ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၁၀ စာ. ၄-၆
  • ဖုန်းနဲ့ သက်သေခံခြင်းအတွက် အကူအညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖုန်းနဲ့ သက်သေခံခြင်းအတွက် အကူအညီ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • တယ်လီဖုန်းဖြင့်သက်သေခံခြင်းသည် ထိရောက်မှုရှိနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နဓ ၁/၁၀ စာ. ၄-၆

ဖုန်းနဲ့ သက်သေခံခြင်းအတွက် အကူအညီ

တစ်အိမ်တက်ဆင်းဟာ ကျွန်တော်တို့ရဲ့ အဓိက ဟောပြောနည်း ဖြစ်ပေမဲ့ အသင်းတော် ရပ်ကွက်မှာ၊ အထူးသဖြင့် ဝင်ခွင့်မရတဲ့အိမ် အများကြီး ရှိတဲ့အခါ၊ သတင်းကောင်း ပျံ့နှံ့စေဖို့ ဖုန်းနဲ့ သက်သေခံခြင်းက ထိရောက်တဲ့နည်းတစ်ခု ဖြစ်ပါတယ်။—လုကာ ၁၀:၅-၇။ တ. ၅:၄၂။ ၂၀:၂၀။

သွားရ၊ လာရ အခက်အခဲရှိပြီး အများအားဖြင့် အိမ်မှာပဲနေရတဲ့ ညီအစ်ကို/မတွေအတွက် ဒီနည်းလမ်းနဲ့ အမှုဆောင်ခြင်းက အထောက်အကူ ဖြစ်စေပါတယ်။ တခြားညီအစ်ကို/မတွေနဲ့ တွဲအမှုဆောင်တဲ့အခါ သူတို့အတွက်လည်း အားပေးမှု ဖြစ်စေပါတယ်။ (ရော. ၁:၁၁၊ ၁၂) ညီအစ်ကို/မ တချို့က ရာသီဥတု ဆိုးရွားချိန်မှာ ဖုန်းနဲ့ သက်သေခံလေ့ ရှိကြတယ်။ ပုံမှန်အားဖြင့် ပါဝင်သူတိုင်း အချိန်ကို အကျိုးရှိရှိ အသုံးပြုနိုင်အောင် ဒီဟောပြောခြင်းကို အုပ်စုငယ်လေးတွေနဲ့ပဲ လုပ်ဆောင်သင့်ပါတယ်။

ဖုန်းနဲ့ သက်သေခံတဲ့အခါ အထောက်အကူဖြစ်စေတဲ့ အချက်တွေကို စာမျက်နှာ ၅ နဲ့ ၆ မှာ ဖော်ပြထားပါတယ်။ ကိုယ့်ရပ်ကွက်မှာ ထိရောက်မယ့်၊ အသုံးပြုရ ပိုအဆင်ပြေမယ့် နိဒါန်းတွေကို မှတ်သားထားနိုင်ဖို့ နေရာချန်လှပ်ပေးထားပါတယ်။ ဒီစာရွက်ကို မိတ္တူကူးပြီး မိတ္တူပေါ်မှာ ရေးနိုင်တယ်။ ဖုန်းနဲ့ သက်သေခံတဲ့အခါ ဒီစာရွက်ကို ကိုယ့်ရှေ့မှာထားတာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

ဖုန်းနဲ့ သက်သေခံတဲ့အခါ နောက်ထပ် ဘာတွေ လိုအပ်သေးသလဲ။ အောက်ပါတို့ကို အဆင်သင့် လုပ်ထားနိုင်ပါတယ်။

