မဂ္ဂဇင်းများဝေငှရာတွင် ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မေ ၁
“ယေရှုရဲ့ ဒီစကားတွေကိုသာ လူတိုင်းလိုက်နာကြမယ်ဆိုရင် ကမ္ဘာကြီးက အခုလက်ရှိအခြေအနေနဲ့ ဘယ်လောက်တောင် ကွာခြားနေမလဲ။ [မဿဲ ၇:၁၂ ကိုဖတ်ပါ။ တုံ့ပြန်မှုကိုစောင့်ပါ။] ခရစ်ယာန်တစ်ယောက်ဖြစ်ခြင်းမှာ ဘာတွေပါဝင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှုရဲ့သွန်သင်ချက်အချို့မှာ ဖော်ပြထားတဲ့အချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။” စာမျက်နှာ ၁၆ ပါဆောင်းပါးကိုပြပါ။
နိုးလော့! မေ
“ဆေးလိပ်သောက်ခြင်းက ကိုယ့်ကျန်းမာရေးတင်မက ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေတယ်ဆိုတဲ့အချက်ကို မိတ်ဆွေသဘောတူပါလိမ့်မယ်။ လူတွေသာ ဒီတိုက်တွန်းချက်အတိုင်း လိုက်နာကြမယ်ဆိုရင် ကိုယ်တိုင်နဲ့ ဝန်းကျင်ကိုအကျိုးပြုမယ်လို့ မိတ်ဆွေ ထင်ပါသလား။ [၂ ကောရိန္သု ၇:၁ ကိုဖတ်ပါ။] ဒီတိုက်တွန်းချက်အတိုင်း လိုက်နာနိုင်ဖို့ ရည်ရွယ်ပြီး ဒီမဂ္ဂဇင်းကို ထုတ်ဝေရခြင်းဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးများနဲ့ ဆေးလိပ်ဖြတ်နိုင်ဖို့ ထိရောက်တဲ့အကြံပြုချက်တွေပါတဲ့ ဆောင်းပါးတွေကို မိတ်ဆွေနှစ်သက်မယ်လို့ ယုံကြည်ပါတယ်။”
ကင်းမျှော်စင် ဇွန် ၁
“အရင်ကနဲ့မတူဘဲ ဒီနေ့ ဘာသာတရားအတော်များများက အပြစ်အကြောင်း မပြောကြတော့ဘူး။ အပြစ်ဆိုတာကို ခေတ်နောက်ကျတဲ့အယူအဆတစ်ခုလို့ ယုံကြည်သလား ဒါမှမဟုတ် ကျွန်တော်တို့ သတိပြုရမယ့်အရာတစ်ခုလို့ ယူဆသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ရောမ ၅:၁၂ ကိုဖတ်ပါ။] အပြစ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”
နိုးလော့! ဇွန်
“ဘ၀က ဖိစီးမှုတွေ ပိုပိုတိုးများလာတဲ့ပုံပဲ။ ဒါကို မိတ်ဆွေ သဘောတူသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဖိစီးမှုတွေ ဒီလောက်အထိ တိုးများလာတဲ့အကြောင်းရင်းတစ်ခုကို ဒီကျမ်းစကားတွေက ရှင်းပြတယ်။ [၂ တိမောသေ ၃:၁ ကိုဖတ်ပါ။] ဖိစီးမှုတွေက ကျွန်တော်တို့ကို ဘယ်လိုထိခိုက်စေသလဲဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။ ဖိစီးမှုတွေကို ဖြေရှင်းနိုင်တဲ့အချက်တချို့ကိုလည်း ဖော်ပြပေးထားတယ်။”