ၅-၇) ယေရှု၏စကားကိုနားထောင်နေသော လူအုပ်သည် “ကိုယ်တော်၏သွန်သင်ပုံကို အလွန်အံ့သြကြ၏။” ကိုယ်တော့်ကိုဖမ်းဆီးရန် စေလွှတ်ခံရသော မင်းလုလင်တို့က “ထိုသူဟောသကဲ့သို့ မည်သူမျှ မဟောဖူးပါ” ဟုပင် ပြောဆိုခဲ့ကြသည်။ (မ. ၇:၂၈၊ ၂၉; ယော. ၇:၄၆) သမ္မာတရားကို အခြားသူတို့ယုံကြည်လက်ခံလာစေရန် သွန်သင်ရာတွင် ကျွန်ုပ်တို့သည် စကားကြီးစကားကျယ်၊ ရှုပ်ထွေးသောစကားစုများ သို့မဟုတ် အသေးစိတ်ကျသောပုံဥပမာများသုံးဖို့ မလိုပေ။ အကျွမ်းတဝင်ရှိသောအသုံးအနှုန်းများဖြင့် သမ္မာတရားကို ရှင်းလင်းစွာရှင်းပြနိုင်သည်။

၃။ လူအချို့သည် ပရိသတ်ကို အဘယ်ကြောင့် အကြောင်းအရာများစွာ ပြောမိနိုင်သနည်း။ ယင်းကို မည်သို့ရှောင်နိုင်သနည်း။

၃ အကြောင်းအရာမည်မျှပြောမည်ကို ချင့်တွက်ပါ– တစ်ကြိမ်တွင် အကြောင်းအရာမည်မျှသွန်သင်မည်ကို ပိုင်းဖြတ်ရာတွင် ယေရှုသည် ပရိသတ်ကို ထည့်သွင်းစဉ်းစားခဲ့သည်။ (ယော. ၁၆:၁၂) အထူးသဖြင့် ဆွေမျိုးများ၊ စိတ်ဝင်စားသူလူသစ်များ၊ ကလေးများကို သက်သေခံသည့်အခါ ကျွန်ုပ်တို့သည် သူတို့၏လိုအပ်ရာကိုသိရှိကာ အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်ရမည်။ သူတို့သည် အာရုံစိုက်နားထောင်နေပုံပေါက်လျှင်ပင် အကြောင်းအရာများစွာ မပြောဆိုမိရန် ဂရုစိုက်သင့်သည်။ စိတ်ရင်းမှန်သူများသည် စစ်မှန်သောဘုရားသခင် ယေဟောဝါနှင့်ပတ်သက်သော အသိပညာကို ဆက်၍ဆည်းပူးနေပါလိမ့်မည်။​—ယော. ၁၇:၃; ၁ ကော. ၃:၆။

၄။ အသေးစိတ်အချက်အလက်များထက် အဓိကအချက်များကို အာရုံစိုက်ခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။

၄ အဓိကအချက်များကို အာရုံစိုက်ပါ– ယေရှုသည် အကြောင်းအရာအသေးစိတ်ကို ပြောဆိုခြင်းဖြင့် သူ၏သွန်သင်ချက်ကို မရှုပ်ထွေးစေခဲ့ပါ။ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် . . . ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်” ဟုကိုယ်တော်မိန့်ဆိုသောအခါ ရှင်ပြန်ထမြောက်လာမည့်သူတို့၏ အလားအလာနှစ်ခုအကြောင်း အကျယ်ချဲ့ရှင်းပြခြင်းမပြုခဲ့ပါ။ (ယော. ၅:၂၈၊ ၂၉) ကျွန်ုပ်တို့လည်း ကျမ်းစာသင်အံမှုများ ကျင်းပသောအခါ အဓိကအချက်များကို အာရုံစိုက်သင့်ပြီး ပြင်ပအကြောင်းအရာများကို မလိုအပ်ဘဲဆွဲထည့်တတ်သည့်အကျင့်ကို ရှောင်သင့်သည်။

၅။ ကျွန်ုပ်တို့သည် ရိုးရှင်းစွာသွန်သင်လျှင် အဘယ်ကောင်းချီးခံစားနိုင်သနည်း။

၅ ယေဟောဝါသည် ကျွန်ုပ်တို့သိသင့်သည့်အချက်အားလုံးကို ရိုးရှင်းစွာသွန်သင်ခဲ့သည့်အတွက် အလွန်ကျေးဇူးတင်စရာပင်။ (မ. ၁၁:၂၅) ထို့ကြောင့် ကျွန်ုပ်တို့လည်း ရိုးရှင်းစွာသွန်သင်နိုင်ရန် ကြိုးစားကာ အကျိုးဖြစ်ထွန်းသောဓမ္မအမှုမှ ပျော်ရွှင်မှုခံစားနိုင်ပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