  • ကျမ်းစာ

  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း

  • လူမျိုးအားလုံးအတွက် သတင်းကောင်း

  • သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ

  • နောက်ဆုံးထုတ် မဂ္ဂဇင်းတွေနဲ့ ကျွန်ုပ်တို့၏ နိုင်ငံတော် ဓမ္မအမှု

  • ဝေစာနဲ့ ဘရိုရှာများ

  • ဖိတ်စာ

  • တစ်အိမ်တက်ဆင်း မှတ်တမ်းနဲ့ ခဲတံ၊ ဘောပင်

ဖုန်းနဲ့ သက်သေခံခြင်းအတွက် အကြံပြုချက်

ဒီအချက်တွေကို မှတ်ထားပါ

  • စိုးရိမ်ပူပန်မနေပါနဲ့။ ပုံမှန် စကားပြောနေကျအတိုင်း ပြောပါ။ သတ္တိရှိပါ။ စိတ်ရှည်ပါ။ ဖော်ရွေပါ။

  • ဖြည်းဖြည်းမှန်မှန် စကားပြောပါ။ တဖက်လူ ကောင်းကောင်းကြားနိုင်တဲ့ အသံပမာဏနဲ့ပြောပါ။

  • တဖက်လူ ကိုယ့်ကို မြင်ရသလိုမျိုး ပြုံးပြပါ၊ ဟန်အမှုအရာ ထည့်ပြောပါ။

  • မလိုအပ်ဘဲ မရပ်တန့်ပါနဲ့။

  • အိမ်ရှင်နဲ့ အပြန်အလှန် စကားပြောပါ။ သူ့ရဲ့ ပြောဆိုမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါ။

  • မေးခွန်း မေးလာတယ်ဆိုရင် အသံထွက်ပြီး ပြန်ပြောပါ။ ဒါမှ ကိုယ့်ရဲ့တွဲဖက်က ကျမ်းစာ၊ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ တခြားစာပေတွေထဲက အဖြေရှာကူနိုင်မှာ ဖြစ်ပါတယ်။ (ဖုန်းပြောတဲ့အခါ စပီကာ မဖွင့်ထားတာက ပိုကောင်းလေ့ ရှိပါတယ်။)

  • အလှူငွေအကြောင်း မပြောပါနဲ့။ ဖုန်းနဲ့ အလှူငွေ ကောက်ခံနေတယ်လို့ အထင်လွဲသွားနိုင်တယ်။ အိမ်ရှင်နဲ့ လူချင်းတွေ့တဲ့အခါ သင့်တော်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းဟာ စေတနာအလျှောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ လည်ပတ်နေတာဖြစ်ကြောင်း အသိပေးနိုင်တယ်။

နိဒါန်း

◼ “မင်္ဂလာပါ။ ကျွန်တော်/မ နာမည်က . . . ပါ ။ ကိုယ်တိုင် လာမတွေ့နိုင်လို့ ဖုန်းဆက်လိုက်တာ။ ကျွန်တော်/မ က ဒီရပ်ကွက်မှာ နေပါတယ်။ [ကိုယ်နေထိုင်တဲ့ လမ်း ဒါမှမဟုတ် ရပ်ကွက်ကို ဖော်ပြနိုင်တယ်။] . . . နဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့ အမြင်ကို စိတ်ဝင်စားလို့ပါ။”

◼ “မင်္ဂလာပါ။ ကျွန်တော်/မ နာမည်က . . . ပါ ။ ဒီဘက်ရပ်ကွက်မှာ ရှိတဲ့သူတွေ သိချင်ကြတဲ့ ကျမ်းစာဆိုင်ရာ မေးခွန်းတွေကို ရှင်းပြပေးနေပါတယ်။ . . . ဆိုတဲ့အကြောင်းကို စဉ်းစားဖူးလား။”

◼ “မင်္ဂလာပါ။ ကျွန်တော်/မ နာမည်က . . . ပါ။ ဖုန်းနဲ့ စီးပွားရေးကြော်ငြာ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်/မ နေတာက . . . လမ်းမှာပါ။ လူများစွာက . . . နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြတယ်။” [ဒေသအတွင်း စိုးရိမ်နေတဲ့ သတင်းတစ်ခုကို ဖော်ပြပါ။]

