မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မတ် ၁
ထွက်မြောက်ရာ ၂၀:၁၅ ကိုဖတ်ပါ။ ထို့နောက် ဤသို့ပြောပါ– “လူအများက ဒီပညတ်ချက်ကို ကြိုးစားလိုက်လျှောက်နေပေမဲ့လည်း ကျပ်တည်းတဲ့အခြေအနေအောက်မှာတော့ ခိုးမှုနဲ့ အခြားမရိုးသားမှုပုံစံတွေကို လက်ခံနိုင်တယ်လို့ ယူဆကြတယ်။ မိတ်ဆွေရဲ့အမြင်ရော ဘယ်လိုလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီဆောင်းပါးက အမြဲတမ်းရိုးသားခြင်းရဲ့အကျိုးကျေးဇူးတွေကို ဆွေးနွေးထားတယ်။” စာမျက်နှာ ၁၂ မှဆောင်းပါးကို ပြပါ။
နိုးလော့! မတ်
“ကျွန်တော်တို့တွေဟာ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို တိတိကျကျသိရှိလိုကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကကြိုဟောထားပြီး အခုကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာ အတိအကျပြည့်စုံနေတဲ့ အနာဂတ်ကြိုဟောချက်တစ်ခုကို နားထောင်ကြည့်ပါ။ (မဿဲ ၂၄:၇ ကိုဖတ်ပါ။) အတိအကျပြည့်စုံခဲ့တဲ့ တခြားအနာဂတ်ကြိုဟောမှုတွေကို ဒီဆောင်းပါးတွေမှာ ဖော်ပြထားပြီး ဖတ်ဖို့ထားပေးခဲ့ပါရစေ။”
ကင်းမျှော်စင် ဧပြီ ၁
“သမိုင်းမှာ ဩဇာအလွှမ်းမိုးနိုင်ဆုံးသူကို ပြောပြပါဆိုရင် လူအများက ယေရှုလို့ပြောကြမယ်။ မိတ်ဆွေကော အဲဒီလိုပဲ ပြောမလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အမှန်တရားကိုသိဖို့ ကိုယ်တော်နဲ့ပတ်သက်တဲ့မတူညီတဲ့အမြင်တွေကို မဆန်းစစ်သင့်ဘူးလား။ [ယောဟန် ၁၇:၃ ကိုဖတ်ပါ။] ဒီအထူးထုတ်ကင်းမျှော်စင်က ယေရှုနဲ့ ကိုယ်တော့်သွန်သင်ချက်နဲ့ပတ်သက်ပြီး ကျမ်းစာအမှန်တကယ်ပြောတာကို ဖော်ပြပေးတယ်။’’
နိုးလော့! ဧပြီ
“ကျွန်တော်တို့လုပ်ချင်တဲ့အရာတိုင်းကို ပြီးမြောက်အောင်လုပ်ဖို့ အချိန်အလုံအလောက်ရှိပုံမရဘူး။ မိတ်ဆွေသဘောတူပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီအကြံဉာဏ်က လူများစွာအတွက် အကူအညီဖြစ်စေခဲ့တယ်။ [ဖိလိပ္ပိ ၁:၁၀ ကိုဖတ်ပါ။] ကျွန်တော်တို့ရဲ့အချိန်ကို ကောင်းစွာစီမံနိုင်ဖို့ လက်တွေ့ကျအကြံပြုချက်တွေ ဒီမဂ္ဂဇင်းထဲမှာပါတယ်။”