မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဒီဇင်ဘာ ၁
“နှစ်ရဲ့ ဒီလိုအချိန်မှာ လူအများက ယေရှုဖွားမြင်ခြင်းအကြောင်း ကျမ်းစာမှတ်တမ်းကို သရုပ်ဖော်အလှဆင်ကြတယ်။ [မဿဲ ၂:၁၊ ၁၁ ကိုဖတ်ပါ။] လူတွေသရုပ်ဖော်နေတာနဲ့ ကျမ်းစာပြောတဲ့အရာ မတူဘူးဆိုတာ မိတ်ဆွေသတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီဆောင်းပါးမှာ တကယ့်အဖြစ်အပျက်မှန်ကို ဆွေးနွေးထားတယ်။” စာမျက်နှာ ၃၁ ပါဆောင်းပါးကို ပြပါ။
နိုးလော့ ဒီဇင်ဘာ
“ယေရှုပြောခဲ့တဲ့ အကြောင်းတစ်ခုနဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့သဘောထားကို သိချင်ပါတယ်။ [မဿဲ ၅:၃ ကိုဖတ်ပါ။] ဘာသာတရားအမျိုးမျိုးရှိနေတာကြောင့် ဘုရားသခင်ကို ဝတ်ပြုလိုတဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ ကျွန်တော်တို့ရဲ့ရွေးချယ်ပုံက အရေးကြီးတယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မှန်တဲ့ဝတ်ပြုကိုးကွယ်မှုကို ရှာတွေ့နိုင်ပုံနဲ့ပတ်သက်ပြီး ကျမ်းစာကဘာပြောသလဲဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။” စာမျက်နှာ ၁၂ မှအစပြုသော ဆောင်းပါးကိုပြပါ။
ကင်းမျှော်စင် ဇန်နဝါရီ ၁
“အရက်ယမကာသုံးစွဲခြင်းနဲ့ပတ်သက်ပြီး ဘာသာရေးအမြင်တွေ အမျိုးမျိုးကွဲပြားနေတယ်။ လူတစ်ဦး အရက်ယမကာသုံးစွဲခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုယူဆတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] တစ်ကြိမ်မှာ ယေရှုက အံ့ဖွယ်နည်းနဲ့ ရေကို ဝိုင်အဖြစ်ပြောင်းလဲလိုက်တဲ့အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားပေမဲ့ ဒီလိုလည်းပြောထားသေးတယ်။ [သုတ္တံ ၂၃:၂၀ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက သမ္မာကျမ်းစာရဲ့ မျှတတဲ့အမြင်ကို ဖော်ပြထားတယ်။”
နိုးလော့ ဇန်နဝါရီ
“ဒီခက်ခဲတဲ့အချိန်ကာလမှာ လူများစွာက အလုပ်တာဝန်တွေပိပြီး ဖိစီးမှုခံစားကြရတယ်။ မိတ်ဆွေကော ဒီလိုခံစားရသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအကျိုးသင့်အကြောင်းသင့်ရှိတဲ့ အကြံပြုချက်ကို သတိပြုပါ။ [ဒေသနာ ၄:၆ ကိုဖတ်ပါ။] အလုပ်၊ မိသားစု၊ အပန်းဖြေမှုတွေမှာ ကျွန်တော်တို့ ဟန်ချက်ညီညီလုပ်ဆောင်နိုင်ပုံကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။ အလုပ်ရှာနေတဲ့သူတွေအတွက်လည်း အကြံပြုချက်တွေ ပေးထားတယ်။”