◼ [ကိုယ်စဉ်းစားမိတဲ့ နိဒါန်းကို ချရေးပါ။]

[ပြီးတဲ့နောက် ပြင်ဆင်ထားတာကို ဆက်တင်ဆက်ပါ။ ကျိုးကြောင်းဆင်ခြင်၊ ကျွန်ုပ်တို့၏ နိုင်ငံတော် ဓမ္မအမှု ထဲက အကြံပြုချက် ဒါမှမဟုတ် ကိုယ်ပိုင်ပြင်ဆင်ထားတဲ့ တင်ဆက်မှုကို သုံးနိုင်တယ်။]

◼ [ကိုယ်စဉ်းစားမိတဲ့ တင်ဆက်မှုကို ချရေးပါ။]

ဦးဆုံးတွေ့ဆုံချိန်မှာ ကျမ်းစာသင်အံမှု ကမ်းလှမ်းခြင်း

◼ “မင်္ဂလာပါ။ ကျွန်တော်/မ နာမည်က . . . ပါ။ . . . လမ်းမှာ နေပါတယ်။ ကျမ်းစာ သင်ခန်းစာတွေကို အခမဲ့ သင်ပေးနေတဲ့အတွက် ဖုန်းဆက်လိုက်တာပါ။ မိတ်ဆွေရဲ့ ကျမ်းစာအုပ်ထဲကနေ ဒီအကြောင်းအရာတွေကို ဆွေးနွေးနိုင်တယ်။ [သွန်သင်ရာ စာအုပ်ရဲ့ အခန်းခေါင်းစဉ် နှစ်ခု၊ သုံးခုလောက်ကို ဖော်ပြပါ။] ဒီအကြောင်းအရာတွေထဲက ဘယ်အခန်းကို စိတ်ဝင်စားပါသလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] အခုပြောပြတာတွေက သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ထဲက ခေါင်းစဉ်တွေ ဖြစ်ပါတယ်။ ဒီစာအုပ်ကို အိမ်လာပို့ပေးချင်တယ်။ အခကြေးငွေ ပေးစရာ မလိုပါဘူး။”

အိမ်ရှင်က တွန့်ဆုတ်နေရင် အခုလို ပြောနိုင်တယ်

◼ “မိတ်ဆွေ စိတ်ဝင်စားတဲ့ အကြောင်းအရာကို အတိုချုပ် ဆွေးနွေးဖို့ နောက်တစ်ခေါက် ဖုန်းဆက်လို့ ရမလား။ ဒီအချိန်ဆို အိမ်မှာ ရှိတတ်သလား။

◼ [ကိုယ်စဉ်းစားမိတဲ့ တင်ဆက်မှုကို ချရေးပါ။]

အိမ်ရှင် အခုလို ပြောရင် . . .

“ခင်ဗျားတို့က ဘယ်အဖွဲ့ကလဲ”

◼ “ကျွန်တော်/မ က ယေဟောဝါသက်သေတစ်ယောက်ပါ၊” ပြီးနောက် တင်ဆက်မှုကို ဆက်ပြောနိုင်တယ်။

“ဒီဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ”

◼ “လမ်းညွှန်စာအုပ်ထဲကပါ၊” ပြီးနောက် တင်ဆက်မှုကို ဆက်ပြောနိုင်တယ်။

“ဒီဖုန်းကို မခေါ်ဖို့ ပြောထားတယ်”

◼ “တစ်ခုခု လိုက်ရောင်းနေတာ မဟုတ်လို့ မခေါ်ဖို့ ပြောထားတဲ့ ဖုန်းနံပါတ်စာရင်း ကျွန်တော့်/မမှာ မရှိပါဘူး၊” ပြီးနောက် တင်ဆက်မှုကို ဆက်ပြောနိုင်တယ်။

ယေဟောဝါသက်သေတွေ နောက်တစ်ခါ ဖုန်းမဆက်ဖို့ အိမ်ရှင်က ပြောလာရင် . . .

