မေးခွန်းသေတ္တာ
◼ မဟောပြောရန် အမိန့်ပေးပါက သင်ဘာလုပ်သင့်သနည်း။
အခြေအနေတချို့တွင် ရဲများသည် ဓမ္မအမှုပုံစံတချို့တွင် ပါဝင်နေကြသောကြေညာသူများထံ ချဉ်းကပ်ပြီး ကြေညာသူများအား ဥပဒေကိုချိုးဖောက်သည်ဟုပြောကာ ဆက်မဟောပြောရန် အမိန့်ပေးခဲ့ကြသည်။ သင်သည် ယင်းသို့ အမိန့်ပေးခံရပါက ရပ်ကွက်မှ အေးအေးဆေးဆေး ချက်ချင်းထွက်သွားသင့်ပါသည်။ (မ. ၅:၄၁; ဖိ. ၄:၅) သင်သည် ကျွန်ုပ်တို့၏တရားဝင်အခွင့်အရေးအကြောင်း ပြောဆိုဆွေးနွေးခြင်းဖြင့် ကိစ္စရပ်များကို သင့်ဘာသာသင်ဖြေရှင်းဖို့ မကြိုးစားပါနှင့်။ ဖြစ်နိုင်မည်ဆိုလျှင် ရဲအရာရှိ သို့မဟုတ် အမိန့်ပေးသူသည် မည်သည့်ဌာနကိုကိုယ်စားပြုကြောင်း လိမ္မာပါးနပ်စွာသိရှိအောင် ပြုလုပ်ပါ။ ထို့နောက် အကြီးအကဲများထံ ချက်ချင်းတင်ပြပါ၊ သူတို့သည် အဖြစ်အပျက်ကို ဌာနခွဲရုံးသို့ အကြောင်းကြားပါလိမ့်မည်။ အလားတူပင်၊ တိုက်ခန်းလုံခြုံရေးအစောင့် သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးက သင့်အား တိုက်ခန်းမှ ထွက်သွားခိုင်းပါက သူပြောသည့်အတိုင်း ချက်ချင်းထွက်သွားသင့်ပြီး အကြီးအကဲများကို အကြောင်းကြားပါ။ အခွင့်အာဏာရှိသူတို့ကို နူးညံ့သိမ်မွေ့၊ နှိမ့်ချစွာဆက်ဆံခြင်းက မလိုအပ်သောပြဿနာများကို များစွာတားဆီးကာကွယ်နိုင်ပါသည်။—သု. ၁၅:၁; ရော. ၁၂:၁၈။