◼ “ကျွန်တော်/မ မှတ်သားထားပါ့မယ်။ မိတ်ဆွေရဲ့ ဆန္ဒကို အလေးထားပါတယ်၊” ပြီးနောက် တင်ဆက်မှုကို ဆက်ပြောနိုင်တယ်။ [သူ့နာမည်၊ ရက်စွဲနဲ့တကွ ရပ်ကွက်စာအိပ်မှာ မှတ်သားပါ။]

ဖုန်းဖြေကြားစက်နဲ့ ကြုံတယ်ဆိုရင် . . .

◼ “အိမ်မှာ မတွေ့ရလို့ စိတ်မကောင်းပါဘူး။ ကျွန်တော်/မ နာမည်က . . . ပါ။ . . . ဆိုတဲ့ ကျမ်းဆိုင်ရာ ဟောပြောချက်ကို လာရောက်နားထောင်ဖို့ လိုက်လံ ဖိတ်ခေါ်နေတာပါ။

[နေ့ရက် နဲ့ အချိန်] ......

[လိပ်စာ] ......

အလှူငွေ မကောက်ခံပါဘူး။”

◼ “ကျွန်တော်/မ နာမည်က . . . ပါ။ အိမ်နီးနားချင်တွေဆီ ဖုန်းခေါ်ပြီး သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို လိုက်ပြောပြနေပါတယ်။ နောက်တစ်ခေါက် ဖုန်းခေါ်ပါ့မယ်။”

◼ [ကိုယ်စဉ်းစားမိတဲ့ ဖြေကြားချက်ကို ချရေးပါ]

နိဂုံး-

◼ “ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထပ်ဆင့် အချက်အလက်တွေ ဖော်ပြထားတဲ့ စာပေတစ်ခုရှိပါတယ်။ ဒါကို လာပို့ပေးလို့ ရမလား။ အခကြေးငွေ ပေးစရာ မလိုပါဘူး။”

◼ “စကားပြောလို့ ကောင်းတယ်။ ဒီအကြောင်း နောက်ထပ် ဆွေးနွေးဖို့ ကျွန်တော်/မတို့ ဇနီးမောင်နှံ အိမ်လာလည်လို့ ရမလား။ ဒီမေးခွန်းကို ဆွေးနွေးရအောင်။ . . .”

◼ “စကားပြောလို့ကောင်းတယ်။ နောက်တစ်ခေါက် ဖုန်းဆက်တဲ့အခါ . . . ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျမ်းစာအဖြေကို ဆွေးနွေးရအောင်။ ဒီအချိန် ဖုန်းဆက်ရင် အဆင်ပြေမလား။”

◼ [ကိုယ်စဉ်းစားမိတဲ့ နိဂုံးကို ချရေးပါ။]

အိမ်ရှင်က အိမ်ကိုဖိတ်ခေါ်ဖို့ တွန့်ဆုတ်နေရင် အခုလို ပြောနိုင်တယ်-

◼ “စိတ်ဝင်စားတယ်ဆိုရင် ဒီစာပေကို ပို့ပေးလို့ရပါတယ်။”

◼ “ဒီအကြောင်း ဆက်ဆွေးနွေးဖို့ နောက်တစ်ခေါက် ပြန်ခေါ်လိုက်မယ်။ ဒီအချိန်ဆို အိမ်မှာ ရှိတတ်လား။”

◼ “စကားပြောလို့ကောင်းတယ်။ မိတ်ဆွေကို . . . ဆိုတဲ့ ကျမ်းစာအခြေပြု ဟောပြောချက် လာရောက် နားထောင်ဖို့ ဖိတ်ခေါ်ချင်တယ်။

[နေ့ရက် နဲ့ အချိန်] ......

[လိပ်စာ] ......

အလှူငွေ မကောက်ခံပါဘူး။”

◼ [ကိုယ်စဉ်းစားမိတဲ့ အချက်ကို ချရေးပါ။]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